“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တိုက်ပွဲရှောင်ပြည်သူများအား ဆန်နှင့်စားသောက်ကုန်များ ထောက်ပံ့ပေးအပ်

 

ဟိုပန်  နိုဝင်ဘာ ၂၁


“ဝ”   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့      ဥက္ကဋ္ဌ ဦးညီနပ်သည်    တာဝန်ရှိသူများ နှင့်အတူ  ယမန်နေ့က  ပန်လုံမြို့တွင် ရောက်ရှိနေသော     တိုက်ပွဲရှောင် ပြည်သူများအား   ဆန်နှင့်  စား သောက်ကုန်ပစ္စည်းများ ထောက်ပံ့ ပေးအပ်သည်။


ပန်လုံမြို့  အထကကျောင်း၊ ရှုခင်းသာ   သာသနာပြုကျောင်း၊ ယွန်းကျောင်းသို့  သွားရောက်၍ ဟိုပန်မြို့နယ်မှ    တိုက်ပွဲရှောင် ရောက်ရှိနေသော   ပြည်သူများ ကို  အားပေးစကားပြောကြားပြီး သံဃာ ခုနစ်ပါး၊ သီလရှင်  အပါး ၈၀ နှင့် ပြည်သူ ၆၁၂ ဦးတို့ကို ဆန် ၈၇ အိတ်၊  ဆီ  ၂၈ ဖာနှင့် ငါးဘူး၊ ကြက်ဥ ၂၂ ဖာ နှင့်  ငါးကတ်တို့ကို ထောက်ပံ့ပေးသည်။


အလားတူ    ဟိုပန်မြို့နယ်ရှိ မုန်းကွန်ကျေးရွာ၊  နမ့်ပီးကျေးရွာ တို့တွင် ရောက်ရှိနေသော တိုက်ပွဲ ရှောင်ပြည်သူများအား   ဆန်နှင့် စားသောက်ကုန်        ပစ္စည်းများ ထောက်ပံပေးခဲ့ကြောင်း    သိရ သည်။ 


ပန်လုံ(ပြန်/ဆက်)