
ရန်ကုန် ဩဂုတ် ၂၂
၂၀၂၃ ခုနှစ် ဩဂုတ် ၂၃ ရက်မှ ၂၉ ရက် အထိ ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပ ပြုလုပ်မည့် ၂၀၂၃ ခုနှစ် အာရှသက်ငယ်တန်း အားကစားပြိုင်ပွဲ (Asia Junior Sports Exchange Games 2023) သို့ မြန်မာ အားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်နှင့် မြန်မာအားကစားအဖွဲ့သည် ယနေ့ည ၇ နာရီတွင် လေယာဉ်အမှတ် TG- 304 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာရာ အားကစားနှင့် ကာယ ပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြား ရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်နှင့် တာဝန်ရှိသူများ လိုက်လံပို့ဆောင် နှုတ်ဆက်ကြသည်။
အဆိုပါ အားကစားအဖွဲ့တွင် အသင်း အုပ်ချုပ်သူ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် မှ ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦးနှင့် နည်းပြ တစ်ဦး၊ စားပွဲတင်တင်းနစ် အားကစားနည်း မှ နည်းပြတစ်ဦး၊ အားကစားသမား ခြောက်ဦး၊ ကြက်တောင်အားကစားနည်းမှ နည်းပြနှစ်ဦး၊ အားကစားသမား ခြောက်ဦး၊ မသန်စွမ်း စားပွဲ တင် တင်းနစ်အားကစားနည်းမှ နည်းပြတစ်ဦး၊ အားကစားသမားတစ်ဦးနှင့် မသန်စွမ်း ကြက် တောင်အားကစားနည်းမှ နည်းပြတစ်ဦး၊ အား ကစားသမားတစ်ဦး စုစုပေါင်း ၂၁ ဦးတို့ လိုက်ပါ သွားကြောင်း သိရသည်။
အားကာမောင်