အယ်နီညိုရာသီဥတု အကျိုးသက်ရောက်မှုများအပေါ် ဆည်မြောင်းနှင့် ရေအသုံးချမှုကဏ္ဍ၏ ကြိုတင်စီမံဆောင်ရွက်မှု လုပ်ငန်းညှိနှိုင်းစည်းဝေး

 

နေပြည်တော်   စက်တင်ဘာ ၂၇


အယ်နီညိုရာသီဥတု       အကျိုး သက်ရောက်မှုများအပေါ်    ဆည် မြောင်းနှင့်   ရေအသုံးချမှုကဏ္ဍ၏ ကြိုတင်စီမံဆောင်ရွက်မှု  လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို    ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး    အစည်း အဝေးခန်းမ၌ ကျင်းပရာ ဒုတိယ ဝန်ကြီး          ဦးဗိုလ်ဗိုလ်ကျော်၊ ဆည်မြောင်းနှင့်       ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန    ညွှန်ကြား ရေးမှူးချုပ်နှင့်     ဦးစီးဌာနများမှ တာဝန်ရှိသူများ    တက်ရောက် ကြပြီး    တိုင်းဒေသကြီး၊ ပြည်နယ် ဆည်မြောင်းနှင့်     ရေအသုံးချမှု စီမံခန့်ခွဲရေး     တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့်     တက်ရောက် ကြသည်။
အစည်းအဝေးတွင်     ဒုတိယ ဝန်ကြီးက    အယ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့်      မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေနှင့်  သောက်သုံးရေပေး ဝေမှု          လုပ်ငန်းစဉ်များအပေါ် သက်ရောက်မှု    လျော့ပါးစေရန်၊ Flash Flood ကဲ့သို့  မိုးသည်းထန် စွာ    ရွာသွန်းမှုကြောင့်     ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ပါက ထိခိုက် မှု သက်သာစေရန်အတွက်  ဒေသ အလိုက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်း များ    ဆောင်ရွက်နိုင်ရန်   ယနေ့ အစည်းအဝေးကို    ကျင်းပရခြင်း ဖြစ်ကြောင်း၊   အယ်နီညို    အား အကောင်းဆုံး    ဖြစ်ပေါ်နိုင်သော ကာလမှာ   နွေရာသီကာလဖြစ်၍ မြန်မာနိုင်ငံ၏ အပူချိန်အမြင့်မား ဆုံးကာလနှင့်  တိုက်ဆိုင်နေသဖြင့် မြေပေါ်ရေကန်များ  ဆောလျင်စွာ ခန်းခြောက်ခြင်း၊  မြေအောက်ရေ မျက်နှာပြင်   လျင်မြန်စွာ  နိမ့်ကျ ခြင်းတို့    ဖြစ်ပေါ်လာနိုင်ကြောင်း။
စိုက်ပျိုးရေများ     ကြိုတင် သိုလှောင်ရေး၊  ရေကို  အလဟဿ မဖြစ်စေဘဲ         အလေအလွင့် နည်းနည်းနှင့် အကျိုးရှိထိရောက် စွာ    သုံးစွဲနိုင်ရေး၊    စိုက်ပျိုးရေး အတွက် ရေအရင်းအမြစ်များ ရှာဖွေ ရေး၊   အပူဒဏ်နှင့် မိုးခေါင်ရေရှား ဒဏ်ခံနိုင်သည့်    သီးနှံမျိုးများ      ပြောင်းလဲစိုက်ပျိုးရေး၊ ရေလိုအပ် ချက်     နည်းပါးသည့်      သီးနှံကို   ပြောင်းလဲစိုက်ပျိုးခြင်း၊ ရာသီဥတု အခြေအနေနှင့်      လိုက်လျော ညီထွေဖြစ်မည့်     သီးထပ်ပုံစံများ  စိုက်ပျိုးနိုင်ရေးနှင့်      သီးနှံ၏ အနည်းဆုံး  ရေလိုအပ်ချက်ကိုသာ ထိထိရောက်ရောက်  အသုံးပြုစိုက် ပျိုးခြင်း၊ ဒေသအလိုက်ရေသောက်    ဧရိယာများအလိုက် စိုက်ပျိုးရေကို စနစ်တကျသုံးစွဲရန်    သင့်တော် ထိရောက်သည့်  ရေပေးဝေမှုစနစ်၊  ရေရယူအသုံးပြုမှုစနစ်များကို   ရေ အသုံးပြုသူတောင်သူများ၊ ရေပေး ဝေသူများနှင့်  စိုက်ပျိုးရေးပညာ ရှင်များအကြား  ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။(အပေါ်ပုံ)
ရာသီဥတု  ပြောင်းလဲလာမှုနှင့် အတူ      ကမ္ဘာ့ဒေသအသီးသီး၌ အယ်နီညိုဖြစ်စဉ်၏ အကျိုးဆက် များ     စတင်သက်ရောက်လျက် ရှိပြီး    ပညာရှင်များ၏   ခန့်မှန်း ချက်အရ           ယခုနှစ်နှောင်းပိုင်း တွင်     အယ်နီညို၏      အကျိုး သက်ရောက်မှု ပိုမိုသိသာလာမည် ဖြစ်သောကြောင့်  အရှေ့တောင် အာရှနိုင်ငံများနှင့်  ဒေသအချို့တွင် ပုံမှန်မဟုတ်သော    ရာသီဥတုမျိုး နှင့်    ရင်ဆိုင်ရနိုင်ကြောင်း။ 
မြန်မာနိုင်ငံအနေဖြင့်  အယ်နီ ညိုဖြစ်စဉ်၏    သက်ရောက်မှုများ အပေါ်တွင်    အထူးအလေးထား စောင့်ကြည့်လျက်ရှိပြီး    ကြိုတင် ပြင်ဆင်ရေးလုပ်ငန်းများ   ဆောင် ရွက်လျက်ရှိကာ   အယ်နီညိုရာသီ ဥတုအခြေအနေတွင်   မိုးရွာသွန်း ရက်      လျော့နည်းတိုတောင်းခြင်း၊ ဆောင်းကာလ     အအေးဓာတ် လျော့နည်းခြင်း၊ နွေရာသီတွင် ပို၍ ပူပြင်းခြောက်သွေ့ခြင်းတို့    ဖြစ် ပေါ်ပြီး    အယ်နီညိုအားကောင်း ပါက  အပူလွန်ကဲခြင်း၊   အပူလှိုင်း ဖြတ်ခြင်းတို့အပြင်   သာမန်ထက် ပို၍   ရှည်ကြာမည့်နွေကာလကို ဖြတ်သန်းရနိုင်သည်။    လက်ရှိ ကာလတွင်      အယ်နီညိုဖြစ်စဉ် အား   စောင့်ကြည့်နေရခြင်းဖြစ်၍ အားကောင်းလာပါက  အပူချိန်မြင့် တက်မှုကြောင့်   သောက်သုံးရေ နှင့်    စိုက်ပျိုးရေးရေ  ရှားပါးခြင်း များ ကြုံတွေ့နိုင်မှုကို  အောင်မြင် စွာ   ကျော်ဖြတ်နိုင်ရန်    ကြိုတင် ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ   စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာနရှိ လယ်ယာကဏ္ဍ၊  သားငါးကဏ္ဍနှင့် ဆည်ရေကဏ္ဍတာဝန်ရှိသူ ဒုတိယ ဝန်ကြီးများ   ဦးဆောင်၍   သီးနှံ စိုက်ပျိုးမှုနှင့် သားငါးထုတ်လုပ်မှု များ       လျော့ကျမှု   မရှိစေရေး၊ ဆည်ရေလှောင်တမံများ၏ လက်ရှိ ရေ  ခန့်မှန်းဝင်ရေအပေါ်  မူတည် ၍   စိုက်ပျိုးဧက   မလျော့နည်းစေ ရေး၊ သောက်သုံးရေ လုံလောက်စွာ ပေးဝေနိုင်ရေးအတွက်    စည်ပင် သာယာရေးအဖွဲ့များ၊  ကျေးလက် ဒေသ    ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအပါအဝင် ဆက်စပ်ဌာနများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။  

သတင်းစဉ်