လှိုင်မြို့နယ်၌ ရေယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး

 

နေပြည်တော်  နိုဝင်ဘာ  ၂၁


ရန်ကုန်တိုင်းဒေသကြီး     လှိုင်မြို့နယ်၌ နိုဝင်ဘာ ၂၀ ရက်က ရေယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၀  ရက်  နံနက် ၈ နာရီတွင် ကြည့်မြင်တိုင်မြို့နယ် အေးရွာ သမ္ဗန်ဆိပ်မှ   လှိုင်မြို့နယ်    ဘူတာရုံသမ္ဗန် ဆိပ်သို့      ရန်ကုန်မြစ်ကြောင်းအတိုင်း ကြည့်မြင်တိုင်မြို့နယ်  အေးရွာရပ်ကွက်နေ ဦးအောင်ရွှေ(၅၅)နှစ်မောင်းနှင်ပြီး ဇလွန် မြို့နယ် ကလောကျေးရွာနေ ပြည့်အောင်(၁၇)နှစ်လိုက်ပါလာသော   သမ္ဗန်ရေယာဉ်သည် မြဝတီဆိပ်ကမ်းရှေ့အရောက်၌  ကြည့်မြင်တိုင် ဘက်မှ  ဘုရင့်နောင်တံတားဘက်သို့ ဇလွန် မြို့နယ် သဖန်းကုန်းကျေးရွာနေ မင်းအောင် (၄၂)နှစ်မောင်းနှင်သည့် ရွှေဝါထွန်း(၄) တွန်း/တွဲရေယာဉ်မှ    ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးအောင်ရွှေတွင် ဒဏ်ရာများရရှိကာ သေဆုံး သွားခဲ့သောကြောင့် မင်းအောင်အား သက်ဆိုင် ရာ ရဲစခန်း၌ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။


(ရဲပြန်ကြား)