နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ သတင်းဌာနများ၏ တွေ့ဆုံမေးမြန်းမှုများကို လက်ခံဖြေကြား

နေပြည်တော် မတ် ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ပြည်သူ့ ကောင်စီဥက္ကဋ္ဌနှင့် သမ္မတ၏ သတင်းပြန်ကြားရေးဆိုင်ရာ အကြံ ပေးပုဂ္ဂိုလ်ဖြစ်သူ Mr.Pavel GUSEVနှင့် ရုရှားနိုင်ငံမှ သတင်း ဌာနများအား နေပြည်တော်ရှိ ဆင်ဖြူတော်ဧည့်ရိပ်သာ၌ သီးခြား စီ လက်ခံတွေ့ဆုံ၍ သိရှိလိုသည့် မေးမြန်းချက်များကို ဖြေကြား ခဲ့သည်။

ထိုသို့တွေ့ဆုံမေးမြန်းရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းဆောင်ရွက် နေမှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့်အခြေအနေများ၊ ရုရှား-မြန်မာ စီးပွားရေးပူးပေါင်းဆောင် ရွက်မှုများကို ဆက်လက်မြှင့်တင် ဆောင်ရွက်နိုင်မည့် အခြေအနေ များ၊ COVID-19 ရောဂါ ကာကွယ် တားဆီး ကုသရေးနှင့် ပတ်သက်၍ ဆက်လက်လုပ်ဆောင်သွားမည့် အခြေအနေများနှင့် အခြားသိရှိလို သည့်မေးမြန်းမှုများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည့်ပြည့်စုံစုံ ရှင်းလင်းဖြေကြား ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်