ကမ္ဘာ့ဘဏ်၏ ဖွံ့ဖြိုးမှုအကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၁၉ ကမ္ဘာ့ဘဏ် (World Bank) နှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီး ဌာနများအကြား ကဏ္ဍအလိုက် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ချေးငွေနှင့် အထောက်အပံ့ စီမံကိန်းများ၏ လက်ရှိ ဆောင်ရွက်နေမှုနှင့် တိုးတက်မှု အခြေအနေတို့နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲပိုင်းက ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ၌ ကျင်းပသည်။ အစည်းအဝေးတွင် World Bank ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက် ဆဲ ချေးငွေ စီမံကိန်းများနှင့် အထောက်အပံ့ စီမံကိန်းများ၏ လက်ရှိ စီမံကိန်းဆောင်ရွက်မှု အခြေအနေများ၊ ကမ္ဘာ့ဘဏ်နှင့် ချိတ်ဆက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက အသီးသီး တင်ပြဆွေးနွေးကြရာ ဒုတိယ ဝန်ကြီး ဦးသန်းအောင်ကျော်က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အနေ ဖြင့် ပေါင်းစပ်ညှိနှိုင်းပေးမည့် ကိစ္စရပ်များနှင့် စီမံကိန်းအကောင် အထည်ဖော်လျက်ရှိသည့် ဝန်ကြီး ဌာနများမှ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည့် ကိစ္စရပ် များအပေါ် ဆွေးနွေးမှာကြား သည်။ အဆိုပါ အစည်းအဝေးသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဦးစီးဌာနတို့မှ စီမံကိန်းတာဝန်ခံ အရာရှိများ တက်ရောက်ကြသည်။ သတင်းစဉ်