ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ၂၀၂၃ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ပြည်နယ်အဆင့်ဖွင့်ပွဲအခမ်းအနား တက်ရောက်

 

စစ်တွေ    ဩဂုတ်  ၂၂


၂၀၂၃ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ပြည်နယ် အဆင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ လောကာနန္ဒာစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။ 


ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်၏ မူဝါဒနှင့်အညီ ပြည်နယ်၏စီးပွားရေး၊ ပညာရေး၊ လူမှု ရေး  ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်  အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း    အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ အာဟာရပြည့်ဝခြင်း သည် လူတစ်ဦးတစ်ယောက်၊ မိသားစုတစ်ခုကစ၍  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် အခန်းကဏ္ဍတွင်တည်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော် မှာ စားနပ်ရိက္ခာလုံခြုံရေး၊ စားရေရိက္ခာပေါများရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊  ပြည်သူ များ    အာဟာရပြည့်ဝရန်အတွက်     အစားအစာ လက်လှမ်းမီရရှိရန် လိုအပ်သကဲ့သို့ အစာအာဟာရ အကြောင်း သိနားလည်ရန်၊ လိုက်နာကျင့်သုံးရန်နှင့်  ရွေးချယ်ချက်ပြုတ် စားသုံးတတ်ရန်လည်း လိုအပ် မည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် စာရင်းဇယားအချက် အလက်များအရ    ရခိုင်ပြည်နယ်တွင်      လူဦးရေ ၃ ဒသမ ၃ သန်းကျော်ရှိရာတွင် ကိုယ်ဝန်ဆောင်မိခင် ပေါင်း ၆၃၆၈၃ ဦး၊ အသက်တစ်နှစ်အောက် ကလေး ငယ် ၅၉၅၄၉ ဦး၊ အသက်ငါးနှစ်အောက် ကလေးငယ် ၃၁၂၃၆၄ ဦးရှိကြောင်း သိရှိရသည့်အတွက် ပြည်နယ် လူဦးရေ၏ ၁၅ ရာခိုင်နှုန်းခန့်မှာ ကိုယ်ဝန်ဆောင် မိခင်နှင့် အသက်ငါးနှစ်အောက် ကလေးများဖြစ်၍  ၎င်းတို့၏ ကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို အလေးအနက်ထား ဆောင်ရွက်ပေး  ကြစေလိုကြောင်း၊      နိုင်ငံတော်အနေဖြင့်လည်း  နှစ်စဉ် ဩဂုတ်လရောက်တိုင်း ကမ္ဘာ့မိခင်နို့တိုက် ကျွေးရေး   ရက်သတ္တပတ်နှင့်   အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအဖြစ် သတ်မှတ်ပြီး ဆောင်ရွက် လျက်ရှိကြောင်းနှင့်   ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်  နိုင်ငံတော် တည်ဆောက်ရာတွင် မရှိမဖြစ်လိုအပ် သော ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော  လူငယ်များ၊ ဗလငါးတန်နှင့် ပြည့်စုံသည့်လူငယ်များ  မွေးထုတ်ပေးနိုင်ရန်၊ ပြည်သူများအားလုံး သက်ရှည် ကျန်းမာရန်အတွက် အခြေခံကျပြီး အရေးပါသော အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။


ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှူး ဒေါက်တာ ကြည်လွင်က အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ       ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီး ချုပ်၏ဇနီး၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု  ကြီးကြပ်ရေးအဖွဲ့နာယက    ဒေါ်ဆွေဆွေမြတ်နှင့် တာဝန်ရှိသူများက တန်ဖိုးနည်း အာဟာရချက်ပြုတ် ပြိုင်ပွဲဆု၊ မိခင်နို့တိုက်ကျွေးမှုစံပြမိခင်ဆု၊ အာဟာရ သားကောင်းမိခင်စံပြဆု၊ ကျန်းမာပြည့်ဝအာဟာရ ကလေးစံပြဆု၊ဘဝရှေ့ဆောင်ရက် (၁၀၀၀) စံပြဆု နှင့် ကျန်းမာဉာဏ်ရွှင်သားကောင်းမိခင်ဆု ရရှိကြသူ များအား    ဆုများပေးအပ်ကြပြီး   အလှူရှင်များက  ရခိုင်ပြည်နယ်    မိခင်နှင့်   ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့သို့ အလှူငွေများ ပေးအပ်လှူဒါန်း ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက အသက်ငါးနှစ်အောက် ကလေး ငယ်များအား ဗီတာမင်အေဆေးလုံးများ တိုက်ကျွေး ပြီး   ကိုယ်ဝန်ဆောင်မိခင်များအား   အဏုအာဟာရ ဆေးပြားများ ပေးအပ်ကာ အထိမ်းအမှတ်ပြခန်းများ၊  တန်ဖိုးနည်း     အာဟာရပြည့်ဝသည့်    အစားအစာ ပြင်ဆင်ချက် ပြုတ်သရုပ်ပြသမှုများကို လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။


တင်ထွန်း(ပြန်/ဆက်)