
ရန်ကုန် ဩဂုတ် ၂၉
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ်များသို့ သွား ရောက်စစ်ဆေးပြီး ဝန်ထမ်းများ နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအမှာ စကားပြောကြားသည်။
ရှင်းလင်းတင်ပြ
ထိုသို့တွေ့ဆုံစဉ် ဘဏ်များ ၏ ဦးဆောင်ညွှန်ကြားရေးမှူးများ နှင့် ဌာနဆိုင်ရာတာဝန်ခံများက ဖွဲ့စည်းပုံနှင့် ဝန်ထမ်းအင်အား အခြေအနေ၊ ဘဏ်လုပ်ငန်းဆိုင်ရာ များနှင့်ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကိစ္စရပ်များကို ဦးစွာ ရှင်းလင်းတင်ပြကြသည်။
ပေါင်းစပ်ညှိနှိုင်းဖြေရှင်း
ထို့နောက် ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံပိုင်ဘဏ်များအနေဖြင့် ဘဏ် လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်း ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ လုပ်ငန်းတာဝန်များ ထမ်းဆောင် ရာတွင် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ကြစေရေး၊ လုံခြုံရေး ဆိုင်ရာကိစ္စရပ်များကို အလေး ထားဆောင်ရွက်ကြစေရေး၊ ဌာန တွင်း လုပ်ငန်းဆောင်တာများ ကို စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေရေးတို့ ကိုအသေးစိတ်မှာကြားပြီး ဝန်ထမ်း များ၏တင်ပြချက်များကို ပေါင်းစပ် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေး သည်။
စနစ်တကျဆောင်ရွက်ပေး
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် ၁၉၇၆ ခုနှစ်တွင်လည်း ကောင်း၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှု နှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် သည် ၁၉၉၀ ပြည့်နှစ်တွင် လည်း ကောင်း စတင်တည်ထောင်ခဲ့သော နိုင်ငံပိုင်ဘဏ်များ ဖြစ်ကြပြီး နိုင်ငံတော်နှင့် အစိုးရဌာနများ၊ ပုဂ္ဂလိကများ၏ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းဆိုင်ရာ ငွေပေးချေမှု များနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုကိစ္စရပ်များကို စနစ် တကျ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။ သတင်းစဉ်