ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် စာသင်ကျောင်းခြောက်ကျောင်း ယာယီပိတ်ထားရ

 

ပွင့်ဖြူ    ဩဂုတ်    ၂၂

မကွေးတိုင်းဒေသကြီး      ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ      မြင့်တက်လာမှုကြောင့် အခြေခံပညာစာသင်ကျောင်း ခြောက်ကျောင်း တွင်  မြစ်ရေများ ဝင်ရောက်ခဲ့သဖြင့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ဘေးအန္တရာယ်ကင်းစေရန်အတွက်   ဩဂုတ် ၁၈ ရက်ကစပြီး   ယာယီပိတ်ထားခဲ့ရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 


မြစ်ရေဝင်ရောက်မှုကြောင့်        ယာယီ ပိတ်ထားရသည့်  အခြေခံပညာကျောင်းများမှာ သံကိုင်းကျေးရွာ    အခြေခံပညာမူလတန်း ကျောင်း၊    သိမ်ကုန်းကျေးရွာ    အခြေခံပညာ မူလတန်းကျောင်း     ဇီးကျွန်းကျေးရွာအခြေခံ ပညာအထက်တန်းကျောင်းခွဲ ၊       ကံလှကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊     ကျောင်းစု ကျေးရွာ  အခြေခံပညာမူလတန်းကျောင်းနှင့် ကျွဲတိကျေးရွာအုပ်စုရှိ ကူကြီးကျေးရွာ အခြေခံ ပညာမူလတန်းကျောင်းတို့ဖြစ်ပြီး        မြစ်ရေ ပြန်လည်ကျဆင်းသည်အထိ   ယာယီပိတ်ထား မည်ဖြစ်ကြောင်း သိရသည်။      


အဆိုပါယာယီပိတ်ထားရသည့်       စာသင် ကျောင်းများ  ကျောင်းပြန်လည်ဖွင့်ချိန်တွင် စာသင်ရက်များ အစားထိုး၍ စနစ်တကျ ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာ ရေးမှူး ဒေါ်ညွန့်ညွန့်ဌေးထံမှ သိရသည်။  

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)