ဥပဒေအရအရေးယူနိုင်ရန် ဖမ်းဝရမ်းထုတ်ဆင့်ထားရှိသည့် တရားခံ လေးဦးအနက် သုံးဦးကို ဖမ်းဆီးရမိ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့လွှဲပြောင်း

 

နေပြည်တော်     နိုဝင်ဘာ   ၁၆


ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှုများ၊ လူကို သွေးဆောင် ဖြားယောင်းမှုများ၊ လူပြန်ပေးမှုများ၊  တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှုများကို ဂိုဏ်းဖွဲ့  ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေးကူညီခြင်းများကို ကျူးလွန်နေသော Ming Xuechang (မြီ‌ရှောက်ချန်း)၊ Ming Guoping(မြီကော်ဖျင်း)(ခ)Ming Xiaoping (မြီရှောက်ဖျင်း)၊ Ming Julan (မြီကျွီလန်) နှင့် Ming Zhenzhen(မြီကျိန်းကျိန်း)တို့ကို ဥပဒေအရအရေးယူရန်အတွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်းကို သတင်း ထုတ်ပြန်ထားရှိပြီးဖြစ်သည်။
အဆိုပါ ဖမ်းဝရမ်းထုတ်ထား သူများအနက်  Ming Xuechang (မြီ‌ရှောက်ချန်း)၊  Ming Guoping (မြီကော်ဖျင်း)(ခ)Ming Xiaoping (မြီရှောက်ဖျင်း)နှင့် Ming Zhen-zhen (မြီကျိန်းကျိန်း)       တို့ကို  ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လောက်ကိုင်မြို့၌ ဖမ်းဆီး ရမိခဲ့သည်။ ၎င်းတို့အား ဖမ်းဆီး စဉ် Ming Xuechang(မြီ‌ရှောက် ချန်း) သည်  ၎င်းတရားမဝင်ကိုင် ဆောင်ထားရှိသည့်ပစ္စတိုသေနတ်  ဖြင့် မိမိကိုယ်ကို ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသ မှုခံယူစဉ်  သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ အထက်ပါ ဖမ်းဆီး ရမိသူများအား   တရားဥပဒေအရ အရေးယူနိုင်ရေးအတွက်  ယနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ ခန့်တွင် မြန်မာ - တရုတ်နယ်စပ်ရှိ ရန်လုံ ကျိုင်း နယ်စပ်ဂိတ်၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ    တာဝန်ရှိသူများက  တရုတ်ပြည်သူ့       သမ္မတနိုင်ငံ ယူနန်ပြည်နယ်     ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိ ရပြီး Ming Xuechang(မြီ‌ရှောက် ချန်း)   ၏    ရုပ်အလောင်းအား တရုတ်နိုင်ငံဘက်သို့ ယူဆောင် သွားခြင်းမရှိဘဲ လိုအပ်သည်များ စစ်ဆေးအတည်ပြုမှုများ ဆောင် ရွက်ခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်အစိုးရ  အနေဖြင့် နိုင်ငံတစ်ဝန်း Online  လိမ်လည် မှုများ၊       လူကို     သွေးဆောင် ဖြားယောင်းမှုများ၊  လူပြန်ပေးမှု များ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှုများကို ဂိုဏ်းဖွဲ့ကျူးလွန်ခြင်း၊ ကျူးလွန် ရန်အားထုတ်ခြင်း၊   အားပေး ကူညီခြင်းများကို  ကျူးလွန်ခြင်း များ    ပပျောက်စေရေး၊    ပါဝင် ပတ်သက်မှုများ  မရှိစေရေးတို့ အတွက်   သက်ဆိုင်ရာ   တရား ဥပဒေစိုးမိုးရေးအဖွဲ့များက စိစစ် ဖော်ထုတ်အရေးယူ ဆောင်ရွက်မှု များ ပြုလုပ်လျက်ရှိသည်။ ထို့ပြင် သက်ဆိုင်ရာ   အိမ်နီးချင်းနိုင်ငံ များနှင့်လည်း  စဉ်ဆက်မပြတ် ဆက်သွယ်၍ တက်ကြွစွာပူးပေါင်း ဆောင်ရွက်လျက်         ရှိကြောင်း သတင်းရရှိသည်။      

သတင်းစဉ်