ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း CGTN ရုပ်သံဌာနမှ တွေ့ဆုံမေးမြန်းမှုများကို ဖြေကြား

 

၁၅-၈-၂၀၂၃ ရက်နေ့မှ ၁၈-၈-၂၀၂၃ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပသည့် (၇) ကြိမ်မြောက် တရုတ် - တောင်အာရှပြပွဲ၊ (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်၊ သွင်းကုန် ကုန်စည်ပြပွဲဖွင့်ပွဲ ၊ ၂၀၂၃ ခုနှစ် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံ အုပ်ချုပ်သူများဖိုရမ်နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ကူမင်းမြို့၌ရောက်ရှိနေသည့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ခရီးစဉ်အတွင်း ၁၈-၈-၂၀၂၃ ရက်နေ့ ညနေပိုင်းက China Global Television Net (CGTN) နှင့် တွေ့ဆုံ၍ မေးမြန်းမှုများကို ဖြေကြားခဲ့ပါသည်။ အဆိုပါ တွေ့ဆုံ မေးမြန်းမှုများကို CGTN တွင်လည်းကောင်း၊ ၂၄-၈-၂၀၂၃ ရက်နေ့တွင် မြန်မာ့ရုပ်မြင်သံကြားကလည်းကောင်း ထုတ်လွှင့်ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံမေးမြန်းမှု အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

 


မေး    ။    ။    Belt   and   Road   အဆိုပြုချက်ကို             အများသိရှိအောင် ဆောင်ရွက်ရာမှာ 
မီဒီယာပူးပေါင်းဆောင်ရွက်မှုက အရေးပါတဲ့ အခန်း ကဏ္ဍကနေ ပါဝင်နေပါတယ်။ တချို့  အနောက်တိုင်း နိုင်ငံက Belt and Road ကို နာမည်ဖျက်ခြင်းနဲ့ တရုတ်နိုင်ငံပုံရိပ်ကို နာမည်ပျက်အောင် လုပ်တာ ကြောင့် တရုတ်-မြန်မာနှစ်နိုင်ငံ ပြည်သူတွေကြား အထင်လွဲမှု  အများအပြား  ဖြစ်စေခဲ့ပါတယ်။ တရုတ်-မြန်မာ  ချစ်ကြည်ရင်းနှီးစွာ  ပူးပေါင်း ဆောင်ရွက်မှုကို  အတူတကွမြှင့်တင်ဖို့  မြန်မာ ပြည်သူတွေက Belt and Road အဆိုပြုချက်အပေါ် နားလည်သိရှိမှုကို     ဘယ်လိုတိုးမြှင့်နိုင်မယ်လို့ ထင်ပါသလဲ။  မီဒီယာက  ဒေသတွင်း  တည်ငြိမ် အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စည်ပင်ဝပြောမှု  ထိန်းသိမ်းရေးအတွက် ပိုအကျိုးရှိတဲ့ လူထုသဘော ထား ပတ်ဝန်းကျင်ဖန်တီးရာမှာ ဘယ်လိုအခန်း  ကဏ္ဍကနေ ပါဝင်နိုင်မယ်လို့ ယူဆပါသလဲ။


