
နေပြည်တော် ဩဂုတ် ၂၄
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော် များ၏ (၂၅) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက တရားရုံးများသည် တရား စီရင်ရေး ဖြောင့်မတ်မှန်ကန်ရေး၊ တရားရေး မဏ္ဍိုင် တည့်မတ်ခိုင်မာရေးအတွက် အဓိကတာဝန်ရှိကြောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူအများ ယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ်ပေါ်ထွန်းရေး၊ အမှု အခင်းများကို ဥပဒေနှင့်အညီ မှန်မှန် နှင့်မြန်မြန် စီရင်ဆုံးဖြတ်ရေး၊ တရားရုံး များ၏ ဂုဏ်သိက္ခာမြှင့်တင်ရေးစသည့် အဓိကလုပ်ငန်းတာဝန်များကို အောင်မြင် အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း၊ သီးသန့်တရားရုံးဖြင့် ရုံးထိုင်စစ်ဆေးနေသည့် အမှုများကိုလည်း ကြန့်ကြာမှုမရှိစေဘဲ မှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်ရေးအတွက် ဆောင်ရွက် ကြရန်ဖြစ်ကြောင်း၊ သက်သေခံပစ္စည်းများ စီမံခန့်ခွဲခြင်းနှင့်စပ်လျဉ်း၍ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များကိုလည်း တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ တရားရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်း များအနေဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုရှိရေး၊ လုပ်ရည် ကိုင်ရည်အရည်အသွေးမြင့်မားရေး၊ အဂတိ လိုက်စားမှုကင်းရှင်းရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေး၊ စိတ်ဓာတ်မြင့်မားရေးတို့အတွက်လည်း ကြပ်မတ်လမ်းညွှန် ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ တရား စီရင်ရေး ငါးနှစ်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) ၏ ပထမနှစ်လုပ်ငန်း အစီအစဉ် (၂၀၂၃) အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဖြစ် ကြောင်း။
၁၀၉၉၉၉ မှု စစ်ဆေးပြီး
မှုခင်းများစစ်ဆေးစီရင်ခဲ့မှုနှင့် စပ်လျဉ်း ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ပြည်ထောင်စုတရား လွှတ်တော်ချုပ်တွင် ရာဇဝတ်အမှုပေါင်း ၇၄၇ မှု လက်ခံရရှိပြီး ၅၈၆ မှု စစ်ဆေး ပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း ၁၁၀၆ မှု လက်ခံရရှိပြီး အမှု ၈၂၀ စစ်ဆေးပြီးပြတ်ကြောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်တရားလွှတ်တော်များတွင် ရာဇဝတ်အမှုပေါင်း ၂၆၉၃ မှု လက်ခံ ရရှိပြီး ၂၅၂၉ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း ၂၅၇၅ မှု လက်ခံ ရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၅၃ မှု အပါအဝင်) ၂၆၂၈ မှု စစ်ဆေးပြီးပြတ် ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံး များနှင့် ခရိုင်တရားရုံးများတွင် ရာဇဝတ် အမှုပေါင်း ၁၁၉၁၅ မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၁၀၉၀ မှု အပါ အဝင်) ၁၃၀၀၅ မှု စစ်ဆေးပြီးပြတ် ကြောင်း၊ တရားမအမှုပေါင်း ၇၈၃၀ လက်ခံရရှိပြီး ၇၈၂၄ မှု စစ်ဆေးပြီးပြတ် ကြောင်း၊ မြို့နယ်တရားရုံးများတွင် ရာဇဝတ်အမှုပေါင်း ၁၀၆၃၆၀ မှု လက်ခံ ရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၃၆၃၉ မှု အပါအဝင်) ၁၀၉၉၉၉ မှု စစ်ဆေး ပြီးပြတ်ကြောင်း။
မှန်ကန်မြန်ဆန်စွာစစ်ဆေး
တရားမအမှုပေါင်း ၉၂၆၁ မှု လက်ခံ ရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၈၃၁ မှု အပါအဝင်) ၁၀၀၉၂ မှု စစ်ဆေးပြီးပြတ် ကြောင်း၊ ဥပဒေအရတည်ထောင်သော အခြား တရားရုံးများဖြစ်သည့် ကလေး သူငယ်တရားရုံး (ရန်ကုန်နှင့်မန္တလေး) တွင် ကလေးသူငယ်ဥပဒေအရ စွဲဆို တင်ပို့သည့် အမှုပေါင်း ၂၁၇ မှု လက်ခံ ရရှိပြီး ၁၉၉ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ စည်ပင် သာယာတရားရုံး (နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေး) တို့တွင် စည်ပင် သာယာ ဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း ၁၇၄၉ မှု လက်ခံရရှိပြီး ၁၇၃၃ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ မော်တော် ယာဉ်တရားရုံး (နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေး) တို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်၍ မော်တော် ယာဉ်ဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း ၄၃၃၂၀ မှုကို စစ်ဆေးစီရင်ခဲ့ကြောင်းနှင့် ဆက်လက်၍လည်း အမှုများကြန့်ကြာမှု မရှိစေဘဲ မှန်ကန်မြန်ဆန်စွာ စစ်ဆေး ပြီးပြတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားကြရန်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြား ရေးမှူးများ တက်ရောက်ကြပြီး တိုင်း ဒေသကြီး/ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားရေးဦးစီးမှူးများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြ သည်။
သတင်းစဉ်