ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲအား လက်ခံတွေ့ဆုံ

 

နေပြည်တော်    ဩဂုတ်    ၂၂

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် အပြည်ပြည်ဆိုင်ရာ  ရွှေ့ပြောင်းသွားလာရေးအဖွဲ့  (International Organization for Migration-IOM)၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Dragan Aleksoski ကို ယနေ့ နံနက်  ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာကဏ္ဍတွင် IOM မှ မြန်မာ ပြည်သူများအတွက် အကူအညီပေးအပ်မှုများနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ် တို့အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် IOM ဘက်မှ စီမံကိန်းမန်နေဂျာ Mr. Euan McDougall တို့ တက်ရောက်ကြသည်။          

သတင်းစဉ်