
နေပြည်တော် မတ် ၁၉
ရုပ်မြင်သံကြားနှင့် အသံလွှင့် လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ (Broadcasting Governing Body- BGB) လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၂/ ၂၀၂၁)ကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ ပြန်ကြား ရေးဝန်ကြီးဌာန၌ ဗီဒီယိုအစည်း အဝေးစနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ရုပ်မြင် သံကြားနှင့် အသံလွှင့်လုပ်ငန်း များ ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်က အမှာစကား ပြောကြားပြီး ဒုတိယဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့် မောင်၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်တို့က လက်ရှိလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေ အနေ၊ Content Provider များ အနေဖြင့် အခွန်ငွေများ ပေးသွင်း နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ အစည်းအဝေး တက်ရောက်ကြသည့် FM ပုဂံ၊ ပတ္တမြား FM ၊ ရွှေ FM ၊ Forever Group Co.,Ltd ၊ ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက်၊ Family Entertainment Group၊ Fortune Broadcasting Company Limited၊ KMA Tele Media Holdings Company Limited၊ My Multi Media Group Company Limited တို့မှ တာဝန် ရှိသူများက လုပ်ငန်းဆောင်ရွက် ရာတွင် ကြုံတွေ့နေရသည့် စက်မှုပိုင်းဆိုင်ရာနှင့် စီမံအုပ်ချုပ်မှု ပိုင်းဆိုင်ရာ အခက်အခဲများကို တင်ပြကြပြီး ပြည်သူ့ဆက်ဆံ ရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးနှင့် မြန်မာ နိုင်ငံ ရုပ်မြင်သံကြားနှင့် အသံ ထုတ်လွှင့်သူများ အသင်းတို့မှ တာဝန်ရှိသူများ အပါအဝင် အစည်းအဝေး တက်ရောက်လာ ကြသူများက ရုပ်မြင်သံကြားနှင့် အသံလွှင့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေး ခဲ့ကြကာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည် များကို ပေါင်းစပ်ဆွေးနွေးညှိနှိုင်း ခဲ့ကြသည်။ သတင်းစဉ်