မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) နေပြည်တော်တွင် ခေတ်ရှေ့ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ ကြည့်ရှုလေ့လာ

 

နေပြည်တော်   ဩဂုတ်    ၂၉ 


မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV) နေပြည်တော် တွင် ယနေ့နံနက်ပိုင်းက ခေတ်ရှေ့ဆောင် ကိုယ်ပိုင် အထက်တန်းကျောင်းမှ   တာဝန်ရှိသူများ၊  ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်သူ ၂၉၅ ဦးတို့ လာရောက်ပြီး ကြည့်ရှုလေ့လာကြသည်။ 
ရှေးဦးစွာ Auditorium ခန်းမတွင် ညွှန်ကြား ရေးမှူးချုပ် ဦးရဲနိုင်က နှုတ်ခွန်းဆက်ပြောကြားပြီး ဝန်ထမ်းများက   “MRTV နှင့်   ကောင်းသောနေ့”၊ “ ရှင်သန်နေမည် MRTV ”   တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခြင်း၊ “ပန်းတိုင်းပွင့်၍ မွှေးပါစေ” ပညာရေးဆိုင်ရာနှင့်    “မိုခါမုန်တိုင်းအန္တရာယ် ရင်ဆိုင်ကျော်လွှားမှုနှင့် စုပေါင်းမှု၏ရလဒ်” Video Clip များ ပြသခြင်းနှင့် အမှတ်တရလက်ဆောင်ပေး ခြင်းများ ပြုလုပ်သည်။


ထို့နောက်  လေ့လာရေးအဖွဲ့များသည်  မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ ဖလင်၊ တိပ်နှင့် ဓာတ်ပြား များ ထိန်းသိမ်းထားရှိမှု၊ News Channel Studio နှင့် Farmers’ Channel Studio များတွင် သတင်း ရိုက်ကူးနေမှုများကို ကြည့်ရှုလေ့လာကြရာ တာဝန် ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။


ဆက်လက်၍ လေ့လာရေးအဖွဲ့များသည် မြန်မာ့ အသံနှင့်  ရုပ်မြင်သံကြား  စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် ရုပ်သံ ထုတ်လွှင့်မှုများတွင် အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေး      မော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှု ပုံစံငယ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့်တင်ဆက်ခဲ့သည့်     အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊     သတင်းစတူဒီယိုခန်းများ၊ ရေဒီယို အစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်း ဓာတ်ပြားများနှင့် အခြားအသုံးအဆောင် ပစ္စည်းများ စသည့် စုစုပေါင်း ပြခန်း ၄၀ တွင် ခင်းကျင်းပြသထားရှိ မှုများကို      လှည့်လည်ကြည့်ရှု     လေ့လာကြပြီး မှတ်သားဖွယ်ရာ  အဖြေလွှာများ၌   ကျောင်းသား ကျောင်းသူများ၏    ဖြည့်စွက်မှုများအား    စိစစ်၍ အမှတ်တရလက်ဆောင်များ ပေးအပ်သည်။ 


နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အမှတ်(PO-18)တွင် ဖွင့်လှစ်ပညာသင်ကြားလျက်ရှိသော ခေတ်ရှေ့ ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်း သား ကျောင်သူ ၅၃၉ ဦး၊ ဆရာ ဆရာမ ၅၀ စုစုပေါင်း ၅၈၉ ဦးသည်   အုပ်စုနှစ်စုခွဲ၍  ယနေ့  ဩဂုတ်  ၂၉ ရက်နှင့်   ဩဂုတ် ၃၀ ရက်တို့တွင်   နေပြည်တော် (တပ်ကုန်း)ရှိ   မြန်မာ့အသံနှင့်   ရုပ်မြင်သံကြားသို့ ဒေသန္တရလေ့လာရေးအစီအစဉ်အဖြစ်  လာရောက်၍   ရုပ်သံထုတ်လွှင့်မှုများကို  လေ့လာခြင်းဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်