မိုခါဆိုင်ကလုန်းမုန်တိုင်း ဘေးသင့်ဒေသများအတွက် အလှူငွေများပေးအပ်

 

နေပြည်တော်  ဩဂုတ်  ၂၂


မိုခါဆိုင်ကလုန်းမုန်တိုင်း ဘေးသင့် ဒေသများအတွက်    မြန်မာသံရုံး တိုကျိုမြို့မှတစ်ဆင့်     တိုကျိုမြို့ အခြေစိုက်  Asia-Pacific Ladies Friendship   Society    (ALFS) အသင်းကြီးက      လှူဒါန်းသည့် ဂျပန်ယန်း၊  နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ဝန်ထမ်းများ၊  ပြည်ပရောက် မြန်မာနိုင်ငံသားများ၊  မြန်မာသံရုံး များ၊     မိတ်ဖက်နိုင်ငံခြားကုမ္ပဏီ များမှ   လှူဒါန်းသည့်    အလှူငွေ (နိုင်ငံခြားသုံးငွေ- ၅ မျိုး)    နှင့်  မြန်မာကျပ်ငွေလှူဒါန်းပွဲ   အခမ်း အနားကို   ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ      သဘာဝဘေး အန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှုဗဟို ဌာန(DMC)၌ ကျင်းပသည်။


အခမ်းအနားသို့  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး      ဒေါက်တာစိုးဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့်  တာဝန် ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ    နိုင်ငံခြားရေးဝန်ကြီး ဌာန  ဒုတိယဝန်ကြီးက  လှူဒါန်းရ ခြင်းနှင့်စပ်လျဉ်း၍      ရှင်းလင်း ပြောကြားပြီး        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက      ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ထို့နောက်     နိုင်ငံခြားရေး ဝန်ကြီးဌာန    ဒုတိယဝန်ကြီးက အလှူငွေများကို     ပေးအပ်ရာ  လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန        ပြည်ထောင်စုဝန်ကြီး က    လက်ခံရယူပြီး   ဂုဏ်ပြု မှတ်တမ်းလွှာ  ပြန်လည်ပေးအပ် သည်။


ယနေ့  လှူဒါန်းပွဲတွင်  မြန်မာ သံရုံး  တိုကျိုမြို့မှတစ်ဆင့် တိုကျို မြို့အခြေစိုက် Asia-Pacific Ladies Friendship  Society    (ALFS) အသင်းကြီးက        ဂျပန်ယန်း ၆၂၁၀၀၀ နှင့်ညီမျှသည့်   မြန်မာ ငွေကျပ် ၉၃၁၅၀၀၀၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ     ဝန်ထမ်းများ၊ ပြည်ပရှိ    မြန်မာသံရုံး၊    မြန်မာ အမြဲတမ်း  ကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှ ဝန်ထမ်းများ၊   ပြည်ပနိုင်ငံများရှိ မြန်မာနိုင်ငံသားများ၊  ကုမ္ပဏီများ၊ အဖွဲ့အစည်းများက     မြန်မာ ငွေကျပ်(၆) သိန်းနှင့်    နိုင်ငံခြား ငွေ ၅ မျိုးနှင့်ညီမျှသည့် မြန်မာ ငွေကျပ်   ၈၃၅၁၄၀၀၀   လှူဒါန်းခဲ့ သည်။


မိုခါ    ဆိုင်ကလုန်းမုန်တိုင်း ပြန်လည်ထူထောင်ရေး    လုပ်ငန်း များကို ကဏ္ဍအလိုက်၊  ဦးစားပေး အဆင့်အလိုက်  ဆောင်ရွက်လျက် ရှိပြီး  နိုင်ငံတကာ အသိုင်းအဝိုင်း များမှ လှူဒါန်းထောက်ပံ့မှုများကို ဘေးသင့်ဒေသများသို့ အမြန်ဆုံး ပို့ဆောင်    ဖြန့်ဝေပေးလျက်ရှိ ကြောင်းနှင့်   အကျိုးရှိထိရောက် စွာ    အသုံးပြုဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 


သတင်းစဉ်