
နေပြည်တော် ဩဂုတ် ၂၅
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်များအရ နန့်ယင်း မြစ်ရေသည် မိုးကောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် တစ်ပေခွဲခန့်တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက် တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။
နန့်ကောင်းမြစ်ရေသည် မိုးကောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ် ရေမှတ်အောက် နှစ်ပေခန့်တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေ သည် နောက်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။ သို့ဖြစ်ပါ၍ မိုးကောင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်အရ ချင်းတွင်း မြစ်ရေသည် ဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် သုံးပေခန့်တွင် ရောက်ရှိနေသည်။ အဆိုပါ မြစ်ရေသည် နောက် နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။ သို့ဖြစ်ပါ၍ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြု အပ်ပါသည်။ မိုး/ဇလ