
ချောင်းသာကမ်းခြေ၌ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွင့်လှစ်ခြင်းအခမ်းအနား တက်ရောက်
နေပြည်တော် မတ် ၂၁
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန် နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့သို့ ရောက်ရှိ ကာ တိုင်းဒေသကြီးအတွင်း ခရီး သွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဧရာဝတီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် တွေ့ဆုံသည်။
များစွာအကျိုးရှိမည်
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ အနေဖြင့် ပြည်သူများ စိတ်လက်ပေါ့ပါး ချမ်းမြေ့စွာ ခရီးသွားလာအပန်း ဖြေနိုင်ရေးအတွက် အထူးအလေး ထားသဖြင့် ပြည်တွင်းခရီးသွား လုပ်ငန်းကို အမြန်ဆုံးဖွင့်လှစ်နိုင် ရေး ညွှန်ကြားထားရှိပြီးဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်း ဟိုတယ် နှင့်ခရီးသွားလုပ်ငန်း ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန် အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီတို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင် ရန်အတွက် လာရောက်တွေ့ဆုံ ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသ ကြီးအတွင်း ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ ပြန်လည်ဖွင့်လှစ် ခြင်းဖြင့် နိုင်ငံတော်၊ လုပ်ငန်းရှင် များနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးအတွက် များစွာအကျိုးရှိမည် ဖြစ်ပါကြောင်း၊ ဟိုတယ်နှင့်ခရီး သွားလုပ်ငန်းများ ပြန်လည် ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ် ပြန်ထားသည့် ကိုဗစ်-၁၉ သတ်မှတ် စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အတွင်း ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ပေး နိုင်ရေး၊ ခရီးသွားဧည့်သည်များ နှင့် အဓိကထိတွေ့သည့် ဟိုတယ် ဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ဦးစားပေးထိုးနှံ ပေးနိုင်ရေးနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေးသည်။
အရှိန်အဟုန်မြှင့်ဆောင်ရွက်
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ချောင်းသာကမ်းခြေ သို့ ရောက်ရှိပြီး Azura Beach Resort အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ ဒုတိယဥက္ကဋ္ဌနှင့် တာဝန် ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ နှင့် ဟိုတယ်များမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံပြီး ချောင်းသာ ကမ်းခြေတွင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင် ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက် နိုင်ရန်အတွက် လာရောက်ခြင်း ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း သည် နိုင်ငံ၏ ပုံရိပ်ဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားကဏ္ဍသည် နိုင်ငံတော်၏ သံတမန်အငယ်စား ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း သည် နိုင်ငံခြားဝင်ငွေရရှိ သည့် လုပ်ငန်းဖြစ်သည်နှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုလည်း များစွာအထောက်အကူ ဖြစ်ပါ ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းသွားသဖြင့် ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်နေသည့် လုပ်ငန်းနယ်ပယ်များသည်လည်း များစွာ ထိခိုက်နစ်နာ ခဲ့ရပါ ကြောင်း။
ဝန်ကြီးဌာန အနေဖြင့် ဟိုတယ်များအား ပိတ်သိမ်းရန် ညွှန်ကြားထားခြင်းမရှိဘဲ ကိုဗစ်-၁၉ သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရန် ညွှန်ကြားထားရှိပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် စည်းမျဉ်းစည်းကမ်းများနှင့် နိုင်ငံတကာခရီးသွားအဖွဲ့အစည်း များ၏ လမ်းညွှန်ချက်များကို ပေါင်းစပ်ပြီး Enchanting Myanmar Health and Safety Protocols (HSP) ကို ရေးဆွဲ ထုတ်ပြန်၍ ယင်းအစီအစဉ်အရ ဟိုတယ်များရှိ ဝန်ထမ်းများကို သင်တန်းများ ပေးခြင်းနှင့် စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေး ပြီး အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဟိုတယ်များ ပြန်လည်ဖွင့်လှစ် ရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ ဖွင့်လှစ်ပြီး လာရောက် တည်းခိုသည့် ခရီးသွားဧည့်သည် များကို ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးဆိုင်ရာများကို အထူးအလေး ထားလိုက်နာနိုင်ရေး အသိပေး ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း၊ ချောင်းသာကမ်းခြေတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း များ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ၊ လုပ်ငန်းရှင်များနှင့် ဒေသခံ ပြည်သူများ အားလုံးဝိုင်းဝန်း ကူညီပူးပေါင်း ဆောင်ရွက်ပေးစေ လိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင် မောင်ကျော်က ဆွေးနွေးရာ တွင် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်တွင်းခရီးသွား လုပ်ငန်းကို ဦးစားပေးဆောင်ရွက် ရာတွင် အများဆုံး လာရောက် လည်ပတ်နိုင်ရန် ဒေသဖြစ်သည့် ချောင်းသာကမ်းခြေ ခရီးစဉ်ကို ဦးစားပေး ဆောင်ရွက်သွားမည့် အခြေအနေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လိုက်နာ ဆောင်ရွက်ရမည့်အချက် Vers-ion 2.0 နှင့်အညီ စစ်ဆေးပြီးဖြစ် သည့် ဟိုတယ်များ ဖွင့်လှစ်နိုင်ရေး အကြောင်းကြားထားရှိမှု၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီး ကမ်းခြေသာယာလှပရေးအတွက် ဆက်လက် ဆောင်ရွက်သွားရန် နှင့် လက်ရှိကာလအခြေအနေအရ ခရီးသွားဧည့်သည်နှင့် ဝန်ထမ်း များ၏ လုံခြုံရေးအတွက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားပြီး တွေ့ဆုံပွဲ သို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဦးအေးမြင့်၊ မြန်မာ နိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဟိုတယ်များဖွင့်လှစ်နိုင်ရေးအတွက် အဖွဲ့စုံ ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့မှု၊ နိုင်ငံတော်မှ ချေးငွေဆိုင်းငံ့ထား ရှိမှုနှင့် ထပ်မံရရှိနိုင်ရေးကိစ္စရပ် များကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ရှင်းလင်းဆွေးနွေး ပြောကြား သည်။
ပြင်ဆင်ဆောင်ရွက်
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ချောင်းသာကမ်းခြေ Azura Beach Resort ၌ ကျင်းပ သည့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း များဖွင့်လှစ်ခြင်းအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး (ဝဲပုံ) တက်ရောက် လာသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် ကာ Azura Beach Resort ကို ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ငွေဆောင်ကမ်းခြေ သို့ ရောက်ရှိပြီး Aureum Palace Hotel တွင် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် ဟိုတယ်ဇုန်မှ တာဝန်ရှိသူများကို ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရးအတွက် လိုအပ်သည်များကို တွေ့ဆုံ မှာကြားခဲ့ပြီး Aureum Palace Hotel ကို ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ပြန်လည် ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင် ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်