
ရန်ကုန် နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်တွင် ၂၀၂၃ ခုနှစ် စက်မှု ထုတ်ကုန်ပစ္စည်း၊ စက်ယန္တရား နည်းပညာပြပွဲ၊ တန်ဆောင်တိုင်ဈေးရောင်းပွဲနှင့် မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များမှ လုပ်ငန်းရှင်များ၊ အသေး စား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းရှင် များ၏ ထုတ်ကုန်အရောင်းပြခန်းများ၊ ဆန်၊ ဆီ အရောင်းဆိုင်များ။ အခြားတိုင်းဒေသကြီး/ ပြည်နယ် များမှ လာရောက်ရောင်းချသော ထုတ်ကုန်ပစ္စည်း အရောင်းပြခန်းများ အပါအဝင် ဆိုင်ခန်းပေါင်း ၄၅၅ ခန်းကျော် ပြသရောင်းချမည်ဖြစ်သည်။
အဆိုပါ ပွဲတော်ကျင်းပနိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃) ၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာ စကားပြောကြားရာ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်း ညွှန်ချက်နှင့် အညီ နိုင်ငံတော်၏ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက် အောင် စီးပွားရေး ဦးတည်ချက် များ ချမှတ်ပြီး အသေးစား၊ အငယ် စားနှင့် အလတ်စား MSME လုပ်ငန်းရှင်များကို လိုအပ်သော ငွေကြေး အရင်းအနှီး၊ နည်းပညာ ရရှိရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက် ရရှိရေး လိုအပ်သော အထောက် အပံ့များ ဆောင်ရွက်ပေးပြီး ပြည်တွင်း ထုတ်ကုန်များနှင့် ပြည်ပသွင်းကုန် အစားထိုး ထုတ်ကုန်များကို အားပေးမြှင့်တင် ရန်၊ ပို့ကုန်ကဏ္ဍ မြှင့်တင်ရေး အတွက် ပြည်တွင်းထုတ်ကုန်များ ကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြား ခဲ့ကြောင်း၊ အဆိုပါ လမ်းညွှန်ချက် များအပေါ် အထောက်အကူဖြစ် စေမည့် ကဏ္ဍတစ်ရပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း ယခုလိုပြပွဲများ ကျင်းပပေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီ မင်းက လုပ်ငန်းကဏ္ဍများအလိုက် ကော်မတီဖွဲ့စည်းဆောင်ရွက်မည့် အခြေအနေများကို လည်းကောင်း၊ အခမ်းအနားပြင်ဆင်ရေးနှင့် စီစဉ် ရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးတင်မောင်ကြည်က ပွဲတော် ကျင်းပနိုင်ရေး ဆိုင်ခန်းများ နေရာ ချထားမှုနှင့် ပြင်ဆင်ဆောင်ရွက် မည့် အစီအစဉ်များကို လည်း ကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍများ အလိုက် ပြင်ဆင် ဆောင်ရွက်ထားရှိမည့် အခြေအနေများကို ရှင်းလင်း တင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်စကား ပြောကြားသည်။
ပွဲတော်ရက်များ အတွင်း နေ့စဉ် E-Sport Game ပြိုင်ပွဲများ၊ စတုဒိသာ ကျွေးမွေးခြင်းများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနှင့် ဟာသ ပညာရှင်များ၏ ဖျော်ဖြေတင်ဆက် မှုများ၊ Circus ၊ မျက်လှည့်၊ Dancer များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ မီးရှူးမီးပန်းပစ်ဖောက်မည့် အစီ အစဉ်များကို ကြည့်ရှုခံစားနိုင်ကြ မည်ဖြစ်ပြီး ပွဲတော်လာပြည်သူ များ သွားရေးလာရေး လွယ်ကူစေ ရန် အကြို/အပို့ကားများ စီစဉ် ထားရှိပေးထားကြောင်း သိရ သည်။
ဆန်းကျော်ဦး(ပြန်/ဆက်)