ခရီးသွားလုပ်ငန်းကို စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများတွင် အရေးပါသည့်လုပ်ငန်းအဖြစ် အလေးထားဆောင်ရွက်သကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများလည်း ပြည်တွင်း၊ ပြည်ပခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်နေ

 

နေပြည်တော်  စက်တင်ဘာ   ၂၇


၂၀၂၃ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့  အထိမ်း အမှတ်အခမ်းအနားကို     ယနေ့    နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်း ရှင်း (ဗဟိုဌာန-၂)၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာ စကား ပြောကြားသည်။


တက်ရောက်


အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊   ကာကွယ်ရေးဦးစီးချုပ်ရုံးမှ    အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊    နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ  နိုင်ငံခြားသံရုံးများမှ  သံအမတ်ကြီးများ၊ ဝန်ကြီးဌာနများမှ      အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊   အမျိုးသားခရီးသွား လုပ်ငန်း     ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင် ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များနှင့် ပုဂ္ဂလိက ခရီးသွားအဖွဲ့အစည်း   ကိုယ်စားလှယ်များ၊    ၂၀၂၃ ခုနှစ်  ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့   အထိမ်းအမှတ် ပြိုင်ပွဲများတွင်  ဆုရရှိကြသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


အဖွဲ့ဝင်နိုင်ငံများတွင်ပြုလုပ်လျက်ရှိ


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြား ရာတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ်  စက်တင်ဘာ  ၂၇   ရက်၌ ကမ္ဘာတစ်ဝန်းမှ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အဖွဲ့ဝင်နိုင်ငံများတွင်   ပြုလုပ်လျက်ရှိပြီး  ခရီးသွား လုပ်ငန်း၏     အရေးပါမှုနှင့်     ခရီးသွားလုပ်ငန်းနှင့် 
ဆက်စပ်ပြီး ရရှိနိုင်သည့် လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံ ရေးနှင့်   စီးပွားရေးဆိုင်ရာ   အကျိုးကျေးဇူးများကို ပိုမိုသိရှိနားလည်နိုင်စေရန် ဖြစ်ပါကြောင်း။


နှစ်အလိုက်သတ်မှတ်ပြီးကျင်းပပြုလုပ်ခဲ့


ထိုသို့ကျင်းပပြုလုပ်ရာတွင်    ခရီးသွားလုပ်ငန်း ၏    ဖြစ်ပေါ်ပြောင်းလဲမှုများကို    ထင်ဟပ်စေရန် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေနှင့် ကိုက်ညီသည့်     ဆောင်ပုဒ်များကို    နှစ်အလိုက် သတ်မှတ်ပြီး   ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့၏ ဦးတည် ဆောင်ပုဒ်အဖြစ် “ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အစိမ်း ရောင်ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ပေး”   “Tourism and Green Investments”  ကို  သတ်မှတ်ထားပါ ကြောင်း။


ထိခိုက်ဆုံးရှုံးမှု များစွာဖြစ်ပေါ်စေခဲ့


၂၀၂၀  ပြည့်နှစ်မှစတင်ပြီး  ကမ္ဘာတစ်ဝန်း  ပျံ့နှံ့ ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါ၏  အကျိုး သက်ရောက်မှုများသည်     ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် စီးပွားရေး၊ အသက်မွေးဝမ်းကျောင်း မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် ထိခိုက်ဆုံးရှုံးမှု များစွာဖြစ်ပေါ်စေခဲ့ပါကြောင်း၊ ကမ္ဘာ့ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းဇယားများအရ ခရီးသွားကဏ္ဍမှ  အလုပ်အကိုင်ဖန်တီးမှုသည် ၇၀ ရာခိုင်နှုန်းကျော်  ကျဆင်းသွားခဲ့သကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည်  ၂၀၁၉  ခုနှစ်တွင်  အမေရိကန် ဒေါ်လာ ၄၈ ဒသမ ၅ ဘီလီယံမှ ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီယံထိ ကျဆင်းသွားခဲ့သည်ဟု သိရှိရပါကြောင်း။


