မြန်မာနိုင်ငံ၏ ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် Fish Processing စီးပွားရေးဇုန်များကို နယ်စပ်တွင် ထူထောင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၁၉ မြန်မာနိုင်ငံ၏ ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် Fish Processing စီးပွားရေးဇုန်များကို နယ်စပ်တွင် ထူထောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။ အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီး၊ ကရင်ပြည် နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည် နယ်တို့မှ စီမံအုပ်ချုပ်ရေးကောင်စီ မှတာဝန်ရှိသူများ၊ ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး များ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ချုပ်နှင့် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှ တာဝန် ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် တက်ရောက်ဆွေးနွေးကြ သည်။ ကူညီဆောင်ရွက်လျက်ရှိ အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့သည့် နိုင်ငံတော် ၏ စီးပွားရေး ပြန်လည်ထူထောင် နိုင်ရေး ကြိုးပမ်းအကောင် အထည်ဖော်ရာတွင် ရေလုပ်ငန်း သည်လည်း အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ ရေထွက်ပစ္စည်း လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ပြည်ပ စျေးကွက်သို့ တင်ပို့ရောင်းချနိုင် ရေးသာမက ပြည်တွင်းစားသုံးမှု ဖူလုံစေရေး အာဟာရပြည့်ဝရေး နှင့် စားသုံးသူ ဘေးကင်းလုံခြုံ ရေးလုပ်ငန်းများကို အလေးပေး၍ ဒေသနေပြည်သူများ၏ အလုပ် အကိုင် အခွင့်အလမ်းဖော်ဆောင် ပေးနိုင်ရေးနှင့် ပြည်တွင်းပြည်ပ စျေးကွက် နှစ်ခုလုံးအတွက် တန်ဖိုးမြင့် ရေထွက်ကုန်ပစ္စည်း များ ထုတ်လုပ်ပေးနိုင်မည့် Fish Processing စီးပွားရေးဇုန်များ ပေါ်ထွန်းလာရေးအတွက် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ညှိနှိုင်းကူညီ ဆောင်ရွက်လျက်ရှိကြောင်း။ စီမံကိန်းများ ရေးဆွဲ မြန်မာနိုင်ငံအနေဖြင့် ရေထွက် ပစ္စည်းကုန်ကြမ်းများ တင်ပို့ ရောင်းချသည့် အခြေအနေမှ တန်ဖိုးမြင့်ကုန်ချော ထုတ်လုပ် ရောင်းချသည့် နိုင်ငံအဖြစ် ပြောင်းလဲ ရပ်တည်နိုင်ရေး ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ကြုံတွေ့ရမည့် အခက်အခဲ များကျော်လွှားနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် စက်မှုလုပ်ငန်းဇုန်ကြီး များကို တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ထူထောင် ဆောင်ရွက်နိုင်ရေး အတွက် မိမိတို့ဝန်ကြီးဌာနက လိုအပ်သည့်စီမံကိန်းများ ရေးဆွဲ ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။ ပြည်ပဝင်ငွေရှာဖွေ မြန်မာ့ရေလုပ်ငန်း ကဏ္ဍ အနေဖြင့် ကမ်းဝေးငါးဖမ်း ရေယာဉ် (၃၂၀၀)၊ ကမ်းနီးငါးဖမ်း ရေယာဉ် (၁၉၁၉၂) စီး၊ ငါးသယ် ရေယာဉ် (၂၆၀)တို့ဖြင့် ကမ်းရိုး တန်းဒေသများတွင် ဆောင်ရွက် လျက်ရှိသကဲ့သို့ တိုင်းဒေသကြီး ပြည်နယ်များ၌ ငါး/ ပုစွန် မွေးမြူ ရေးကန် ဧက (၅) သိန်းခန့်၊ စက်ရုံ (၁၂၄) ရုံဖြင့် ဆောင်ရွက် လျက်ရှိရာ ပြည်တွင်းစားသုံးမှုဖူလုံ ရုံသာမက ပြည်ပသို့နှစ်စဉ် တင်ပို့ နိုင်မှုကြောင့် ပြည်ပဝင်ငွေရှာဖွေ ပေးနိုင်သည့် ကဏ္ဍတစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ အခြေအနေအရ နယ်စပ်ဖြတ်ကျော်တင်ပို့မှု အခက် အခဲများအပေါ် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ဒေသဆိုင်ရာ ငါးလုပ်ငန်းအသင်းများ၊ ငါး လုပ်ငန်းဦးစီးဌာနတို့က ပူးပေါင်း ဖြေရှင်းဆောင်ရွက်လျက်ရှိသည်။ ယခုအခါ တနင်္သာရီတိုင်း ဒေသကြီး၌ ရေထွက်ပစ္စည်းများ တင်ပို့ရောင်းချရာတွင် ကိုဗစ်-၁၉ ကဲ့သို့သော မမျှော်မှန်းနိုင်သည့် ဘေးဒုက္ခ ကြုံတွေ့ချိန်များတွင် ငါးလုပ်ငန်းကို အဓိကစီးပွားရေး အဖြစ် ဆောင်ရွက်နေသော ဝယ်သူဈေးကွက်မှ ရောင်းသူ ဈေးကွက်သို့ ပြောင်းလဲရေး၊ ရေခဲရိုက် ငါးကုန်ကြမ်း တင်ပို့မှုမှ ပြုပြင်ထုတ်လုပ်ပြီး ကုန်ချော တင်ပို့ရောင်းချနိုင်ရေးနှင့် မိမိတို့ နိုင်ငံသားများ၏ ဝင်ငွေနှင့် အလုပ် အကိုင်ရရှိမှုကို အာမခံချက်ပေးနိုင် ရေးအတွက် Fish Processing ဇုန်ထူထောင်နိုင်ရေးကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရန် ယနေ့ အစည်းအဝေး ကို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။ သတင်းစဉ်