နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့ နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်

 

နေပြည်တော်   ဩဂုတ်   ၂၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊  ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး  ရာပြည့်   ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၂၀ ရက်မှ ၂၃ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ လာဘွန်ဘာဂျိုးမြို့တွင် ကျင်းပသည့် (၁၇) ကြိမ်မြောက်  နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အာဆီယံ ဝန်ကြီးအဆင့်   အစည်းအဝေးနှင့်ဆက်စပ်အစည်း အဝေးများ (17th ASEAN Ministerial Mee-ting on Transnational Crime and its Related Meetings – 17th AMMTC) ကို တက်ရောက်ခဲ့ပြီး ယနေ့နံနက်ပိုင်း တွင် အင်ဒိုနီးရှားနိုင်ငံ လာဘွန်ဘာဂျိုးမြို့မှ  ရန်ကုန် မြို့သို့  လေကြောင်းခရီးဖြင့်  ပြန်လည်ရောက်ရှိရာ  ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီး များနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြ သည်။      


17th AMMTC နှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကို အင်ဒိုနီးရှားနိုင်ငံ လာဘွန်ဘာဂျိုး မြို့  MERUORAH  Hotel   (မယ်ရိုရာဟိုတယ်) ၌ ဩဂုတ် ၂၁ ရက်  နံနက် ၉ နာရီခွဲတွင် ကျင်းပရာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ၊ လေ့လာသူ အရှေ့တီမော နိုင်ငံတို့မှ  ဝန်ကြီးအဆင့်များနှင့်  အဆင့်မြင့်အရာ ရှိကြီးများ၊ အာဆီယံဒုတိယအထွေထွေအတွင်းရေး မှူးချုပ်နှင့်  တာဝန်ရှိသူများ   တက်ရောက်ခဲ့ကြ သည်။ ဖွင့်ပွဲအခမ်းအနားတွင် အာဆီယံနိုင်ငံများ၏ အလံတင်အခမ်းအနားပြုလုပ်ခြင်း၊    အင်ဒိုနီးရှား နိုင်ငံတော်သီချင်းနှင့် အာဆီယံသီချင်းတို့ကို ဖွင့်လှစ် ခြင်း၊  အာဆီယံ  ၁၀  နိုင်ငံမှ   AMMTC ခေါင်းဆောင်/ ဝန်ကြီးအဆင့်များ  တစ်ဦးချင်း    မိတ်ဆက်ခြင်း၊ အိမ်ရှင်အင်ဒိုနီးရှားနိုင်ငံ၏ AMMTC ခေါင်းဆောင်၊ အင်ဒိုနီးရှား အမျိုးသားရဲအဖွဲ့ ရဲချုပ်၊ ရဲဗိုလ်ချုပ်ကြီး Listyo Sigit Prabowo က နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒိုက Video  Clip  ဖြင့်   မိန့်ခွန်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတက်ရောက်လာသည့် ဝန်ကြီးအဆင့်များနှင့်   အာဆီယံဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်တို့    စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကြသည်။ 


(၁၇) ကြိမ်မြောက်   နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့်အစည်းအဝေး  ပထမနေ့ကို ဩဂုတ် ၂၁ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မယ်ရိုရာဟိုတယ် ကိုမိုဒိုခန်းမ ၌ စတင်ကျင်းပရာ အိမ်ရှင်အင်ဒိုနီးရှားနိုင်ငံ AMMTC ခေါင်းဆောင်က  သဘာပတိအဖြစ်ဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြားခြင်း၊ အာဆီယံဒုတိယ အထွေထွေအတွင်းရေးမှူးချုပ်က အာဆီယံ၏ဖြစ်ပေါ် တိုးတက်မှု  လက်ရှိအခြေအနေများကို   ရှင်းလင်း တင်ပြခြင်း၊    အာဆီယံလူဝင်မှုကြီးကြပ်ရေးဌာန  ညွှန်ကြားရေးမှူးချုပ်များနှင့်   နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ကောင်စစ်ရေးရာဌာနများ၏ (၂၆) ကြိမ်မြောက် အစည်းအဝေးများ၏အစီရင်ခံစာ ရှင်းလင်းတင်ပြခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။ 


