မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများဖြင့် စည်ကား၊ စက်တင်ဘာ ၃ ရက်အထိ အခမဲ့ဖူးမြော်ကြည်ညိုနိုင်

 

နေပြည်တော်  ဩဂုတ်  ၃၀


ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ   ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင်     တည်ထား ပူဇော်ထားရှိသည့်     ကမ္ဘာပေါ်ရှိ ထိုင်တော်မူ      ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက်     ဉာဏ် တော်အမြင့်ဆုံး  ဖြစ်တော်မူသော မာရဝိဇယ    ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးသို့      အနယ်နယ်အရပ်ရပ်မှ လာရောက်    ဖူးမြော်ကြည်ညိုကြ သည့်     ရဟန်း၊  ရှင်လူ ဘုရားဖူး ပြည်သူများဖြင့်  စည်ကားလျက်ရှိ သည်။


ယနေ့တွင်လည်း  အနယ်နယ် အရပ်ရပ်မှ ရဟန်း၊  ရှင်လူပြည်သူ များနှင့်   ဘိုးဘွားများသည်   ဗုဒ္ဓ ဥယျာဉ်တော်အတွင်းရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊  ဂန္ဓကုဋိ တိုက်များ၊      သုဓမ္မာဇရပ်များ၊ မုစလိန္ဒကန်နှင့်    နဂါးရုံဘုရား၊ ရေပန်းရင်ပြင်၊   မာရဝိဇယကျောင်း တော်၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန် တော်ကြီး၊ သဒ္ဓါဓိပတိခေါင်းလောင်း တော်နှင့် ကျောက်စာရုံစေတီတော် များအပါအဝင်   အခြားဘာသာ ရေးဆိုင်ရာ   အဆောက်အဦများ၊ တံတား၊ ဥယျာဉ်များကို စိတ်အေး ချမ်းသာစွာဖြင့်  ဖူးမြော်ကြည်ညို လေ့လာခြင်း၊  တရားဘာဝနာပွား များခြင်း၊    အသင်းအဖွဲ့အလိုက် ဝတ်ရွတ်ပူဇော်ခြင်းများ   ဆောင် ရွက်၍     ကြည်ညိုသဒ္ဓါပွားများ လျက်      စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့်  အလှူငွေများကို ပေးအပ်လှူဒါန်းကြသည်။ 


 အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးသို့    လာရောက် ဖူးမြော်ကြည်ညိုကြသည့် ဘိုးဘွား များအား    ကျန်းမာရေးဝန်ထမ်း များက လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးလျက်ရှိပြီး    မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့နှင့်     မီးသတ် တပ်ဖွဲ့ဝင်များကလည်း     လမ်း လျှောက်ရန်  အခက်အခဲဖြစ်သည့် ဘိုးဘွားများအား   အဆင်ပြေစွာ ဖြင့်   ဘုရားဖူးမြော်ကြည်ညိုနိုင် ရန်    Wheel Chair     များဖြင့်  လိုက်လံပို့ဆောင်ပေးကာ  လိုအပ် သည်များ  ကူညီဆောင်ရွက်ပေး လျက်ရှိသည်။ 


အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ အများပြည်သူများ       အခမဲ့ လာရောက်  ဖူးမြော်ကြည်ညိုနိုင် ရန်    စက်တင်ဘာ ၃ ရက်အထိ  နံနက် ၆ နာရီမှ  ည ၈ နာရီအတွင်း ဖွင့်လှစ်ထားရှိကြောင်း   သတင်း ရရှိသည်။         

သတင်းစဉ်