
ပဲခူး ဩဂုတ် ၂၄
ပဲခူးမြို့နယ် ရွာသစ်ကျေးရွာ၌ မဲခေါင် - လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် သံရည်ကျိုပုံသွန်းလောင်းသင်တန်း စာတွေ့၊ လက်တွေ့သင်ကြားပို့ချနေမှုကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းနှင့်အဖွဲ့သည် သြဂုတ် ၂၃ ရက် မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က သင်တန်းဖွင့်လှစ်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ကျေးလက် သက်မွေးစီးပွားလုပ်ငန်းများဖြစ်သည့် ကျွဲမွေးမြူရေး၊ ဝက်မွေးမြူရေးနှင့် သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းသည် ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ပဲခူးခရိုင်နှင့် ညောင်လေးပင်ခရိုင် ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
မောင်ကျော်ကြီး