ကျောင်းသား၊ ကျောင်းသူများ၏ အချက်အလက်ပေးပို့ရမည်ဟူသောထုတ်ပြန်ချက်မှာ အတုဟု သိရ

 

တက္ကသိုလ်၊    ဒီဂရီကောလိပ်၊   ကောလိပ်များရှိ တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၌ စစ်သင်တန်း တက်ရောက်ဖူးသည့်   ကျောင်းသား၊   ကျောင်းသူ များ၏ အချက်အလက်များပေးပို့ရန်    အကြောင်း ကြားသည်ဆိုသော   ထုတ်ပြန်ချက်မှာ  အတုသာ  ဖြစ်ကြောင်း     ပညာရေးဝန်ကြီးဌာနက    သိရ သည်။


လူမှုကွန်ရက်တွင် နိုဝင်ဘာလ ၁၇ ရက် ရက်စွဲ ဖြင့် အဆိုပါ ထုတ်ပြန်ချက်တစ်စောင်  ထွက်ပေါ်ခဲ့ သည့်အပေါ်   ပညာရေးဝန်ကြီးဌာနက အတုဖြစ် ကြောင်း ပြန်လည်ထုတ်ပြန်ခြင်းဖြစ်သည်။


အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံတော်လုံခြုံရေး အခြေအနေအရ   တက္ကသိုလ်၊   ဒီဂရီကောလိပ်၊ ကောလိပ်များ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်(UTC)များတွင်      စစ်သင်တန်းတက်ရောက်ဖူးသည့် ကျောင်းသား၊  ကျောင်းသူများ၏   အချက်အလက် များကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်ရုံးသို့  ဒီဇင်ဘာလ (၁၇)ရက် နောက်ဆုံးထားပေးပို့ရန် အကြောင်းကြားထား ကြောင်း ဖော်ပြထားသည်။


“သတင်းအတုကို    အတုမှန်းသိတာတောင် အကွက်ချပြီး  သိက္ခာမရှိတဲ့ အကြမ်းဖက်အားပေး မီဒီယာတွေက ရေးနေကြတယ်၊ ထုတ်လွှင့်နေကြ တယ်။ အဲဒီလို အကြောင်းအရာကို ယုံတဲ့သူတွေက ရှိတယ်။   ဒါကြောင့်    ကျွန်တော်ပြောချင်တာက သတင်းအတုကို ဖန်တီးပြီး ထုတ်လွှင့်နေတာတွေကို တန်ပြန်လုပ်ဖို့ သင့်ပါတယ်။ အခုဆိုရင် ဒီသတင်းက အားလုံးသိပြီးပြီ။ အဲဒါပြီးမှ ဝန်ကြီးဌာနက မဟုတ် ဘူး၊  အဲဒါက အတုဆိုပြီး ထုတ်တာမျိုး  လုပ်တာ နောက်ကျနေတယ်။  သတင်းတုတွေကို ပြန်ပြီး တုံ့ပြန်ဖို့   စီစဉ်သင့်ပါတယ်”  ဟု  လူမှုကွန်ရက် အသုံးပြုသူတစ်ဦးက ပြောသည်။


Myo Khine