ချင်းပြည်နယ်ဝန်ကြီးချုပ် အခြေခံမြေပုံရေးဆွဲမှုပညာသင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

 

ဟားခါး   သြဂုတ်    ၃၀


ချင်းပြည်နယ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၃) (အခြေခံမြေပုံရေးဆွဲမှု      ပညာသင်တန်း) သင်တန်းဆင်းပွဲအခမ်းအနားကို     သြဂုတ် ၂၉ ရက်က  ဟားခါးမြို့   ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပရာ   ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊    ပြည်နယ်လွှတ်တော်တရား သူကြီးချုပ်  ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊   ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်      သင်တန်းတက်ရောက် နေသည့်  ဌာနဆိုင်ရာများမှ     ဝန်ထမ်းများ တက်ရောက်ကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က   ယနေ့ သင်တန်းဆင်းပွဲပြုလုပ်သည့် အခြေခံမြေပုံ ရေးဆွဲမှုသင်တန်းသည် ချင်းပြည်နယ်တွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊တချို့ပြည်နယ် အဆင့် ဌာနဆိုင်ရာများက မိမိတို့၏ စီမံကိန်း လုပ်ငန်းတည်နေရာများကို    ကောင်းကင် ဂြိုဟ်တုမှမြင်တွေ့ရပုံ (Google Map) ရေးဆွဲ ရန် အခက်အခဲရှိသဖြင့်   ယခုကဲ့သို့ သင်တန်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊     သင်တန်း တက်ရောက်ပြီးစီးသည့် သင်တန်းသူ သင်တန်း သားများအနေဖြင့်    သင်တန်းမှရရှိသော နည်းပညာများကို မိမိတို့၏လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်ပြီး  မိမိတို့၏ဌာနနှင့် ဒေသအကျိုးအတွက်    အသုံးချနိုင်အောင် ဆက်လက်ကြိုးစား လေ့ကျင့်ကြစေလိုကြောင်း နှင့် သင်တန်းဖြစ်မြောက်ရေးအတွက် အဘက် ဘက်မှ   စေတနာထက်သန်စွာ    ကြီးကြပ် ဆောင်ရွက်ပေးသော ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ သင်တန်းဖွင့်လှစ်သင်ကြား ပေးခဲ့သော ပြည်နယ်သတ္တုတွင်းဦးစီးဌာနနှင့် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး   ဦးစီး ဌာနမှ တာဝန်ရှိသူများအားလုံး ကျေးဇူးတင်ရှိ ကြောင်း ပြောကြားသည်။


ယင်းနောက် ပြည်နယ်သတ္တုတွင်း  ဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဝင်းက သင်တန်းဆင်းလက်မှတ်ပေးအပ်ရာ သင်တန်း သားများကိုယ်စား  သင်တန်းသားတစ်ဦးက လက်ခံယူပြီး သင်တန်းတွင် ပထမဆုရရှိသူ က လက်တွေ့မြေပုံရေးဆွဲပြသကာ သင်တန်း ကို သြဂုတ် ၁၆ ရက် မှ ၂၈ ရက်အထိ  သင်ကြား ပို့ချခဲ့ပြီး အဆိုပါ သင်တန်းသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန  ၂၅  ဌာနမှ သင်တန်းသား  ၆၁  ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။                                                                                        
ခရိုင်(ပြန်/ဆက်)