ဖြေ    ။    ။    Belt  and   Road   ဆိုတာကတော့               အဓိကကတော့      ယဉ်ကျေးမှုနဲ့ 
ပြည်သူတွေရဲ့ အပြန်အလှန်ဆက်ဆံမှု၊ ယဉ်ကျေးမှု တွေနဲ့  နက်ရှိုင်းကျယ်ဝန်းတဲ့  ကဏ္ဍကြီးပါပဲ။  အဲဒီ တော့  ဒါကိုအကျိုးရှိအောင်  အသုံးချမယ်ဆိုရင် အားလုံးအတွက်  ကောင်းမွန်တဲ့  လုပ်ငန်းစဉ်ကြီး တစ်ခုပါ။  ကျွန်တော့်အနေနဲ့  ကမ္ဘာ့ကုလသမဂ္ဂကို  ရောက်သွားတဲ့အခါမှာ  အသားရောင်မခွဲခြားဘဲနဲ့ ကမ္ဘာကြီးဟာ  ရွာကြီးလိုပဲ  တကယ့်လူသားတွေ အားလုံးဟာ ကမ္ဘာကြီးပေါ်မှာ  ရပ်တည်တယ်ဆိုတဲ့ အနေအထားကိုတွေ့ခဲ့ရပါတယ်။  တစ်နိုင်ငံချင်း တစ်နိုင်ငံချင်း၊ နိုင်ငံတိုင်း  နိုင်ငံတိုင်းဟာ ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင်   ကမ္ဘာကြီးဟာ၊   လူသားတွေ နေထိုင်တဲ့ ကမ္ဘာကြီးဟာ ပိုမိုပြီးတော့မှ တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့  အခန်းကဏ္ဍတစ်ခု ဖြစ်မယ်လို့  ယုံကြည်ပါတယ်။  


အဲဒီတော့  Belt and Road နဲ့ပတ်သက်လို့  ကျွန်တော်တို့နိုင်ငံအနေနဲ့     စိတ်ဝင်စားပါတယ်၊  ပူပေါင်းပါဝင်ဖို့လည်း ဆန္ဒရှိပါတယ်။ နေ့ခင်းက ကူမင်းမြို့ထဲမှာ   လေ့လာရေးခရီးစဉ်   ထွက်တဲ့ အခါမှာ ကမ္ဘာပေါ်မှာ တတိယအကြီးဆုံးလို့ပြောတဲ့ ဈေးကြီး၊  အဲဒီဈေးကြီးကို  ရောက်ခဲ့သလို   ပန်းတွေ ကို   ဖြန့်ချိတဲ့နေရာကိုလည်း   ရောက်ခဲ့ပါတယ်။ ဒါတွေဟာ   အိမ်နီးနားချင်းနိုင်ငံတွေ၊    နောက် ကမ္ဘာကြီးကိုပါ ပြန့်သွားမယ်ဆိုတော့ ဒါတကယ် ကောင်းမွန်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုပါ။ ဒီလိုပါပဲ    မြန်မာနိုင်ငံရဲ့ ထုတ်ကုန်ပစ္စည်းတွေကို ပြည်ပနိုင်ငံ တွေထံ ပို့ဆောင်ခြင်းအားဖြင့်၊ ဒီကပစ္စည်းတွေကို လည်း ကျွန်တော်တို့နိုင်ငံကို ပို့ဆောင်ခြင်းအားဖြင့် နှစ်နိုင်ငံပြည်သူတွေဟာ    စားဝတ်နေရေးတွေ ပြေလည်လာမယ်၊ အဆင့်အတန်းတွေ မြင့်လာမယ် လို့ ယုံကြည်ပါတယ်။ 


