
နေပြည်တော် ဩဂုတ် ၂၄
ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့ Hotel Mulia Senayan ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည့် အာဆီယံဘဏ္ဍာရေး နှင့် ကျန်းမာရေးဝန်ကြီးများ ပူးတွဲအစည်းအဝေးသို့ တက် ရောက်သည်။
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
အစည်းအဝေးတွင် ပူးတွဲ ဥက္ကဋ္ဌများဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံဘဏ္ဍာရေးဝန်ကြီးနှင့် ကျန်းမာ ရေးဝန်ကြီးတို့က အမှာစကား ပြောကြားကြပြီး ကပ်ရောဂါ တုံ့ပြန်ရေးလုပ်ငန်းများ၏ ဘဏ္ဍာ ငွေ လိုအပ်ချက်များနှင့် ဖြေရှင်း နိုင်မည့် နည်းလမ်းများဆိုင်ရာ ဆန်းစစ်သုံးသပ်ချက်ကို အာရှ ဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူက လည်းကောင်း၊ အာဆီယံ ကိုဗစ်-၁၉ နှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်တုံ့ပြန်ရေး ဘဏ္ဍာငွေ ကိစ္စရပ်များကို အာဆီယံအတွင်း ရေးမှူးအဖွဲ့ရုံးမှ တာဝန်ရှိသူက လည်းကောင်း တင်ပြ၍ တက် ရောက်လာကြသည့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ဘဏ္ဍာရေး ဝန်ကြီးများနှင့် ကျန်းမာရေး ဝန်ကြီးများက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ဆွေးနွေးရာတွင် အာရှဖွံ့ဖြိုးရေးဘဏ်မှ တင်ပြ ဆွေးနွေးခဲ့သည့် ပြည်သူ့ကျန်းမာ ရေး အရေးပေါ်ကြိုတင်ပြင်ဆင်မှု နှင့် တုံ့ပြန်မှုတွင် ဘဏ္ဍာငွေ လိုအပ်ချက်များ၊ ကွာဟချက် များနှင့် စပ်လျဉ်းသည့် လေ့လာ ဆန်းစစ်မှုသည် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ မူဝါဒများချမှတ်ရာ တွင် အသုံးချနိုင်ရေး ကောင်းမွန် သော လေ့လာဆန်းစစ်မှုတစ်ခု ဖြစ်ကြောင်း၊ ကပ်ရောဂါကာလ အတွင်း ကမ္ဘာတစ်ဝန်းရှိ အခြား နိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်သည် ကပ် ရောဂါ၏ ကြီးမားသောစိန်ခေါ် မှုများကို ရင်ဆိုင်ခဲ့ရကြောင်း၊ သို့ရာတွင် “လူ့အသက်ထက် အရေးကြီးတာမရှိ” ဟူသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ မူဝါဒနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာန အပါ အဝင် သက်ဆိုင်ရာဝန်ကြီးဌာန များ၊ စေတနာရှင်များ၊ ပုဂ္ဂလိက ကဏ္ဍအဖွဲ့အစည်းများနှင့် ပြည်သူ လူထု၏ စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ကပ်ရောဂါကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြောင်း။
ပူးပေါင်းဆောင်ရွက်သွားမည်
ကျန်းမာရေးဝန်ကြီးဌာနအနေ ဖြင့် ကပ်ရောဂါအတွက် လိုအပ် သော ဘဏ္ဍာငွေများ အချိန်နှင့် တစ်ပြေးညီ ရရှိနိုင်ရေး စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင် ရွက်ရာ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ အထူးရန်ပုံ ငွေတစ်ရပ်ကို တည်ထောင်နိုင်ခဲ့ သကဲ့သို့ လိုအပ်သော ကာကွယ် ဆေးများ ဝယ်ယူရရှိနိုင်ရေး ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူ ရရှိရေးရန်ပုံငွေကို ထူထောင် ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် နောင်ဖြစ်ပေါ် လာနိုင်မည့် ကပ်ရောဂါများအတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း၍ ကျန်းမာရေးစနစ် ခိုင်မာစေရေး လုပ်ငန်းများကို စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အာဆီယံဘဏ္ဍာ ရေးနှင့် ကျန်းမာရေးဝန်ကြီးများ ပူးတွဲအစည်းအဝေး ကြော်ငြာ စာတမ်းကို အတည်ပြုထုတ်ပြန် ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်၍ နံနက်ပိုင်း အစည်းအဝေးကို ရုတ်သိမ်းခဲ့သည်။
ဝိုင်းဝန်းဆွေးနွေး
မွန်းလွဲပိုင်းတွင် အာဆီယံ ကျန်းမာရေးဝန်ကြီးများ အစည်း အဝေး ပထမနေ့ကို အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့ Hotel St. Regis ၌ ကျင်းပရာ အင်ဒိုနီးရှား နိုင်ငံ ကျန်းမာရေးဝန်ကြီးက အမှာစကား ပြောကြား၍ ASEAN Political Security Community ဆိုင်ရာ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်နှင့် အဖွဲ့က အာဆီယံ ပြည်သူ့ကျန်းမာရေး အရေးပေါ်လုပ်ငန်းအဖွဲ့ ဖွဲ့စည်း နိုင်ရေး အာဆီယံလုပ်ငန်း ညှိနှိုင်း ရေးကောင်စီ၏ ဆုံးဖြတ်ချက်များ၊ အာဆီယံ ကိုဗစ်-၁၉ တုံ့ပြန်ရေး ရန်ပုံငွေ သက်တမ်းတိုးရေး ကိစ္စရပ်များ၊ အာဆီယံဒေသတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပူပေါင်းဆောင်ရွက် ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံ ရန်ပုံငွေဆိုင်ရာ ကိစ္စရပ်များကို တင်ပြကြရာ တက်ရောက်လာသူ များက ဝိုင်းဝန်းဆွေးနွေးကြပြီး ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် အင်ဒိုးနီးရှားနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက တည်ခင်းဧည့်ခံသည့် ညစာစားပွဲ ကို တက်ရောက်ကြသည်။
အဆိုပါ အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများ၊ ကျန်းမာ ရေးဝန်ကြီးများ၊ အာရှဖွံ့ဖြိုးရေး ဘဏ်မှ တာဝန်ရှိသူများ၊ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ၊ အာဆီယံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်ရုံးများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်