သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများ ဆက်လက်လှူဒါန်း

 

ရန်ကုန်    နိုဝင်ဘာ    ၂၂


မြန်မာနိုင်ငံ စာရေးဆရာအသင်း က   ၁၃၈၅  ခုနှစ်   မြန်မာနိုင်ငံ စာဆိုတော်နေ့    အထိမ်းအမှတ် (၃၆)   ကြိမ်မြောက်    သက်ကြီး စာပေပညာရှင် ၂၇၈ ဦးအား ပူဇော် ကန်တော့ရန်အတွက်  စေတနာ ရှင်များကအလှူငွေများ ဆက်လက်  လှူဒါန်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အလှူငွေ ကျပ်  သိန်း ၁၅၀၊ ဒုတိယဗိုလ်ချုပ် ကြီး  ဝေလွင်(ငြိမ်း)  (အမျိုးသား စာပေဆုရ စာရေးဆရာ ဝေလွင် မောင်) - သီရိသုဓမ္မသိင်္ဂီ ဒေါ်ဆွေ ဆွေဦး မိသားစုက အလှူငွေကျပ် ၁၅ သိန်း၊ စာပေပညာရှင် ဆရာ ကြီး ဒေါက်တာသန်းဦး (ပြည်စိုး မင်း) (ဦးသန်းဦးဖောင်ဒေးရှင်း)  က  ငွေကျပ် ၁၀ သိန်း၊ ဦးဇာလီ ဝင်းစော-ဒေါ်ခင်နှင်းဖြူ (ဗိုလ်ချုပ် ဈေး) က ငွေကျပ်သုံးသိန်း၊ ဒဂုံ မြို့သစ်   (အရှေ့ပိုင်း)    မြို့နယ် စာရေးဆရာအသင်းက ငွေကျပ်  ၂၂၀၀၀ဝ၊ ဝဏ္ဏကျော်ထင် ဦးသိုက် ထွန်း-အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်နွဲ့နွဲ့ကြည်    (မိသားစု)     နှင့် စာရေးဆရာ အကြီးကိုကို(ကသာ)တို့က ငွေကျပ်နှစ်သိန်းစီ။


ဆရာဝန်တင်ရွှေ    မိသားစု၊ စာရေးဆရာ ဖိုးကျော့ - ဒေါ်ကြူ ကြူဝင်း၊    ပန်းဘဲတန်းမြို့နယ် စာရေးဆရာအသင်း          ဥက္ကဋ္ဌ ဒေါက်တာစိုးမြင့်အောင် (ဝါးခယ်မ) နှင့် ပန်းဘဲတန်းမြို့နယ် စာရေး ဆရာအသင်းတို့က        ငွေကျပ်  တစ်သိန်းစီ၊ ဒဂုံမြို့သစ် (တောင် ပိုင်း) မြို့နယ်စာရေးဆရာအသင်း နှင့်  မော်လမြိုင်မြို့နယ်  စာရေး ဆရာအသင်းတို့က            ငွေကျပ် ငါးသောင်းစီ၊ ဦးလှမြင့် (လှမြင့်-  ဂန္ဓမာ)၊ မော်လမြိုင်မြို့နယ် စာရေး ဆရာအသင်းဥက္ကဋ္ဌ   ဦးကျော်လင်း        (ကျော်လင်း-ဒိုင်းဝန်ကွင်း)  နှင့်    စာရေးဆရာမ မနွယ် (ကလော) တို့က    ငွေကျပ်     နှစ်သောင်းစီ ဒေါ်ကြည်ကြည်ဝင်းဇော်      (ဒဂုံ ကြည်ဇော်) နှင့်  ဒေါ်ဆွေဆွေဝင်း    (မေစိုးရယ်)   တို့က    ငွေကျပ် တစ်သောင်းစီ   ပေးအပ်လှူဒါန်းကြ ရာ အသင်းဥက္ကဋ္ဌ  ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ အတွင်းရေး မှူး   ဦးညွန့်တင်  (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)   နှင့်   တွဲဖက် အတွင်းရေးမှူး  (၃)   ဦးအောင် ကြည်         (အောင်ကြည်ညွန့်- တက္ကသိုလ်) တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ    ပြန်လည် ပေးအပ်၍     ကျေးဇူးတင်စကား ပြောကြားသည်။


အလှူငွေဖြစ်စေ၊ အလှူပစ္စည်း ဖြစ်စေ လှူဒါန်းလိုပါက မြန်မာ နိုင်ငံ စာရေးဆရာအသင်း၊ အမှတ်  (၁၇၃/၁၇၅)  ပန်းဆိုးတန်းလမ်း (အလယ်)   ကျောက်တံတားမြို့ နယ်၊   ရန်ကုန်မြို့။    ဖုန်း - ၀၁-၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆  သို့ ဆက်သွယ်  လှူဒါန်းနိုင်ကြောင်း သိရသည်။                  

သတင်းစဉ်