 ယနေ့နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်   အနေနဲ့လည်း   အသေးစား၊ အငယ်စား၊  အလတ်စား  စက်မှုလုပ်ငန်းတွေကို အထူးအလေးထား     ဆောင်ရွက်နေပါတယ်။ ပြည်တွင်းမှာတင်   ဖူလုံဖို့နဲ့   ပိုလျှံရင်  ပြည်ပကို ပို့မှာပါ။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ ဗိုလ်ချုပ် မှူးကြီးအနေနဲ့ အမျိုးသားရေး ရည်မှန်းချက်နှစ်ခု ထားပါတယ်။ အဲဒါက  တိုင်းပြည်သာယာဝပြောရေးနဲ့  စားရေရိက္ခာဖူလုံရေးဆိုတာကို အဓိကထားပါတယ်။    တိုင်းပြည် သာယာဝပြောရေးဆိုတဲ့ အခန်းကဏ္ဍက အများကြီး  ကျယ်ပြန့်ပါတယ်။  နှစ်နိုင်ငံမှာရှိတဲ့ ပြည်သူပြည်သားတွေ အားလုံးဟာ  စားဝတ်နေရေး မှာ   အစားအသောက်ရော၊  အဝတ်အစားရော၊ အနေအထိုင်ရော၊ သွားရေးလာရေးရော  တိုင်းပြည် သာယာဝပြောတယ်ဆိုတာတော့     ကဏ္ဍက ကြီးကျယ်ပါတယ်။  ဒါတွေက  ဗိုလ်ချုပ်မှူးကြီးရဲ့ အမျိုးသားရေး ရည်မှန်းချက်၊ ပထမရည်မှန်းချက် တစ်ခုပေါ့။  ဒီရည်မှန်းချက်ကို ဆောင်ရွက်တဲ့အခါ  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်     စီးပွားရေး ကောင်းမွန်ဖို့လိုတယ်။ ပြီးရင် တည်ငြိမ်ဖို့လိုတယ်။   ဒီ Belt and Road အစီအစဉ်ကြီးက မှန်မှန်ကန်ကန် သုံးသပ်မယ်ဆိုရင်      နှစ်နိုင်ငံချစ်ကြည်ရေးရော၊  နောက်တစ်ခါ ကမ္ဘာကြီးအတွက်ရော ထိရောက်မှု ရှိတဲ့ အခန်းကဏ္ဍကြီးတစ်ခုပါ။ ကျွန်တော်တို့နိုင်ငံ  အနေနဲ့လည်း အကျိုးရှိမယ်။ နောက် တရုတ်နိုင်ငံ အနေနဲ့လည်း အကျိုးရှိမယ်။  နှစ်နိုင်ငံအစိုးရချင်း လည်း အကျိုးရှိမယ်။ နှစ်နိုင်ငံပြည်သူတွေလည်း အကျိုးရှိမယ်ဆိုတော့  Belt and Road အစီအစဉ်က ကောင်းမွန်တဲ့အစီအစဉ် များပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့တော့ ဒီကဏ္ဍမှာလည်း ပါဝင် ပူးပေါင်းဖို့  ဆန္ဒရှိပါတယ်၊  ဒါကိုလည်း  အထူးပဲ စိတ်ဝင်စားတယ်လို့ ပြောပါရစေ။

 


မေး    ။    ။    အခုနှစ်မှာ       သမ္မတရှီကျင့်ဖျင်က             ကမ္ဘာလုံးဆိုင်ရာ      လူမှုယဉ်ကျေးမှု 
အစီအမံ  အဆိုပြုခဲ့ပြီးတော့၊  မတူညီတဲ့  လူမှု ယဉ်ကျေးမှုတွေ အပြန်အလှန်လက်ခံပြီးတော့ အတူ  ယှဉ်တွဲ တည်ရှိခြင်းနဲ့ ကူးလူးဖလှယ်အပြန်အလှန်  အတုယူခြင်းက  လူနေမှုအဖွဲ့အစည်း  ခေတ်မီမှု ဖြစ်စဉ်  စည်ပင်ဝပြောတဲ့  ကမ္ဘာ့လူမှုယဉ်ကျေးမှု ဥယျာဉ်ကြီး  ဖော်ဆောင်ရာမှာ  အစားထိုးမရတဲ့  အခန်းကဏ္ဍကနေ      ပါဝင်နေတဲ့အကြောင်း အလေးထားပြောကြားခဲ့ပါတယ်။ ဒီအစီအမံကိုရော  ဝန်ကြီးအနေနဲ့    ဘယ်လိုနားလည်ပါသလဲရှင့်။ မီဒီယာက နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဆိုင်ရာ ကူးလူးဖလှယ်မှု   မြှင့်တင်ရေးမှာလည်း   ဘယ်လို အခန်းကဏ္ဍကနေ    ပါဝင်နိုင်ပါမလဲ၊   မီဒီယာကို နှစ်နိုင်ငံပြည်သူတွေ  အပြန်အလှန် နားလည်သိရှိ  ရင်းနှီးစေတဲ့      ပေါင်းကူးတံတားဖြစ်လာအောင် ဘယ်လိုဆောင်ရွက်နိုင်မယ်လို့ ယူဆပါသလဲ။