ထိရောက်အားကောင်းစေရန်လို


ထို့နောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ AMMTC ခေါင်းဆောင်/ဝန်ကြီးအဆင့်များက အာဆီယံဒေသ တွင်း  နိုင်ငံဖြတ်ကျော်မှုခင်းများ   တိုက်ဖျက်ရေးနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြရာ မြန်မာ နိုင်ငံ၊ AMMTC ခေါင်းဆောင်၊ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်မှု အညွှန်းကိန်းအစီရင် ခံစာ  (၂၀၂၃) အရ   အကြမ်းဖက်အုပ်စုများသည် မောင်းသူမဲ့ဒရုန်းများကို     စတင်အသုံးပြုလာရာ အနာဂတ်အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာကြောင်း ပြောကြားပြီး  မြန်မာနိုင်ငံတွင်   အမည်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့အစည်း PDFs များ၏  အကြမ်းဖက်တိုက်ခိုက်မှုကြောင့်   အပြစ်မဲ့ ပြည်သူ၊  ရဟန်းသံဃာ၊   သီလရှင်သေဆုံးမှုများ၊ ကျန်းမာရေးဆိုင်ရာအဆောက်အဦ၊  လမ်း၊ တံတား၊ လျှပ်စစ်နှင့် ဆက်သွယ်ရေးတာဝါတိုင်/ အဆောက် အဦများ ပျက်စီးဆုံးရှုံးမှုများ၊ Online လိမ်ညာမှုနှင့် ဆက်စပ်ဖြစ်ပေါ်နေသော လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်နေမှုများ၊ ဆိုက်ဘာမှုခင်းတိုက်ဖျက်ရေး ဆောင်ရွက်မှုများနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး နိုင်ငံဖြတ်ကျော် မှုခင်းများနှင့် ဒေသတွင်းရာဇဝတ်မှုခင်းများ တိုက်ဖျက် ရေးတွင်  ဒေသအဆင့်နှင့်    နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှု ထိရောက်အားကောင်းစေရန် လိုအပ် ချက်များကို အကြံပြုဆွေးနွေးသည်။ 


17th AMMTC  အစည်းအဝေးတွင်   အာဆီယံ ဒေသတွင်း နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး ထိရောက်စွာပူးပေါင်းဆောင်ရွက်နိုင်မည့် ထုတ်ပြန် ကြေညာချက် ၃ ရပ်၊ ပူးတွဲကြေညာချက် တစ်ခုနှင့် အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ ဆိုက်ဘာမှုခင်း၊ လက်နက် မှောင်ခိုမှုများဆိုင်ရာ လုပ်ငန်းစီမံချက် လေးခု၊ ပေါင်း ရှစ်ခုတို့ကို အသေးစိတ်ဆွေးနွေး/အကြံပြုခဲ့ကြပြီး အတည်ပြု၍ အစည်းအဝေးအစီအစဉ်များအတိုင်း ဆက်လက်ကျင်းပသည်။


ပွင့်လင်းစွာဆွေးနွေး 


အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး   ရာပြည့်နှင့်   တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊   ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Xu Datong တို့သည် နှစ်နိုင်ငံ သီးခြားတွေ့ဆုံ၍ မြန်မာ-တရုတ် နှစ်နိုင်ငံလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်စပ်ဒေသစီမံခန့်ခွဲရေး ဆိုင်ရာ MoU အရ  ဝန်ကြီးအဆင့်   အစည်းအဝေး ကျင်းပရေး၊ မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင်ဖြစ်ပေါ် နေသော Online လိမ်ညာမှု  မှုခင်းများတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှင့်ထိန်းချုပ်ဓာတုပစ္စည်းများ အန္တရာယ် ကာကွယ်တားဆီးနှိမ်နင်းနိုင်ရေးတို့တွင်    သတင်း အချက်အလက်ဖလှယ်ရေးနှင့်    နှစ်နိုင်ငံ   ပူးပေါင်း ဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်လဲလှယ်ခဲ့ကြသည်။ 


အစည်းအဝေးဒုတိယနေ့ကို ဩဂုတ် ၂၂ ရက်တွင် အဆိုပါဟိုတယ်၌ ဆက်လက်ကျင်းပရာ  အာဆီယံဆွေးနွေးဖက်နိုင်ငံများဖြစ်သော အာဆီယံအပေါင်း ၃ (တရုတ်၊ ဂျပန်၊ ကိုရီးယား) 13th AMMTC + 3 Consultation အစည်းအဝေးကို နံနက် ၉ နာရီတွင် လည်းကောင်း၊ တရုတ်နိုင်ငံနှင့်  10th  AMMTC + China Consultation အစည်းအဝေးကို နံနက် ၁၀ နာရီတွင်လည်းကောင်း  ကျင်းပရာ   မြန်မာနိုင်ငံ AMMTC ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Xu Datong တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြ သည်။