ရင်းနှီးမြှုပ်နှံရန် လိုအပ်နေ


ခရီးသွားလုပ်ငန်းကဏ္ဍသည်   အလုပ်အကိုင်  အခွင့်အလမ်းဖန်တီးပေးမှုတွင်   ဦးဆောင်နေရာမှ ရပ်တည်နေသည့်   စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါ ကြောင်း၊  ၂၀၁၉  ခုနှစ်တွင်   ကမ္ဘာပေါ်တွင်ရှိသည့် လုပ်သားဦးရေ ၁၀ ဦးလျှင် တစ်ဦးက ခရီးသွားလုပ်ငန်း ကဏ္ဍတွင်     ဝင်ရောက်လုပ်ကိုင်နေသူများဖြစ်ပြီး အမျိုးသမီးနှင့်လူငယ်များအတွက်    အလုပ်အကိုင် ဖန်တီးပေးနိုင်မှုအခွင့်အလမ်းလည်း များစွာမြင့်မား ပါကြောင်း၊ သို့သော် အချို့သောအလားအလာရှိသည့် ခရီးစဉ်ဒေသများတွင် ခရီးသွားလုပ်ငန်းနှင့် ပတ်သက် သည့် အတတ်ပညာများ သင်ကြားနိုင်မှုအခွင့်အလမ်း နည်းပါးခြင်းကြောင့် လူငယ် ၅၀ ရာခိုင်နှုန်းခန့်သည် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်ရန် အတွက် အဟန့်အတားဖြစ်နေသည်ကို တွေ့ရှိရပါ ကြောင်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်း များအရ လာမည့် ၂၀၃၀ ပြည့်နှစ်အထိ တစ်နှစ်လျှင် အလုပ်အကိုင်ပေါင်း ၈ သိန်းကျော်အတွက် အသက် မွေးဝမ်းကျောင်းသင်တန်းများတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်နေသည်ကို   သိရှိရပါကြောင်း၊  ထို့ကြောင့် ခရီးသွားလုပ်ငန်း   ရေရှည်တိုးတက်ရန်  ပြည်သူများ အတွက် ရင်းနှီးမြှုပ်နှံကြရန် အရေးကြီးသည့်ကဏ္ဍ တစ်ရပ်အနေဖြင့်သတ်မှတ်ထားခြင်းဖြစ်သည်ကို သက်ဆိုင်သူများက အလေးထားကြရန်လိုပါကြောင်း။
ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်စေသည့် ခရီးသွားလုပ်ငန်းဖော်ဆောင်နိုင်ရန် ခရီးသွားလုပ်ငန်း ဆိုင်ရာ အခြေခံအဆောက်အဦများကို တည်ဆောက် ရာ၌ သဘာဝသယံဇာတများကို အကျိုးရှိစွာအသုံးပြု ပြီး စွမ်းအင်ချွေတာရေး နည်းလမ်းများနှင့် ဆောင်ရွက် သည့်  အစိမ်းရောင်အဆောက်အဦများ   ဖွံ့ဖြိုးရေး လုပ်ငန်းများတွင်    ရင်းနှီးမြှုပ်နှံကြရန်   လိုအပ်ပါ ကြောင်း။


တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်


ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို   တိုက်ရိုက်အထောက်အကူပြုခြင်း၊ နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ လူထုလူတန်းစား အသီးသီးထံသို့ ဝင်ငွေများတိုက်ရိုက်နှင့် သွယ်ဝိုက် သောနည်းလမ်းများနှင့် စီးဝင်စေခြင်း စသည့်အကျိုး ကျေးဇူးများစွာရရှိစေနိုင်သည့်   မီးခိုးမထွက်သည့် စက်ရုံ (Smokeless Industry) တစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့်လည်း  ခရီးသွားလုပ်ငန်းကို   စက်မှုဖွံ့ဖြိုး ပြီးနိုင်ငံများတွင်     အရေးပါသည့်လုပ်ငန်းအဖြစ် အလေးထားဆောင်ရွက်သကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများ လည်း   ပြည်တွင်း၊    ပြည်ပခရီးသွားကဏ္ဍဖွံ့ဖြိုး တိုးတက် ရေးအတွက် အလေးထားဆောင်ရွက်နေကြ သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ တည်ငြိမ်အေးချမ်း မှုရှိခြင်းသည်  ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေသောကြောင့်    နိုင်ငံဖွံ့ဖြိုး တိုးတက်ရန်အတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။


မိမိတို့နိုင်ငံတွင် သဘာဝတရားကြီးက ပေးထား သည့် အကြီးမားဆုံးလက်ဆောင်ဖြစ်သည့် မြေပေါ်၊ မြေအောက်   သဘာဝသယံဇာတအရင်းအမြစ်များ ပေါကြွယ်ဝသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ အလားတူ  အဖိုးမဖြတ်နိုင်သည့်  ယဉ်ကျေးမှုအမွေ အနှစ် များစွာရှိပါကြောင်း၊ အဆိုပါသဘာဝအရင်း အမြစ်  ယဉ်ကျေးမှုအမွေအနှစ်များကို  အခြေခံပြီး ခရီးစဉ်ဒေသနှင့်    ခရီးသွားဆွဲဆောင်မှုများအဖြစ် ဖော်ထုတ်ပြီး ဖိတ်ခေါ်ပြသသည့် ခရီးသွားလုပ်ငန်းကို ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း။


ယနေ့အချိန်အခါ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များ     လျော့နည်းလာပြီး     ကမ္ဘာ့နိုင်ငံအသီးသီးက ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းများ  ပြန်လည် ဆောင်ရွက်လာကြပြီဖြစ်ပါကြောင်း၊ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၏   စာရင်းများအရ  ၂၀၂၃  ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ပထမသုံးလပတ်ကာလ၌ ကမ္ဘာလှည့်ခရီးသည်   ၂၃၅   သန်း   ဝင်ရောက်ခဲ့ပြီး ယခင်နှစ်အလားတူ ကာလထက် ၂ ဆ၊ ကိုဗစ်-၁၉ ကပ်ရောဂါ မတိုင်မီကာလ၏  ၈၀  ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီး တိုးတက်မှုရှိသည်ကို သိရပါကြောင်း။