ဖြေ    ။    ။    တရုတ်နိုင်ငံနဲ့         မြန်မာနိုင်ငံက              နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာ 
နေထိုင်လာခဲ့တဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ပါတယ်။ အခုဆိုရင် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးအဆင့် ကို  ရောက်ပြီးတော့မှ  ထဲထဲဝင်ဝင်  နှစ်နိုင်ငံ ချစ်ကြည်ရေးကိုလည်း တိုးမြှင့်လျက်ရှိပါတယ်။  ကျွန်တော်တို့နိုင်ငံမှာ   “အမျိုးသားကဇာတ်ရုံ” ဆိုရင်လည်း  တရုတ်နိုင်ငံက   ဆောင်ရွက်ပေးထား တာ ဖြစ်ပါတယ်။ နောက်တစ်ခါ “သုဝဏ္ဏ အား ကစားကွင်း”ကိုလည်း   တရုတ်နိုင်ငံကပဲ    စီမံ ဆောင်ရွက်ပေးထားတာ ဖြစ်ပါတယ်။ အခုဆိုရင်  ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  အနေနဲ့ တချို့စီမံကိန်း တော်တော်များများကိုလည်း တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ညှိနှိုင်းလျက်ရှိပါတယ်။ 
Art Center (အနုပညာ ဗဟိုဌာန)၊ နောက်ပြီး တော့ “ဝဇီရာရုပ်ရှင်ရုံ” ပေါ့။ ဒါကို နိုင်ငံတော် အနေနဲ့ “National  Red Carpet Theatre” အဖြစ် သတ်မှတ်ပြီး  တရုတ်နိုင်ငံရဲ့  အထောက်အပံ့နဲ့ ပြုပြင်ဖို့ စီမံလျက်ရှိပါတယ်။ “ဖလင်ပိဋကတ်တိုက်” လည်း   ပါဝင်ပါတယ်။  ယဉ်ကျေးမှုနဲ့  နှစ်နိုင်ငံ အပြန်အလှန်   ချစ်ကြည်ရေးအတွက်  ဒါတွေကို  ကမ်းလှမ်းထားတာရှိပါတယ်။  ကျွန်တော်တို့အနေနဲ့ ကတော့ နှစ်နိုင်ငံပြည်သူတွေဟာ အိမ်နီးနားချင်း လည်းဖြစ်တဲ့အတွက် … ဘာပဲပြောပြော နှစ်နိုင်ငံ ပြည်သူတွေ အမြင်တွေရှင်းကြမယ်ဆိုရင် အစိုးရ ချင်းလည်း အမြင်ရှင်းမယ်၊  ပြီးရင် အိမ်နီးနားချင်း ဖြစ်တဲ့အတွက်    “အိမ်သာမှ  ဧည့်လာမှာပေါ့”။   ကိုယ့်ဘေးနားက   အိမ်နီးနားချင်းက  အားနည်းမှု ရှိတယ်ဆိုရင် အားသာတဲ့ အိမ်နီးနားချင်းနိုင်ငံကြီးက  ကူညီရမှာပေါ့။  ဒီလိုပါပဲ  တစ်ဖက်ကနိုင်ငံကြီးမှာ ပြဿနာဖြစ်တယ်ဆိုရင်လည်း ကျွန်တော်တို့နိုင်ငံက အိမ်နီးနားချင်းတွေလို ကူညီရမှာပေါ့။ 


