U-12 Junior World Challenge 2023 ပြိုင်ပွဲတွင် မြန်မာ ယူ-၁၂ အသင်း ဆက်လက်ယှဉ်ပြိုင်

 

ရန်ကုန်  ဩဂုတ်  ၂၅


(၁၁) ကြိမ်မြောက်  U-12 Junior World Challenge 2023  ပြိုင်ပွဲ ဒုတိယနေ့ကို  သြဂုတ်  ၂၅  ရက်က  ဂျပန်နိုင်ငံ   ချီဘာမြို့၌ ဆက်လက်ကျင်းပသည်။


မြန်မာ ယူ-၁၂ အသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ်ဂျပန် ကလပ် Daiwa House Dream  ယူ-၁၂ အသင်းနှင့်   ယှဉ်ပြိုင်ကစား ရာ နှစ်ဂိုး-တစ်ဂိုးဖြင့်  ရှုံးနိမ့်ခဲ့သည်။ မြန်မာ  ယူ-၁၂  အသင်းသည်   အုပ်စုပွဲစဉ်များအပြီးတွင် စပိန်ကလပ်  ဘာစီလိုနာ၊   ဂျပန်ကလပ် များဖြစ်သည့်     Daiwa House Dream    ယူ-၁၂   အသင်းနှင့်   JEF   United   Ichihara   Chiba  ယူ- ၁၂  အသင်းတို့ကို အရေးနိမ့် ခဲ့သဖြင့်    အုပ်စုအောက်ဆုံးတွင် ရပ်တည်ကာ    ရှုံးထွက်အဆင့်  တက်ရောက်နိုင်ခြင်းမရှိဘဲ အဆင့်  သတ်မှတ်ချက်အတွက်သာ ပွဲများ  ဆက်လက်    ယှဉ်ပြိုင်ခဲ့ရသည်။ မြန်မာ   ယူ - ၁၂   အသင်းသည် ဂျပန်ကလပ် တိုကျိုဗာဒီ ယူ - ၁၂ အသင်းနှင့်   ယှဉ်ပြိုင်ကစားရာ တစ်ဂိုး - ဂိုးမရှိဖြင့်   အနိုင်ရပြီး နောက်တစ်ဆင့် တက်ရောက်ခွင့် ရခဲ့သည်။ မြန်မာအသင်းအတွက် အနိုင်ဂိုးကို အောင်လက သွင်းယူ ခဲ့သည်။      မြန်မာအသင်းသည် သြဂုတ် ၂၆ ရက်   (ယနေ့) တွင် ဂျပန်ကလပ် ဆာဂန်တိုဆု ယူ- ၁၂ အသင်းနှင့်   ဆက်လက်ယှဉ်ပြိုင် ရမည်ဖြစ်သည်။ 

ရဲရင့်လွင် ၊ ဓာတ်ပုံ-MFF