
ယခုတစ်ပတ် ယှဉ်ပြိုင်ကစားမယ့် ပရီမီယာလိဂ် ပွဲစဉ် (၃) မှာ နယူးကာဆယ်နဲ့ လီဗာပူး၊ ဘန်လေနဲ့ အက်စ်တွန်ဗီလာအသင်းတို့ ဆုံတွေ့တဲ့ ပွဲစဉ်တွေ ပါဝင်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာရော ဘယ်အသင်းတွေ ရလဒ်ကောင်း ပိုင်ဆိုင်ပြီး ဘယ်အသင်းတွေ ရလဒ်ဆိုးနဲ့ ကြုံတွေ့သွားမလဲ ဆိုတာ စိတ်ဝင်တစားစောင့်ကြည့်သွားရမှာ ဖြစ်ပါ တယ်။
ရှက်ဖီးလ်နှင့် မန်စီးတီးပွဲကို ဩဂုတ် ၂၇ ရက် ည ၇ နာရီခွဲမှာ ကစားမှာပါ။ ရှက်ဖီးလ်က နှစ်ပွဲကစားပြီး နှစ်ပွဲစလုံး ရှုံးနိမ့်ထားတယ်။
ပြိုင်ဘက် မန်စီးတီးအသင်းက နှစ်ပွဲကစား နှစ်ပွဲစလုံး အနိုင်ရရှိထားတယ်။ နှစ်သင်းကြား ခြေစွမ်းကွာဟ မှုကြီးကြီးမားမားရှိတာကြောင့် ရှက်ဖီးလ်အနေနဲ့ မန်စီးတီးအသင်းကို အသာရဖို့ မလွယ်ဘူး။ မန်စီးတီး အသင်းကလည်း ရာနှုန်းပြည့်နိုင်ပွဲ ဆက်လက်ရယူ ဖို့ အသင်းကို အကောင်းဆုံးပြင်ဆင်လာမှာ သေချာတယ်။
ဘန်လေနှင့် ဗီလာပွဲကို ဩဂုတ် ၂၇ ရက် ည ၇ နာရီခွဲမှာ ကစားမှာပါ။ ဘန်လေက နှစ်ပွဲကစားပြီး ရမှတ် မရရှိသေးဘူး။ ဗီလာက ရမှတ်သုံးမှတ်ရရှိ ထားတယ်။ ဘန်လေထက် ဗီလာအသင်းရဲ့ ခြေစွမ်း က ထက်မြက်မှုရှိတယ်။ သို့သော်လည်း နိုင်ပွဲရရှိရေး ခြေကုန်ထုတ်လာမယ့် ဘန်လေကို ဗီလာအသင်း ခက်ခက်ခဲခဲရင်ဆိုင်ရဖွယ်ရှိတယ်။ သို့သော်လည်း ခံစစ်ပိုင်းကျစ်လျစ်ပြီး တိုက်စစ်ထက်မြက်တဲ့ ဗီလာ အသင်း အနိုင်ရဖွယ်ရှိတယ်။
နယူးကာဆယ်နှင့် လီဗာပူးပွဲကို ဩဂုတ် ၂၇ ရက် ည ၁၀ နာရီ ၁၀ မိနစ်မှာ ကစားမှာပါ။ ပြီးခဲ့တဲ့ပွဲမှာ နယူးကာဆယ်က မန်စီးတီးနဲ့ တွေ့ဆုံခဲ့ပြီး ရှုံးနိမ့် ထားတယ်။ ပြိုင်ဘက်လီဗာပူးက ဘုန်းမောက်ကို ဂိုးပြတ်အနိုင်ရထားတယ်။
ခြေစွမ်းကျစ်လျစ်မှုရှိပြီး တိုက်စစ်ထက်မြက် တဲ့အသင်းနှစ်သင်း တွေ့ဆုံမှုဖြစ်တာကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်လာမှာ သေချာတယ်။ နယူးကာဆယ်တို့ အိမ်ကွင်းအားသာချက်ရှိပေမယ့် အဆုံးသတ်သေချာ တဲ့အသင်းက နိုင်ပွဲရလဒ် ဖော်ဆောင်သွားဖွယ်ရှိ တယ်။
မိုးဇက်