သမ္မတကြီး ရှီကျင့်ဖျင်ရဲ့ ပေါင်းစည်းရေးလုပ်ငန်း တွေကိုလည်း ကျွန်တော်တို့အနေနဲ့ အထူးပဲ အလေး အနက်ထားပါတယ်။ ကျွန်တော်တို့နိုင်ငံကို အတတ် နိုင်ဆုံး    တည်ငြိမ်မှုရှိအောင်လည်း  နိုင်ငံတော် ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင် အနေနဲ့   အထူးပဲ  ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွှေ့  နေ့မအား၊  ညမနား ဆောင်ရွက်လျက်ရှိပါတယ်။ လာမယ့်ကာလတွေမှာတော့  သမ္မတကြီးရှီကျင့်ဖျင် မျှော်မှန်းတဲ့ နှစ်နိုင်ငံချစ်ကြည်ရေးတွေ၊ အပြန် အလှန်   ယဉ်ကျေးမှုဖလှယ်တာတွေ အဲဒါအပြင် အခုဆိုရင်  ကျွန်တော်တို့  ကူမင်းမှာ  ကျင်းပတဲ့  ကုန်စည်ပြပွဲကြီးကို ပြည်ထောင်စုဝန်ကြီး သုံးဦးကို   စေလွှတ်ပြီးတော့မှ တက်ရောက်စေတာဟာ ဒါက  ဘာကိုဖော်ပြသလဲဆိုရင်   တရုတ်နိုင်ငံအပေါ်မှာ  မြန်မာနိုင်ငံရဲ့ အလေးထားမှုကို ဖော်ပြတဲ့သဘော ပါပဲ။ 


ကျွန်တော်တို့ ပြည်ထောင်စုဝန်ကြီး သုံးဦးဟာ စီးပွားရေးကဏ္ဍတွေ၊ လူမှုရေးကဏ္ဍတွေ၊ ပြီးရင် …  အခုမီဒီယာကဏ္ဍမြှင့်တင်ဖို့၊ ထဲထဲဝင်ဝင်ပူးပေါင်း ဆောင်ရွက်ဖို့ နိုင်ငံတော်ဝန်ကြီးချုပ်က စေလွှတ် လိုက်တာ  ဖြစ်ပါတယ်။  လာမယ့်ကာလတွေမှာ   နှစ်နိုင်ငံချစ်ကြည်ရေးက  ပိုပြီးတော့  အရှိန်မြှင့် ပါမယ်။ မြှင့်တင်တဲ့အခါ မီဒီယာကဏ္ဍအနေနဲ့လည်း ပါဝင်မှာ   ဖြစ်ပါတယ်။   မီဒီယာဆိုတာတော့ အင်မတန်ကျယ်ပြန့်ပါတယ်။ ပူးပေါင်းဆောင်ရွက်  သွားမယ်ဆိုရင်        အိမ်နီးနားချင်းနှစ်နိုင်ငံကြား  ချစ်ကြည်ရင်းနှီးမှုတိုးတက်ပြီး     နှစ်နိုင်ငံလုံး တည်ငြိမ်တိုးတက်တဲ့   အနာဂတ်ကို   မလွဲမသွေ ရောက်မယ်လို့ ယုံကြည်ပါတယ်။


မေး    ။    ။    တရုတ်-မြန်မာ   နှစ်နိုင်ငံမီဒီယာက             Belt and Road ၊  လန်ချန်း-မဲခေါင် 
ပူးပေါင်းဆောင်ရွက်မှု စတဲ့ ယန္တရားတွေအောက်မှာ ဘယ်လိုရလဒ်တွေ ရရှိခဲ့ပါသလဲ။ ဆက်သွယ်ရေး နည်းပညာအမျိုးအစားတွေ စုံလင်လာတာနဲ့အမျှ မီဒီယာကလည်း Digital အဖြစ် ပြောင်းလဲလာ ပါတယ်။ နှစ်နိုင်ငံမီဒီယာဆန်းသစ်တီထွင် ပူးပေါင်း ဆောင်ရွက်တဲ့ အနာဂတ်အလားအလာက ဘယ်လို ဖြစ်နိုင်ပါသလဲ။    နှစ်နိုင်ငံ     မီဒီယာပူးပေါင်း ဆောင်ရွက်မှုအပေါ် ဝန်ကြီးအနေဖြင့် ဘယ်လို မျှော်လင့်ချက်တွေ ရှိပါသလဲ။ 


