နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ နေပြည်တော်အုတ်စက်ရုံ(မင်းကုန်း)၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၂၀ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ နေပြည်တော်အုတ်စက်ရုံ (မင်းကုန်း) သို့ သွားရောက်ကာ စက်ရုံ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ရှင်းလင်းတင်ပြ  ထိုသို့ ကြည့်ရှုစဉ် ဌာနကြီးမှူး ဦးစိုးဟန်နှင့် စက်ရုံမှူး ဦးကျော်ဆန်းထွန်းတို့က နေပြည်တော် အုတ်စက်ရုံ(မင်းကုန်း)၏ ကုန်ထုတ်လုပ်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများ၊ စက်ရုံ၏ သမိုင်းအကျဉ်းနှင့် ဖွဲ့စည်းတည်ဆောက်ပုံတို့ကို ရှင်းလင်းတင်ပြသည်။ ထို့နောက် နေပြည်တော်အုတ်စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ စက်ရုံမှူးနှင့် ဒုတိယ စက်ရုံမှူးများက အုတ်စိမ်း/အုတ်ကျက်ထုတ်လုပ်နေမှုများကို ရှင်းလင်းပြသပြီး မြို့တော်ဝန်က လုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်