စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေး ကုန်သည်စက်မှုအသင်းချုပ် ညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရန်ကုန်    ဩဂုတ်   ၂၆


စားသုံးဆီဈေးနှုန်း တည်ငြိမ်စေ ရေး    ညှိနှိုင်းအစည်းအဝေးကို  ဩဂုတ်   ၂၅    ရက်   နံနက်တွင်  လမ်းမတော်မြို့နယ် မင်းရဲကျော် စွာလမ်းရှိ ကုန်သည်စက်မှုအသင်း ချုပ်တတိယထပ်ရှိ အစည်းအဝေး ခန်းမ၌   ကျင်းပရာ   ကုန်သည် စက်မှုအသင်းချုပ်ဥက္ကဋ္ဌ  ဦးအေး ဝင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ နှင့်     စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများ၊  စားသုံးဆီသိုလှောင်၊ ဖြန့်ဖြူးရောင်းချသည့်   လုပ်ငန်း ရှင်များ     တက်ရောက်ကြပြီး စားသုံးဆီများ ဈေးကွက်အတွင်း စီးဆင်းမှုမှန်ကန်စေရေး၊  ဈေးနှုန်း တည်ငြိမ်ရေးတို့ကို    ညှိနှိုင်းဆွေး နွေးကြသည်။


ဆွေးနွေးပွဲတွင်    ကုန်သည် စက်မှုအသင်းချုပ်ဥက္ကဋ္ဌ   ဦးအေး ဝင်းက  ကုန်သည်စက်မှုအသင်း ချုပ်အနေဖြင့်        လတ်တလော ကာလတွင်  အခြေခံစားသောက်  ကုန်များဆန်၊ စားသုံးဆီဈေးနှုန်း များ   ဈေးကွက်အတွင်း   ပုံမှန် စီးဆင်းဖြန့်ဖြူးနိုင်ရေး၊    အများ ပြည်သူအတွက်    ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်း      ဖြစ်စေရေးအတွက် သက်ဆိုင်ရာ    လုပ်ငန်းရှင်များ၊ ညီနောင်     အသင်းအဖွဲ့များနှင့် ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း   အထူးသဖြင့်   ယခု ရက်ပိုင်းများအတွင်း      စားသုံးဆီ ဈေးနှုန်းများ လွန်ကဲစွာမြင့်တက် မှု ရှိနေသည့်အပေါ် တင်သွင်းသည့် ကုမ္ပဏီများအနေဖြင့်     အပြန် အလှန်နားလည်မှုဖြင့်     ပူးပေါင်း ဆောင်ရွက်မှသာ လက်ရှိဈေးနှုန်း လွန်ကဲစွာ      မြင့်မားနေခြင်းကို လျှော့ချနိုင်မည်     ဖြစ်ကြောင်း၊ အများပြည်သူ     ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်မည့်   ကိစ္စရပ်ဖြစ်နေ ပါသဖြင့် ချက်ချင်းဆောင်ရွက်ရန်   လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက်     ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်းနှင့်  တာဝန်ရှိသူများ က      စားသုံးဆီဈေးနှုန်းများ ပြန်လည်ကျဆင်းပြီး    ဈေးကွက် အတွင်း   မပြတ်လပ်စေရေး   အစီ အမံများကို  ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသော  စားသုံးဆီ ကုမ္ပဏီများမှ  ဈေးနှုန်းကျဆင်း ရေးအတွက် ပူးပေါင်းဆောင်ရွက် မည့်   အစီအစဉ်များ၊     ဆီကုန် သည်နှင့်       ဆီလုပ်ငန်းရှင်များ အသင်းနှင့်  ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ ကုမ္ပဏီ များအနေဖြင့်  ဈေးကွက်အတွင်း ရည်ညွှန်းဈေးများဖြင့်   ရောင်းချ မည့်  အစီအမံ၊   လက်လီပြန်လည် ရောင်းချသူများအနေဖြင့် ကုမ္ပဏီ  ကရောင်းချသည့်   စားသုံးဆီများ အပေါ်   အခွင့်အရေးတစ်ရပ်ယူ၍ ဈေးနှုန်းတင်ရောင်းချခြင်း   မပြု ရန် အသင်းမှစနစ်တကျကြပ်မတ်  ဆောင်ရွက်နိုင်ရေး၊       နေ့စဉ် ဈေးကွက်သတင်းကို   တာဝန်ယူ စုံစမ်းရေး၊     ကုန်သည်စက်မှု အသင်းချုပ်အပါအဝင်  သက်ဆိုင် ရာဝန်ကြီးဌာနများ၊  ဒေသအာဏာ ပိုင်များနှင့်  ပေါင်းစပ်ဆောင်ရွက် နိုင်ရေးတို့ကို     ဆွေးနွေးကြောင်း သိရသည်။            

  မျိုးမင်းသူရ