
နေပြည်တော် ဇွန် ၂၃
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်သည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာ ထမ်းများ၊ နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်း (AD) လိုင်စင်ရဘဏ် ၄၃ ဘဏ်မှ တာဝန်ရှိသူများနှင့် ယနေ့မွန်းလွဲ ၂ နာရီတွင် ဗီဒီယို ကွန်ဖရင့်ဖြင့် အစည်းအဝေး ပြုလုပ်သည်။
အစည်းအဝေးသို့ AD လိုင်စင် ရဘဏ်များမှ စီမံခန့်ခွဲမှုဆိုင်ရာ အကြီးတန်းအရာရှိများ၊ နိုင်ငံ တကာဘဏ် လုပ်ငန်းဌာနနှင့် ဘဏ္ဍာရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေး ညှိနှိုင်း
အစည်းအဝေးတွင် နိုင်ငံခြား သုံးငွေများ ရောင်းဝယ်ဖောက် ကားသည့် လုပ်ငန်း (AD) လိုင်စင် ရဘဏ်များက နိုင်ငံခြားသုံးငွေ လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ နှင့် စည်းမျဉ်းတို့ပါ ပြဋ္ဌာန်းချက် များကို တိကျစွာလိုက်နာ ဆောင် ရွက်ရန် ကိစ္စရပ်နှင့်စပ်လျဉ်း၍ သာမန်စာရင်းနှင့် ငွေလုံးငွေရင်းစာရင်းပိုင်းဆိုင်ရာ လွှဲပြောင်း ပေးချေမှုများ၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု (FDI)အတွက် ရင်းနှီးငွေ ယူဆောင်လာခြင်း (Capital Brought-in)၊ ပြည်ပချေးငွေ (Offshore Loan) ဆိုင်ရာကိစ္စရပ် များ၊ ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း ရှိ/မရှိ စိစစ်သည့် ကိစ္စရပ်များနှင့် နိုင်ငံ ဖြတ်ကျော် ငွေလွှဲပြောင်းပေး ချေမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။
သတင်းစဉ်