လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးယာဉ်အတွက် အားသွင်းစက်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

 

နေပြည်တော်  စက်တင်ဘာ  ၂၇


အမျိုးသားအဆင့်    လျှပ်စစ်သုံး ယာဉ်နှင့်   ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး    ဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာ သော  တရုတ်နိုင်ငံထုတ်  Leap-motor T03  အမျိုးအစား လျှပ်စစ် သုံးမော်တော်ယာဉ်များ၊Auto Top Power Co., Ltd. မှ တင်သွင်းလာ သော   တရုတ်နိုင်ငံထုတ်   Faw Toyota    bZ4X    အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Dongfeng Motor Corporation Ltd. မှ တင်သွင်းလာသော တရုတ် နိုင်ငံထုတ်  Faw  Toyota  bZ4X  အမျိုးအစား  လျှပ်စစ်သုံးမော်တော် ယာဉ်များနှင့် Myanmar ArrThit Man Motor Co., Ltd.မှ တင်သွင်း လာသော      တရုတ်နိုင်ငံထုတ် CJNOO  အမှတ်တံဆိပ် လျှပ်စစ် သုံးယာဉ် အားသွင်းစက်များသည်   ရန်ကုန်ဆိပ်ကမ်းသို့    ရောက်ရှိ လာသဖြင့်   ယနေ့တွင်   လုပ်ထုံး လုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြု ခဲ့ကြောင်း သိရသည်။

သတင်းစဉ်