ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(ရုံးချုပ်)၊ ဒလသင်္ဘောကျင်းနှင့် မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး

 

ရန်ကုန်    နိုဝင်ဘာ     ၂၂


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး   ဦးအောင်ကျော်ထွန်းသည်   ယနေ့နံနက် ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဒလသင်္ဘောကျင်း သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ကြည့်ရှုစစ်ဆေးစဉ် ဒလသင်္ဘောကျင်း အင်ဂျင် နီယာမှူးကြီးက သင်္ဘောကျင်း၏လုပ်ငန်းဆောင်ရွက်  မှု၊ ဆက်လက်အကောင်အထည်ဖော်မည့် လုပ်ငန်း များနှင့် ရှေးဟောင်းသမိုင်းဝင် ဒီဇယ်ရုံအဆောက် အဦအား ရှေးမူမပျက် ပြန်လည်ပြင်ဆင်နေမှု အခြေ အနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ယခုအခါ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာ သည့်အတွက် ပြည်သူများအနေဖြင့် ကုန်းလမ်းခရီးကို အသုံးများလာကြသော်လည်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအနေဖြင့် သယ်ယူပို့ဆောင်ရေးစရိတ် သက်သာသော ရေလမ်းခရီးဖြင့် သယ်ယူပို့ဆောင် ရေးလုပ်ငန်းများကို      တိုးချဲ့လုပ်ကိုင်သွားနိုင်  အောင်   ကြိုးပမ်းဆောင်ရွက်ကြရန်၊  ရေယာဉ်များ ဘေးအန္တရာယ်  ကင်းရှင်းစွာဖြင့် ခုတ်မောင်းသွား လာနိုင်ရေးအတွက်   လွန်းတင်ပြင်ဆင်မူများကို ပုံမှန်ဆောင်ရွက်သွားရန် မှာကြားပြီး ဒလသင်္ဘော ကျင်း၌   ရေယာဉ်ပြင်ဆင်နေမှု၊  စက်ရုံ၊  အလုပ်ရုံ၊ လွန်းလမ်းများနှင့်  ရှေးဟောင်းသမိုင်းဝင် ဒီဇယ်ရုံ အဆောက်အဦအား ရှေးမူမပျက် ပြန်လည်ပြင်ဆင် နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။


မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး (ရုံးချုပ်)သို့  ရောက်ရှိပြီး ရေယာဉ်ဝန်ထမ်းများနှင့်တွေ့ဆုံကာ လုပ်ငန်းတာဝန် များ    ကျေပွန်စွာထမ်းဆောင်ရေးနှင့်   ဝန်ထမ်း သက်သာချောင်ချိရေးအတွက်  ဆောင်ရွက်ပေးနေ သည့်    အခြေအနေများကို    ရှင်းလင်းပြောကြား သည်။


ထို့နောက် ဒုတိယဝန်ကြီးသည် မြန်မာ့သင်္ဘော ကျင်းလုပ်ငန်းသို့  သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများဆောင်ရွက်ရာတွင်  အချိန်ဇယားများ စနစ်တကျရေးဆွဲပြီး         ဆောင်ရွက်သွားကြရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရန်၊    ကျွမ်းကျင် လုပ်သားများ စဉ်ဆက်မပြတ်ရရှိရန်နှင့် လုပ်ငန်းများ အောင်မြင်အောင်       ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားကာ   တန်ချိန် ၁၂၀၀၀ ရေလုံလွန်းကျင်း၌ လွန်းတင်ပြင်ဆင်နေသည့် လုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေနှင့်  အလုပ်ရုံများကို  လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်