ဖြေ    ။    ။    အခုခေတ်အခါမှာ          မီဒီယာက             ကမ္ဘာကြီးကို လွှမ်းခြုံထားတယ်လို့ 
ပြောလို့ရပါတယ်။  ကမ္ဘာကြီးက ရွာကြီး ဖြစ်လာ နေပြီ။ ယနေ့ ဘယ်နေရာမှာ ဘာဖြစ်တယ် ဆိုတာ ကို   ကမ္ဘာပေါ်မှာနေထိုင်တဲ့   လူသားတိုင်းက ချက်ချင်းသိနေနိုင်တယ်။  မီဒီယာက  အလွန်မြန် တယ်။ ဟိုးအရင်တုန်းကဆိုရင်တော့   ဒီလိုစနစ်တွေ မရှိသေးတဲ့အခါကျတော့     ကိုယ့်နိုင်ငံထဲမှာကို မနီးမဝေးမှာ  ဘာဖြစ်တယ်ဆိုတာ  မသိရဘူး။ အခုကျတော့  ဟိုး … ကမ္ဘာအစွန်းဆုံးမှာရှိတဲ့ နိုင်ငံတွေ အခုဖြစ်တဲ့ ဒီ Current Situation ပေါ့။ လက်ရှိအနေထားကိုတောင်မှ အချိန်နဲ့တစ်ပြေးညီ သိရတယ်။   ဒီအွန်လိုင်းခေတ်၊   အင်တာနက် ခေတ်ကြီးက အတော်ကျယ်ပြန့်တယ်။   မီဒီယာဟာ  ဒီလိုကျယ်ပြန့်တဲ့အခါမှာ အလွန်ကို အရေးကြီးတဲ့  ကဏ္ဍကို ရောက်လာပြီ။   


မြန်မာနိုင်ငံကိုပဲ        ပြန်ကြည့်မယ်ဆိုရင် ဒီနေ့  မီဒီယာကြီးတွေရဲ့ လွှမ်းမိုးမှုက တော်တော် လေးကို ထဲထဲဝင်ဝင်နဲ့  နိုင်ငံရဲ့ အခြေအနေကို၊ တိုးတက်မှုကို နှောင့်နှေးအောင် လုပ်တာတွေလည်း တွေ့ရတယ်။ ဆိုလိုတဲ့ သဘောကတော့ သတင်းတု၊ သတင်းမှားတွေကြောင့်ပါ။       မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့       သတင်းအမှန်တွေကို   အိမ်နီးချင်းနိုင်ငံတွေရော၊       ကမ္ဘာ့နိုင်ငံတွေ အားလုံးကို   မသိရအောင်လို့    နည်းပညာနဲ့ဖြစ်စေ၊  တခြား နိုင်ငံရေးနည်းလမ်းတွေနဲ့ဖြစ်စေ ဖုံးလွှမ်း ပြီးတော့ မဟုတ်တဲ့ သတင်းတု၊ သတင်းမှားတွေကိုပဲ     ကမ္ဘာ့နိုင်ငံအသီးသီးကို        ရောက်အောင်လို့ တချို့သောနိုင်ငံကြီးတွေက     စီမံဆောင်ရွက်နေ တာကို တွေ့ရပါတယ်။   ဒီတော့ ဝမ်းနည်းဖွယ်ရာလို့ပဲ ပြောရမှာပါ။ 


