အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်များထုတ်ပေး

 

ရန်ကုန်    ဩဂုတ်    ၂၂


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် လူမှုဖူလုံရေးရုံး တွင်  အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက်  အကျိုးခံစားခွင့် ငွေလုံးငွေရင်းထုတ်ပေးခြင်းကို ယနေ့ နံနက် ၁၁ နာရီက တိုင်းဒေသ ကြီး လူမှုဖူလုံရေးရုံး၌ကျင်းပရာ တိုင်းဒေသကြီးရုံး ဒုတိယတာဝန်ခံအရာရှိလက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းလွင်က ၂၀၁၂ ခုနှစ် လူမှု ဖူလုံရေးဥပဒေပါအကျိုးခံစာခွင့်များအကြောင်း ရှင်းလင်းဆွေးနွေးသည်။ 


ဆက်လက်၍ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ဇော် ပလတ်စတစ်စက်ရုံမှ အာမခံ အလုပ်သမား   ဦးခင်မောင်ထွန်းသည်  ၁၄ - ၆ - ၂၀၂၃  ရက်က စက်ရုံ အတွင်း လုပ်ငန်းတာဝန်ထမ်းဆောင်နေစဉ် သေဆုံးခဲ့သည့်အတွက်ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၇၅၀၀၀၀၀ ကို ညီမဖြစ်သူ ဒေါ်အိအိခိုင်ထံသို့  ပေးအပ်ခဲ့ကြောင်း သိရသည်။


အေးမိုး(ပြန်/ဆက်)