
နေပြည်တော် နိုဝင်ဘာ ၂၂
၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်း ဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C)၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။
ကြည့်ရှုအားပေး
အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ် အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာ ဘရွှေ၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ် သူ/ နည်းပြများ၊ အားကစားသမား များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်း များနှင့် ဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြ သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ယခုပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစား သမား မောင်မယ်များသည် မိမိ တို့ ကိုယ်စားပြုယှဉ်ပြိုင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသင်း အောင်မြင်မှုရရှိရေး အတွက် မိမိတို့၏ အစွမ်းအစ အရည်အသွေးများကို အစွမ်းကုန် ဖော်ထုတ်ပြသပြီး အားကစား စိတ်ဓာတ် အပြည့်အဝဖြင့် ယှဉ်ပြိုင်သွားကြ စေလိုကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် မြန်မာ့ လက်ရွေးစင်အသင်းကို အင်အား ဖြည့်တင်းနိုင်မည့် နိုင်ငံ့ဂုဏ် ဆောင် အားကစားသမားကောင်း များ ဖြစ်လာအောင် ကြိုးစားသွား ကြစေလိုကြောင်း တိုက်တွန်း မှာကြားရင်း ပြိုင်ပွဲကို ဖွင့်လှစ် ပေးလိုက်ကြောင်း ပြောကြား သည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ထို့နောက် ပြည်နယ်နှင့်တိုင်း ဒေသကြီးမှ ပြိုင်ပွဲဝင်အားကစား သမားများက အားကစားသစ္စာ အဓိဋ္ဌာန် ရွတ်ဆိုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် များ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများ သည် ပြိုင်ပွဲဝင်အားကစားအသင်း များမှ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ကြပြီး အမျိုးသားပိုက်ကျော် ခြင်း နှစ်ယောက်တွဲ အဖွဲ့လိုက် ပြိုင်ပွဲ နေပြည်တော်ကောင်စီနှင့် တနင်္သာရီတိုင်းဒေသကြီး အသင်း တို့၏ ယှဉ်ပြိုင်နေမှုကိုလည်း ကောင်း၊ မကွေးတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်နေမှုကိုလည်း ကောင်း၊ အမျိုးသမီး နှစ်ယောက် တွဲ အဖွဲ့လိုက်ပြိုင်ပွဲ မကွေးတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသ ကြီးအသင်းတို့၏ ယှဉ်ပြိုင်နေမှုကို လည်းကောင်း ကြည့်ရှုအားပေးကြ သည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီး များမှ လာရောက်ယှဉ်ပြိုင်ကြ သည့် ပိုက်ကျော်ခြင်းအားကစား သမားများအချင်းချင်း ချစ်ကြည် ရင်းနှီးမှုရရှိပြီး မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်လာစေရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင် စေရေး၊ မြန်မာ့ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်းတိုးတက် မြင့်မားလာစေရေးနှင့် နိုင်ငံကိုယ် စားပြု မျိုးဆက်သစ်အားကစား သမားများ ပေါ်ထွက်လာစေရေး အတွက် ရည်ရွယ်ကျင်းပပေးခြင်း ဖြစ်သည်။
အခမဲ့ကြည့်ရှုနိုင်
၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်း ပြိုင်ပွဲကို နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ ကျင်းပသွားမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများ မှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၄ သင်း၊ အမျိုးသမီးအသင်း ၁၂သင်း၊ အားကစားသမား စုစုပေါင်း ၂၆၂ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်းနှင့် စိတ်ပါဝင်စားသည့် မိဘပြည်သူများအနေဖြင့် အခမဲ့ လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်းစဉ်