
ရွှေဘို နိုဝင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်သည် စပါးသီးနှံကို အဓိကစိုက်ပျိုးသော ခရိုင်တစ်ခု ဖြစ်ရာ နှစ်စဉ် မိုးစပါးစိုက်ဧက သုံးသိန်းကျော် နှင့် ဆည်ရေရရှိသည့်အပေါ် မူတည်၍ နွေစပါးများကို စိုက်ပျိုးလျက်ရှိကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက် ဧကများနှင့် စိုက်ပျိုးသော စပါးမျိုးများမှာ ရွှေဘိုပေါ်ဆန်း စပါး ၂၁၈၃၄၄ ဧက၊ ဧရာမင်း စပါး ဧက ၆၅၇၅၀၊ မနော်ဟရီစပါး ၂၃၆၅၄ ဧက၊ IR-747 စပါး ၁၇၅၃၂ ဧက၊ ရွှေသွယ်ရင် စပါး ၂၁၆၁၇ ဧကနှင့် ဆင်းသုခစပါး ၁၃၂ ဧက၊ စုစုပေါင်း စိုက်ဧက ၃၄၇၀၂၉ ဧက စိုက်ပျိုးထား ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စီမံ ကိန်းစာရင်းအင်းဌာန၏ စာရင်းများအရ သိရသည်။
ရွှေဘိုခရိုင်တွင် မိုးစပါးများကို စိုက်ပျိုး ထားရှိပြီး စိုက်ပျိုးမှုအနေဖြင့် ပျိုးထောင်၍ စိုက်ပျိုးခြင်းနှင့် ကြဲပက်၍ စိုက်ပျိုးခြင်းဟူ၍ နည်းလမ်းနှစ်မျိုးဖြင့် စိုက်ပျိုးကြရာ ပျိုးထောင် စိုက်ပျိုးခြင်း ၂၁၉၅၀၄ ဧကနှင့် ကြဲပက်၍ စိုက်ပျိုးခြင်း ၁၂၇၅၂၅ ဧက စိုက်ပျိုးထားရှိ ကြောင်း၊ ပျိုးထောင်စိုက်ပျိုးရာတွင် ဇွန်လ၌ စတင်ပျိုးထောင်၍ ဇူလိုင်လဆန်းတွင် စတင် စိုက်ပျိုးကြကြောင်း၊ ယခုအချိန်တွင် မိုးစပါး များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စပါးစိုက် တောင်သူဦးကြီးများအနေဖြင့် စပါးအထွက် နှုန်းများ ယခင်နှစ်ထက် ပိုမိုထွက်ရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
DOCA (စစ်ကိုင်း)