အမှန်တကယ် ပကတိမြန်မာနိုင်ငံရဲ့ အနေ အထားကို ပြည်ပနိုင်ငံတွေက မသိတဲ့အခါ  အထင် အမြင်လွဲမှားမှုတွေ၊ နားလည်မှုတွေ၊ ယုံကြည်မှုတွေ လျော့ပါးတဲ့အခါမှာ    နှစ်နိုင်ငံဆက်ဆံရေးတွေ၊ ချစ်ကြည်ရေးတွေကလည်း တကယ့်ကို  လျော့ပါး စေတာကို တွေ့ရတယ်။ ဒါကြောင့် ယနေ့မီဒီယာဟာ အရေးကြီးတဲ့   အခန်းကဏ္ဍကို   ရောက်လာပြီ။   ကျွန်တော်တို့  ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ဆိုရင်  အတတ်နိုင်ဆုံး  သတင်းတု၊  သတင်းမှား တွေကို  ချေဖျက်ပြီးတော့  သတင်းအမှန်တွေကို ပြည်သူတွေသိအောင်     နိုင်ငံအတွင်းမှာတော့     အတိုင်းအတာတစ်ခုအထိ   ဆောင်ရွက်နေနိုင်ပြီ ဖြစ်ပါတယ်။ သို့သော်လည်း  ပြည်ပနိုင်ငံအသီးသီးကို ရောက်ရှိဖို့လိုနေသေးတယ်။ 


ဒါကြောင့် ယနေ့ ဒီတရုတ်နိုင်ငံရဲ့ကူမင်းမြို့ကို ရောက်တဲ့အခါမှာတော့ ဒီမှာရှိတဲ့ YMG အဖွဲ့နဲ့လည်း အခုပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီတဲ့ အနေ အထားရှိပါတယ်။ MoU ကတော့ အဆင့်ဆင့်သွားရ မှာပေါ့။ အခုဆွေးနွေးထားပြီး ဖြစ်ပါတယ်။ အပြန်  အလှန် သတင်းတွေဖလှယ်ဖို့  စီစဉ်ထားပါတယ်။ နောက်တစ်ခါ CMG ပေါ့နော်။ CMG နဲ့လည်း MoU ထိုးဖို့အဆင့်     စီမံဆောင်ရွက်နေပြီဖြစ်ပါတယ်။ နောက်ယူနန်မှာရှိတဲ့  Yunan TV  နဲ့လည်း  ထဲထဲ ဝင်ဝင်  နှစ်ဦးသဘောတူ တွေ့ဆုံပြီးရင်  နံပါတ် (၁) ကတော့ သတင်းဖလှယ်မယ်။ နံပါတ် (၂) ကတော့ အပြန်အလှန်သွားလာ၊ အပြန်အလှန် လေ့လာကြ မယ်။ ကျွန်တော်တို့နိုင်ငံရဲ့ မီဒီယာအနေအထား ကိုလည်း ဒီဘက်က လေ့လာပြီးရင် လိုအပ်တာတွေ ကို ကူညီဆောင်ရွက်ပေးနိုင်အောင် ဖြစ်ပါတယ်။ ပြီးတော့ “Entertainment” အပိုင်း၊   “Entertain-ment” ဆိုတော့ ယဉ်ကျေးမှုနဲ့ ဆိုင်သွားတယ်။ ကူမင်းမှာရှိတဲ့    တရုတ်နိုင်ငံသူ   နိုင်ငံသားများရဲ့ ယဉ်ကျေးမှုတွေ   ဓလေ့၊   အလေ့အထတွေ၊   နောက် ဇာတ်လမ်းတိုတွေ၊          ဇာတ်လမ်းတွဲတွေကို ကျွန်တော်တို့ပြည်သူတွေ   ကြည့်ခြင်းအားဖြင့် တရုတ်နိုင်ငံရဲ့ယဉ်ကျေးမှု၊      တရုတ်နိုင်ငံသူ  နိုင်ငံသားတွေရဲ့ သဘောသဘာဝတွေကို ခံစားရ တယ်။ ဒီလိုပဲ မြန်မာနိုင်ငံက ရိုက်တဲ့ ဇာတ်လမ်းတွဲ တွေ၊ မြန်မာ့ယဉ်ကျေးမှုတွေကို ဒီဘက်ကို အပြန် အလှန် ပို့ပေးခြင်းအားဖြင့်လည်း တရုတ်နိုင်ငံသူ  နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား ပေါင်းစုံပါဝင်တဲ့  မြန်မာ့လူမျိုးတွေရဲ့ ဓလေ့စရိုက်ကို သိရပါမယ်။ လူဆိုတာက ပုဂ္ဂိုလ်မင်မှ လုပ်ငန်းတွေ က ပိုပြီးတိုးတက် အောင်မြင်ပါတယ်။ အဲဒီတော့  လူပုဂ္ဂိုလ်ဆိုတာ   နှစ်နိုင်ငံ   ပြည်သူအချင်းချင်း     အပြန်အလှန် နားလည်မှုရှိကြမယ်ဆိုရင် ဘာပဲ ပြောပြော  ယဉ်ကျေးမှုတွေ  တိုးလာတာနဲ့အမျှ နှစ်နိုင်ငံအစိုးရအချင်းချင်း ဆက်ဆံမှုတွေကလည်း ပိုပိုပြီးတော့ ချစ်ကြည်ရင်းနှီးမှုတွေက နီးကပ်လာမှာ ဖြစ်ပါတယ်။     