အစည်းအဝေးတွင်   ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အကြမ်းဖက်သမား များနှင့်  ရာဇဝတ်ဂိုဏ်းများသည်  Globalization ကြောင့် ဖြစ်ပေါ်လာသည့်နည်းပညာအခွင့်အလမ်း များကို  အသုံးချကျူးလွန်လျက်ရှိရာ ထိရောက်စွာ တိုက်ဖျက်နိုင်ရေးနှင့်လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု များဖြေရှင်းနိုင်ရန်   လက်တွေ့ကျသည့်   ပူးပေါင်း ဆောင်ရွက်မှုများ အကောင်အထည်ဖော်မှုများ လိုအပ် ပါကြောင်း၊  အာဆီယံနှင့်   တရုတ်နိုင်ငံတို့အကြား သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာကိစ္စရပ် များ၊ ပူးပေါင်းဆောင်ရွက်ရေးအတွက်  နားလည်မှု စာချွှန်လွှာ  (၂၀၁၇-၂၀၂၃)   အကောင်အထည်ဖော်မှု တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။ 


ပူးတွဲထုတ်ပြန်ချက်ကို အတည်ပြု


အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အကြံပြုချက်နှင့် ဆွေးနွေးမှုများကို ပေါင်းစပ်ညှိနှိုင်း ပေးခြင်း၊ 10th AMMTC + China Consultation ၏ ပူးတွဲထုတ်ပြန်ချက်ကို အတည်ပြုခြင်းတို့ ဆောင်ရွက် နိုင်ခဲ့သည်။ 


ထို့နောက် ဂျပန်နိုင်ငံနှင့် 8th AMMTC + Japan Consultation  အစည်းအဝေးကို  လည်းကောင်း၊ ကိုရီးယားနိုင်ငံနှင့် 3rd AMMTC + ROK Consultation အစည်းအဝေးကိုလည်းကောင်း ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ပြီး 8th AMMTC + Japan အစည်းအဝေး တွင် ဂျပန်နိုင်ငံ AMMTC ခေါင်းဆောင်က မြန်မာနိုင်ငံ ပြည်တွင်းရေးနှင့် ပတ်သက်သည့်အခြေအနေများကို ဝေဖန်ပြောဆိုခဲ့မှုအပေါ်   ပြည်ထောင်စုဝန်ကြီးက ပြန်လည်တုံ့ပြန်ပြောကြားရာတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားနိုင်ငံတစ်ခု က ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ခြင်းအားဖြင့် ဒေသတွင်းအကျိုးစီးပွား ကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ယနေ့အစည်း အဝေးသည် အာဆီယံဒေသတွင်း   နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် သည့်ဆွေးနွေးမှုနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ပူးပေါင်း ဆောင်ရွက်မှုကိုသာ    ဆွေးနွေးရန်ဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုများသည် ပြည်တွင်း ရေးမျှသာဖြစ်ပြီး ဒေသတွင်းအရေးကိစ္စ  မဟုတ်ပါ ကြောင်း၊ ယခုလိုဒေသတွင်းအစည်းအဝေးများတွင် ဆွေးနွေးမည်မဟုတ်ပါကြောင်း၊ မြန်မာ့နိုင်ငံရေးနှင့် စပ်လျဉ်း၍  ဆွေးနွေးလိုသည်များရှိပါက  နှစ်နိုင်ငံ တွေ့ဆုံပြီး သီးခြားဆွေးနွေးနိုင်ပါကြောင်း ပြန်လည် ပြောကြားခဲ့သည်။


(၁၇) ကြိမ်မြောက်  နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးအာဆီယံဝန်ကြီးအဆင့် အစည်းအဝေး နှင့်ဆက်စပ်အစည်းအဝေးများတွင် ထုတ်ပြန်မည့် ကြေညာချက်များနှင့်   လုပ်ငန်းစီမံချက်များအား အတည်ပြုနိုင်ရေးအတွက် အဆင့်မြင့်အရာရှိကြီးများ အဆင့် ကြိုတင်ညှိနှိုင်းအစည်းအဝေး (Preparatory SOMTC) ကို ဩဂုတ် ၂၀ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင် အဆိုပါဟိုတယ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ  မြန်မာနိုင်ငံ   SOMTC  ခေါင်းဆောင် ဒုတိယရဲချုပ်၊ ရဲဗိုလ်ချုပ် အောင်အောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။        

သတင်းစဉ်