
နေပြည်တော် နိုဝင်ဘာ ၁၈
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေ ဗိမာန်က ကြီးမှူးကျင်းပသည့် ၂ဝ၂၂ ခုနှစ်အတွက် စာပေဗိမာန်စာမူ ဆုပြိုင်ပွဲတွင် ဆုရရှိသော စာမူများနှင့် စာရေးဆရာများ၏ အမည် စာရင်းကို စာပေဗိမာန်စာမူဆုစိစစ်ရွေးချယ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ကြေညာသည်။
ဆုများရရှိ
ဝတ္ထုရှည်ဆုတွင် ပထမဆုကို တက္ကသိုလ်မြမဉ္ဇူ၏ တောင်ဇလပ် ပန်းတို့လန်းပါစေ၊ ဒုတိယဆုကို ရဲမင်းစိုး၏ အဖေ့အရိပ်များ၊ တတိယ ဆုကို ဝတ်ရည်ခင်(ပဲခူး)၏ ဝတ်မှုန်ကူးချိန် စာမူများက လည်းကောင်း၊ ဝတ္ထုတိုပေါင်းချုပ်ဆုတွင် ပထမဆုကို တင်တော်၏ “တုမဲ့နှုန်း၍ ရွှေဘုန်းမော်နိုင်ပါစေ” နှင့် ဝတ္တုတိုများ စုစည်းမှု၊ ဒုတိယဆုကို နိုင်မျိုး သစ္စာ(နမ္မတူ)၏ ကမ္ဘာဆုံးတိုင်မုန်းနေမည် ဝတ္တုတိုများ၊ တတိယဆုကို မင်းလပြည့်(ဟားခါး)၏ နွံထဲက ပန်းရွှေကြာနှင့် အခြားဝတ္တုတိုများ စာမူများကလည်းကောင်း၊ ကဗျာပေါင်းချုပ်ဆုတွင် ပထမဆုကို ဘုန်းမြင့်ချို (သာယာဝတီ)၏ ပိုးကိုက်ရာကင်း ပန်းတစ်ခင်းကဗျာများ၊ ဒုတိယဆုကို လုလင်(မှော်ဝန်းမြေ)၏ ဘဝပုံရိပ်ကဗျာများနှင့် အခြား ကဗျာများ၊ တတိယဆုကို မြတ်ဘုန်း (တပ်ကုန်း)၏ နှလုံးလှအမေရဲ့ဇာတ်စင်နှင့်အခြားကဗျာများ စာမူများကလည်းကောင်း၊ သုတ ပဒေသာ (ဝိဇ္ဇာ)ဆုတွင် ပထမဆုကို ယဉ်ယဉ်မွန်(ရှေးဟောင်းသုတေသန)၏ မြို့တည် နန်းတည်ကေတုမတီ (တောင်ငူ)၊ ဒုတိယဆုကို မောင်မောင် ချစ်ဦး(မုံရွာ)၏ မြန်မာ့မြေပေါ်မှ ပြည်ပစစ်သင်္ချိုင်းများ၏ သမိုင်း ပုံရိပ်များ၊ သုတပဒေသာ(ရိုးရိုးသိပ္ပံနှင့်အသုံးချသိပ္ပံ)ဆုတွင် ဒုတိယဆု ကို မခင်ကြီးမောင်(သတ္တဗေဒ)၏ ငှက်သဘာဝ ထိန်းသိမ်းကြ သာစွဌာနေ တို့မြန်ပြည်၊ တတိယဆုကို လှဆန်း(စိုက်ပညာရှင်)၏ စပျစ်စိုက်ပျိုးထုတ်လုပ်မှု နည်းပညာနှင့် သတင်းအချက်အလက်များ ကလည်းကောင်း၊ စာပဒေသာဆုတွင် ပထမဆုကို နေဇင် (ပေါက်ခေါင်း)၏ မြောက်ပိုင်းဒေသ ဘဝမှတ်တမ်း၊ ဒုတိယဆုကို အောင်ဘ(အုတ်ဖို)၏ လူဆိုးပြေးတော့ လူကောင်းရောက်ပြီ၊ တတိယ ဆုကို မျိုးမြင့်ကြိုင်(သင်)၏ အမ်းမြို့သို့ရက်ပေါင်း(၁၀၀)နှင့် အမြင် အတွေးများဖြင့် ခရီးသွားခြင်း စာမူများကလည်းကောင်း၊ မြန်မာ့ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဆုတွင် ပထမဆုကို စောပုလဲ မယ်၏ ရွှေတိဂုံစေတီတော် ခေါင်းလောင်းတော်များ၊ ဒုတိယဆုကို တင့်ထွန်း(ချောက်) ၏ သားကလှေယာဉ် ဖခင်လှေမှူး၊ တတိယဆုကို ကွမ်ဆာသန်းနိုင်(ကတူး)၏ နာမည်မှည့်ခေါ်ပုံစနစ်များ စာမူများက လည်းကောင်း၊ ကလေးစာပေဆုတွင် ပထမဆုကို သက်ဦးခင်၏ မြန်မာ့ရတနာကလေးကဗျာများ၊ ဒုတိယဆုကို အင်ကြင်းမေ၏ ပန်း ကလေးများ ပွင့်တော့မည်နှင့်ကလေးကဗျာများ၊ တတိယဆုကို ခိုင်ချစ်အောင်၏ ညီနောင်သုံးဖော်နှင့်ကလေးကဗျာများ စာမူများက လည်းကောင်း၊ လူငယ်စာပေဆုတွင် ပထမဆုကို ဆောင်းချစ်၏ ချယ်ရီလက်ဆောင် ပန်းလက်ဆောင်၊ ဒုတိယဆုကို နိုက်၏ ပေးချင်တဲ့ အမွေနှင့် အခြားစာစုများ၊ တတိယဆုကို ယဉ်မင်း(ပန်းတောင်း)၏ ရွှေရနံ့နှင့် အခြားလူငယ်ဝတ္တုတိုများ စာမူများက လည်းကောင်း၊ နိုင်ငံရေးစာပေဆုတွင် တတိယဆုကို ခင်ဧ(စက်မှု)၏ သူ့ကျွန်မခံ လိုကြသူများ စာမူက လည်းကောင်း၊ ပြဇာတ်စာပေဆုတွင် ပထမဆု ကို သျှင်မိုးခင်(ယဉ်ကျေးမှုတက္ကသိုလ်)၏ ခိုင်ရွှေညှာနွဲ့ မာလာမှုန် စာမူကလည်းကောင်း၊ ဘာသာပြန် စာပေဆုတွင် သုတေသီမောင်ဟန် ၏ ရာသီဥတုပြောင်းလဲမှု စာမူကလည်းကောင်း၊ အင်္ဂလိပ် စာပေဆု တွင် ပထမဆုကို Khin Maung Myint ၏ Memoirs of an Old Sailor စာမူကလည်းကောင်း ရရှိကြသည်။
စာပေဗိမာန်စာမူဆုများကို ပထမဆု ၁၅ သိန်း၊ ဒုတိယဆု ၁၀ သိန်း၊ တတိယဆု ၇ သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ်
စာပေဗိမာန်စာမူဆုများကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများ ပါဝင်သော ပုဂ္ဂိုလ် ၁၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ၂ဝ၂၂ ခုနှစ် ပြိုင်ပွဲသို့ တင်သွင်းလာသော စာမူ ၂၇၇ စောင်ကို သက်ဆိုင် ရာ ဘာသာရပ်အလိုက် ခွဲခြားကာ ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြုအဆင့်ဟူသော အဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ် ခဲ့ကြကြောင်း သိရှိရသည်။
ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန်ရှိ စာပေဗိမာန် စာမူဆုစိစစ်ရွေးချယ်ရေးအဖွဲ့ အတွင်းရေး မှူး ရုံးအဖွဲ့ တယ်လီဖုန်းအမှတ် ၀၁-၃၈၇၇၂၄ နှင့် စီမံရေးရာဌာန ၀၁-၃၈၁၄၄၉ သို့ အမြန်ဆုံး ဆက်သွယ်ကြရန်နှင့် (၅ x ၇)လက်မ ရောင်စုံဓာတ်ပုံ နှစ်ပုံနှင့် ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံနှစ်ပုံစီကို ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်နှင့်တကွ (ကြေညာသည့်ရက်မှ တစ်ပတ်အတွင်း) ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရသည်။
အဆိုပါ ဆုများကို ၁၃၈၅ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် (စာဆို တော်နေ့)၊ ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက် (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပ ပြုလုပ်မည့် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
၂ဝ၂၃ခုနှစ်အတွက် စာမူပြိုင်ပွဲဝင်လိုသူများအနေဖြင့် စာမူများကို ၃၁-၁၂-၂၀၂၃ ရက်နေ့ နောက်ဆုံးထား၍ စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရှိရသည်။
သတင်းစဉ်