
နေပြည်တော် ဇွန် ၂၂
ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာ၌ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်တက်လာသည့်အတွက် လတ်တလော ရောဂါတွေ့ရှိမှု မြင့်မားလာသော ပြည်နယ်/ တိုင်းဒေသကြီးများတွင် ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ ပိုမိုအဆင်ပြေ ချောမွေ့စွာ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေးကို ခေါ်ယူရခြင်း ဖြစ်ပါကြောင်း။
ဖြန့်ဖြူးပေးလျက်ရှိ
လက်ရှိအချိန်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဆေးနှင့် ဆေး ပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများ အလုံ အလောက် ကြိုတင်ပြင်ဆင် စုဆောင်းထားရှိနိုင်ကာ လိုအပ်သောဒေသများသို့ အချိန်နှင့် တစ်ပြေးညီ ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ကိုဗစ်- ၁၉ ရောဂါနှင့် ပတ်သက်ပြီး ပြည်သူများအနေဖြင့် စုံစမ်းမေးမြန်း လိုသည်များ မေးမြန်းနိုင်စေရန် COVID- 19 Call Center ကို နေပြည်တော်တွင် စတင်ဖွင့်လှစ်ပြီး ဖြေကြားဆောင်ရွက်ပေးနေပြီ ဖြစ်ပါကြောင်း၊ လတ်တလောတွင် တိုင်းဒေသကြီး၊ ပြည်နယ်များ၌ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် ဖြတ်ကျော်ခရီးသွား လာမှုများတွင် ရောဂါစောင့်ကြပ်ကြည့်ရှုစစ်ဆေး ခြင်း၊ သံသယလူနာများအား ဓာတ်ခွဲနမူနာများ ရယူ စစ်ဆေးခြင်းနှင့် အသွားအလာ ကန့်သတ်ခြင်းများ ဆောင်ရွက်ရန်တို့ကို ရောဂါဖြစ်ပွားမှု အခြေအနေ အပေါ်မူတည်၍ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန် ဆောင်ရွက်လျက်ရှိပါကြောင်း။
တတ်နိုင်သမျှခွဲဝေထမ်းဆောင်
RT-PCR နည်းဖြင့် ကိုဗစ်- ၁၉ ရောဂါအား ဓာတ်ခွဲစစ်ဆေးနိုင်မည့် ဓာတ်ခွဲခန်းများ တိုးချဲ့ ဆောင်ရွက်လာနိုင်သည့်အပြင် ပြည်သူ့ဆေးရုံများ အပြင် ပုဂ္ဂလိကကဏ္ဍ၊ တပ်မတော်ဆေးရုံများနှင့် လည်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်- ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်များကို စနစ်တကျ စီမံခန့်ခွဲကာ ရှိရင်းစွဲ ဝန်ထမ်းအင်အားများကို စုစည်းပြီး လုပ်ငန်းတာဝန် များကို တတ်နိုင်သမျှ ခွဲဝေထမ်းဆောင်ကြရမည် ဖြစ်ပါကြောင်း။
ပြည်သူ့ဆေးရုံများ၊ ကုသရေးစင်တာများ၊ အသွားအလာ ကန့်သတ်ထိန်းချုပ်သည့် နေရာများ တွင် လူနာများ၏ ရောဂါပြင်းထန်မှုနှင့် ကုသရေး ဆိုင်ရာ လိုအပ်ချက်အပေါ် မူတည်၍ ကျန်းမာရေး ဝန်ထမ်းများကို လုပ်ငန်းတာဝန်များ ခွဲဝေချထား ပေးရမည် ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းများ၊ မြန်မာ နိုင်ငံ ကျန်းမာရေးမှူးအသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အစရှိသည့် အဖွဲ့အစည်းများနှင့် လည်း ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
ကြိုတင်ပြင်ဆင်ထားရမည်
ပြည်သူ့ဆေးရုံများ၊ ကုသရေးစင်တာများတွင် အောက်ဆီဂျင်အလုံအလောက် ရရှိသုံးစွဲနိုင်ရေး တိုင်းဒေသကြီး၊ပြည်နယ်များအလိုက် အခြေအနေ ပေါ်မူတည်၍ ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်ပါ ကြောင်း။
အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် မထိုးနှံခဲ့သော လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်း များတွင်လည်း ကာကွယ်ဆေးထပ်မံထိုးနှံပေးမည် ဖြစ်ပါကြောင်း၊ Stay at Home သတ်မှတ်ထားသော မြို့နယ်များနှင့် အခြားဒေသများအကြား ကူးလူး သွားလာနိုင်သည့် လမ်းကြောင်းများရှိ ဒေသများတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ပိုမို တင်းကျပ်စွာ အထူးဂရုပြု ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
အထူးအားဖြည့်ဆောင်ရွက်
ပြည်သူ့ကျန်းမာရေးကဏ္ဍမှ ကျန်းမာရေးအသိ ပညာ မြှင့်တင်ခြင်း၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ ပိုမို အားဖြည့်ဆောင်ရွက်ပြီး ဓာတ်ခွဲနမူနာ တိုးမြှင့်ရယူ စစ်ဆေးနိုင်မှသာ ကုသရေးကဏ္ဍ ပြည်သူ့ဆေးရုံ များတွင် တက်ရောက်ဆေးကုသရမှုနှင့် ဖြစ်ပွား သေဆုံးမှု လျှော့ချနိုင်မည်ဖြစ်ပါ၍ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို အထူးအားဖြည့် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ပြည်သူ များကြား ကိုဗစ်- ၁၉ ရောဂါနှင့် ပတ်သက်သည့် မှန်ကန်သောသတင်းများ ထုတ်ပြန်နိုင်ရေး၊ ပြည်သူ့ ဆေးရုံများနှင့် ကုသရေးစင်တာများတွင် လူနာများ အား စနစ်တကျ လက်ခံကုသနိုင်ရေး ပြင်ဆင်ထားရှိ ရေးတို့နှင့် ပတ်သက်ပြီး ဆွေးနွေးပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသော တိုင်းဒေသ ကြီး/ ပြည်နယ်များက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရောဂါဖြစ်ပွားမှု၊ ဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့ကလည်း ပြည်ထောင်စုနယ်မြေ နေပြည်တော် သို့ ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ဝင်ရောက်လာသည့် ပြည်သူ များအား နေပြည်တော်အဝင် ဒက္ခိဏသီရိမြို့နယ် စီလမ်းဆုံစစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးစစ်ဆေး ဆောင်ရွက်နေမှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။ သတင်းစဉ်