
မန္တလေး နိုဝင်ဘာ ၂၁
မန္တလေးမြို့အခြေစိုက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ် ဝန်ချုပ်ရုံးနှင့် မန္တလေးမြို့ ယူနန် ဗုဒ္ဓဘာသာ ဘုရားကျောင်းတို့ ပူးပေါင်း၍ မန္တလေးမြို့ရှိ လူမှုရေး အသင်းအဖွဲ့များသို့ ဆန်၊ ဆီနှင့် ပဲများ လှူဒါန်းပွဲကို နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းက ချမ်းမြသာစည် မြို့နယ် ၇၃လမ်း မင်္ဂလာမန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံး ရှေ့၌ ကျင်းပသည်။
ရှေးဦးစွာ ကောင်စစ်ဝန်ချုပ်ရုံး မှ ဒုတိယကောင်စစ်ဝန် မစ္စတာ Mr. Zhang Wei နှင့် ယူနန်ဗုဒ္ဓ ဘာသာဘုရားကျောင်း ဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးတင်ထွန်းတို့က လှူဒါန်းရခြင်း အကြောင်း ရှင်းလင်းပြောကြားပြီး ချမ်းမြ သုခ လူမှုရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်မျိုးထိုက်က ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ဒုတိယကောင်စစ် ဝန်ချုပ်နှင့် ယူနန်ဗုဒ္ဓဘာသာ ဘုရားကျောင်းဂေါပကအဖွဲ့ဥက္ကဋ္ဌ တို့က နားမကြားသော ကလေးများ ကျောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးကျောင်း၊ အမျိုးသမီး ကလေးများ သင်တန်းကျောင်း၊ အမျိုးသမီး သက်မွေးအတတ် ပညာသင်ကျောင်း၊ ကလေးပြုစု ရေးဌာန၊ YGW ပုသိမ်ကြီးမိဘမဲ့ ကျောင်း၊ YGW မိဘမဲ့ကျောင်း (စက်မှုဇုန်_၂)၊ ဧရိပ်မွန်မိဘမဲ့ ကျောင်း၊ ငါးစို့တိုက်မိဘမဲ့ ကျောင်း၊ ချမ်းမြသာယာဘိုးဘွား ရိပ်သာ၊ ချမ်းမြသုခဂိလာန ဘိုးဘွားရိပ်သာ၊YGW ထူးမတောင် ဘိုးဘွားရိပ်သာနှင့် မန်းတောင် ခြေ ဘိုးဘွားရိပ်သာ စုစုပေါင်း အသင်းအဖွဲ့ ၁၃ခုတို့ကို ၂၄ ပြည် ဝင် ဆန်အိတ်ပေါင်း ၆၉၅ အိတ်၊ ဆီ ပိဿာ ၂၃၇၀၊ ၁၃ ပိဿာဝင် ကုလားပဲအိတ် ၂၅၅အိတ်နှင့် ၁၃ ပိဿာဝင် မြေထောက်ပဲ ၁၃၃ အိတ် စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်း ၁၀၀၀ ကျော်ကို ပေးအပ် လှူဒါန်းကြရာ သက်ဆိုင်ရာ အသင်းအဖွဲ့များ၊ သင်တန်း ကျောင်းများက လက်ခံရယူကြ ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ထို့နောက် ဒုတိယကောင်စစ် ဝန်ချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနား တက်ရောက်လာကြ သူများနှင့်အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်သည်။
အခမ်းအနားသို့ တရုတ် ကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိ သူများ၊ ယူနန်ဗုဒ္ဓဘာသာဘုရား ကျောင်း ဂေါပကအဖွဲ့ဝင်များ၊ တရုတ် - မြန်မာချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးပိုမြင့်နှင့် အသင်း ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ မှ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင် များ၊ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ သင်တန်းကျောင်း နှင့် ပြုစုရေးဌာနတို့မှ ကျောင်းအုပ် ကြီးများ၊ ဝန်ထမ်းများ၊ ဖိတ်ကြား ထားသူများနှင့် မီဒီယာများ တက်ရောက်ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)