ကျွန်တော်တို့အနေနဲ့တော့ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့   တရုတ်နိုင်ငံရဲ့   အကူအညီနဲ့   ယနေ့ ကျွန်တော်တို့နိုင်ငံရဲ့     သတင်းအမှန်တွေကို ကမ္ဘာကြီးသိအောင်၊  ကျွန်တော်တို့က  သတင်းတု တွေ၊ သတင်းအမှားတွေကို မပေးပါဘူး။ တကယ့်ကို ပကတိဖြစ်ရပ်မှန် သတင်းအမှန်တွေ၊ နိုင်ငံတော် အစိုးရက စိစစ်ထားပြီးသား သတင်းအမှန်တွေကို  တရုတ်မီဒီယာတွေကနေ ကမ္ဘာကြီးကို ဖြန့်ကြက် ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေ မှန်တွေကို  ကမ္ဘာကပိုမိုသိရှိပြီးမှ  အနာဂတ်မှာ ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ်မှု၊ တိုးတက်မှုတွေကို အနှေးနဲ့အမြန်    ရောက်လာမယ်လို့    ယုံကြည် ပါတယ်။ 


ဒီကူမင်းမြို့ကို ရောက်လာခြင်းဟာ ကျွန်တော့် အတွက် အထူးပဲ ရင်ထဲမှာ ကျေနပ်ပီတိဖြစ်မိပါ တယ်။ ယနေ့ မီဒီယာကဏ္ဍ ဆက်ဆံမှုဟာ တကယ့် ကို အရှိန်မြှင့်တဲ့ အနေအထားကိုလည်း တွေ့ရတယ်။ အပြန်အလှန် ယုံကြည်မှုတွေ၊ နားလည်မှုတွေလည်း ရှိနေတဲ့အခါ   ကျွန်တော်   ဒီကပြန်သွားပြီးရင် နောက်ပိုင်းမှာ   ဒီထက်ပိုမိုပြီးတော့မှ   နီးစပ်တဲ့၊ နီးကပ်တဲ့   မီဒီယာဆက်ဆံရေးနဲ့    မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအပါအဝင်  ဒေသကြီးတစ်ခုလုံးရောက်ဖို့ မီဒီယာနည်းလမ်းနဲ့    တတ်နိုင်သရွေ့   ပူးပေါင်း ဆောင်ရွက်သွားမယ်လို့  ပြောချင်ပါတယ်။  
အခုလိုဖြေကြားပေးတဲ့အတွက် ပြည်ထောင်စု ဝန်ကြီးကို ကျေးဇူးအများကြီး တင်ပါတယ်။