မိုင်းတုံမြို့၌ ဂက်(စ်)မီးဖိုဖြင့် ထမင်းချက်ရာမှ မီးလောင်မှုဖြစ်ပွားပြီး နှစ်ထပ်ဈေးဆိုင်ခန်း ၁၈ ခန်း မီးလောင်ဆုံးရှုံး

 

နေပြည်တော်  နိုဝင်ဘာ  ၂၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့နယ် တွင် နိုဝင်ဘာ  ၂၀ ရက်က  ဂက်(စ်)မီးဖို ဖြင့် ထမင်းချက်ရာမှ မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။ 


ဖြစ်စဉ်မှာ    နိုဝင်ဘာ   ၂၀  ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မိုင်းတုံမြို့ မြို့မရပ်ကွက်  မြို့နယ်အားကစားကွင်း တိုက်တန်း၊    အခန်းအမှတ်(၅)နေ စိုင်းခမ်းမိုး(ခ)စိုင်းပီး(၃၉)နှစ် ၏ နေအိမ်၌ မီးလောင်မှုဖြစ်ပွားကြောင်း  သတင်းအရ မိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှ   ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ      မီးသတ် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မီးသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ အုပ်ချုပ်မှုယာဉ် ငါးစီးတို့ဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ   မွန်းလွဲ  ၁ နာရီ မိနစ် ၂၀ တွင်  မီးငြိမ်းသွားခဲ့၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ  စိုင်းခမ်းမိုး(ခ)စိုင်းပီးသည် ဆိုင်ခန်းအနောက်  အောက်ထပ်မီးဖိုခန်း အတွင်း  ဂက်(စ်) မီးဖိုဖြင့်  ထမင်းချက် ရာမှ      မီးကူးစက်လောင်ခဲ့ခြင်းဖြစ်ပြီး    မီးလောင်မှုကြောင့်    နှစ်ထပ်ဈေးဆိုင်ခန်း ၁၈      ခန်း      မီးလောင်ပျက်စီးဆုံးရှုံး  ခဲ့သဖြင့်      စိုင်းခမ်းမိုး   (ခ)  စိုင်းပီးအား မိုင်းတုံမြို့မရဲစခန်း   (ပ)  ၁၉/ ၂၀၂၃၊  ရာဇသတ်ကြီးပုဒ်မ    ၂၈၅    ဖြင့် အမှုဖွင့်အရေးယူထားကြောင်း  သတင်း ရရှိသည်။


(ရဲပြန်ကြား)