
နေပြည်တော် မတ် ၂၁
COVID-19 ရောဂါ ဖြစ်ပေါ်မှု အခြေအနေများကြောင့် ဗုဒ္ဓ ဘာသာ ဘုရားစေတီများ အပါ အဝင် သက်ဆိုင်ရာ ဘာသာများ အလိုက် ဘာသာရေးကျောင်းများ အား ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များ ယာယီ ရပ်ဆိုင်းထားရှိရာမှ COVID-19 စည်းမျဉ်း စည်းကမ်း များနှင့်အညီ စိတ်အေးချမ်းသာစွာ ဖူးမြော်၊ ဝတ်ပြု၊ ကြည်ညို တရား ဘာဝနာပွားများနိုင်ရေးအတွက် ဖေဖော်ဝါရီ ၈ ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။
ထိုသို့ ပြန်လည်ဖွင့်လှစ် ထားရှိရာ ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင် တော်မြတ်ကြီး၊ နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးတို့ အပါအဝင် ပြည်နယ် နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူး လာ သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များနှင့် မိဘ ပြည်သူများသည် COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော်ကြည်ညို ကုသိုလ်ယူ လျက်ရှိကြသည်။
ထို့ပြင် နိုင်ငံတစ်ဝန်းရှိ အစ္စလာမ်ဘာသာရေး ကျောင်းများ၊ ခရစ်ယာန် ဘာသာရေးကျောင်း များနှင့် ဟိန္ဒူဘာသာရေးကျောင်း များကိုလည်း သက်ဆိုင်ရာ ဘာသာများအလိုက် အများ ပြည်သူ ဝတ်ပြုကြည်ညိုနိုင်ရေး အတွက် COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖွင့်လှစ် ထားရှိရာ သက်ဆိုင်ရာဘာသာဝင် များက စည်းမျဉ်းစည်းကမ်းများ နှင့်အညီ စိတ်အေးချမ်းသာစွာ လာရောက် ဝတ်ပြုလျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်