၆  ဆခန့် တိုးတက်လာ


မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်မှ စတင်ကာ       နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်စတင်ပြေးဆွဲခွင့်ပြုခဲ့ပြီး ကမ္ဘာလှည့် e-visa ကို မေလ ၂၀ ရက်က စတင်ခွင့်ပြုပေးခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင်  ပြည်ပနိုင်ငံအသီးသီးမှ  လေဆိပ်၊ ရေဆိပ်နှင့်နယ်စပ်    စသည့်နိုင်ငံတကာဝင်ပေါက် အသီးသီးမှ နိုင်ငံတကာခရီးသွား စုစုပေါင်း  နှစ်သိန်း ကျော် ဝင်ရောက်ခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ်ကထက် ၄၃ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့သည်ကို တွေ့ရှိရပါ ကြောင်း၊ ယခုကဲ့သို့ ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ နိုင်ငံတကာ ခရီးသွားဧည့်သည် ခြောက်သိန်းကျော်  ဝင်ရောက်ခဲ့ ပါကြောင်း၊ အလားတူကာလနှင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက ယခင်နှစ်က တစ်သိန်းကျော်သာဝင်ရောက် ခဲ့သည့်အတွက်   ၆  ဆခန့်   တိုးတက်လာခဲ့သည်ကို တွေ့ရှိရပါကြောင်း။


နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေးပြန်လည် ဦးမော့လာစေရန် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိ သည့်နေရာတွင် နိုင်ငံ၏စီးပွားရေးကို  အထောက် အကူပြုစေမည့် ခရီးသွားလုပ်ငန်းကိုလည်း အလေး ထားဆောင်ရွက်သွားကြရန်     လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက   ပြည်တွင်း၊  ပြည်ပခရီးသွားများ တိုးတက်လာစေရန် မဟာဗျူဟာလုပ်ငန်းစီမံချက် များ  ရေးဆွဲဆောင်ရွက်ထားသည်ကို   တွေ့ရှိရပါ ကြောင်း၊ ထို့ကြောင့် ယခုနှစ်တွင် မြန်မာနိုင်ငံကို ခရီးသည်ရောက်ရှိမှု ပိုမိုတိုးတက်များပြားလာမည် ဖြစ်သည့်အပြင် မကြာတော့သည့် ကာလတစ်ခု၌ ခရီးသွားလုပ်ငန်းသည် ကိုဗစ်-၁၉ မတိုင်မီကာလ အခြေအနေကို     ပြန်လည်ရောက်ရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း။


 “ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အစိမ်းရောင်ရင်းနှီး မြှုပ်နှံမှုများမြှင့်တင်ပေး” ဆိုသည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်ဆောင်ပုဒ်နှင့် အညီ  မြန်မာနိုင်ငံ၏  အနာဂတ်ခရီးသွားလုပ်ငန်း စနစ်တကျနှင့်     ရေရှည်တည်တံ့စေရန်အတွက် အားလုံးလက်တွဲညီညီဆောင်ရွက်ကြပါဟု ခရီးသွား လုပ်ငန်း ဆောင်ရွက်သူများအားလုံးကို တိုက်တွန်းပါ ကြောင်း ပြောကြားသည်။


ယင်းနောက်  ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ်၏   သတင်းစကား ရုပ်သံဗီဒီယိုကို ကြည့်ရှုကြသည်။


ဆုများပေးအပ်ချီးမြှင့်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့အထိမ်းအမှတ်  ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဦးအောင်မြတ်မင်း၊ ဒုတိယဆုရရှိ သည့် ဦးမြင့်သန်း(ကျောက်ဆည်)နှင့် တတိယဆုရရှိ သည့် ဦးကျော်ဇာမင်းတို့ကို ဆုများပေးအပ်ချီးမြှင့် သည်။


ဆက်လက်၍   ကောင်စီတွဲဖက်အတွင်းရေးမှူး က      ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်  ဆောင်းပါးနှင့်   ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသူများကိုလည်းကောင်း၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက  ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အခြေခံပညာအဆင့် စာစီစာကုံး ပြိုင်ပွဲတို့တွင်  ဆုရရှိသည့်  ကျောင်းသား၊  ကျောင်းသူ များကို ဆုများပေးအပ်ချီးမြှင့်သည်။


ယင်းနောက်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည်  ဆုရရှိသူများနှင့်အတူ   မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   အခမ်းအနား တက်ရောက်လာကြသူများသည် ၂၀၂၃ ခုနှစ်  ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့     အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် များရှိ ခရီးစဉ်ဒေသအလိုက် ပြခန်းများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ပြသထားသည့်ပြခန်းများနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ပြခန်းများကို စိတ်ပါဝင်စား စွာဖြင့်     လှည့်လည်ကြည့်ရှုခဲ့ကြောင်း   သတင်း ရရှိသည်။                                                 

သတင်းစဉ်