
ရန်ကုန် ဩဂုတ် ၁၉
၂၀၂၃ အာဆီယံ ယူ-၂၃ ချန်ပီယံ ရှစ်ပြိုင်ပွဲ အုပ်စု (က) ဒုတိယနေ့ကို သြဂုတ် ၁၉ ရက်က ထိုင်းနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာ အသင်းနှင့် ကမ္ဘောဒီးယားအသင်း တစ်ဂိုးစီသရေကျခဲ့သည်။
မြန်မာအသင်းအတွက် ဆီမီး ဖိုင်နယ်တက်ရောက်ရေး မျှော်လင့် ချက်နည်းသွားသည့် ပွဲဖြစ်ခဲ့ပြီး သရေကျခဲ့၍သာ အခွင့်အရေး အနည်းငယ် ကျန်ရှိနေခြင်းဖြစ် သည်။ မြန်မာအသင်းသည် ယခုပွဲ တွင်လည်း ဆက်လက်ရုန်းကန် ခဲ့ရပြီး တိုက်စစ်ပိုင်း အဆုံးသတ် အားနည်းမှု၊ ခံစစ်ပိုင်းအားနည်းမှု များကြောင့် နိုင်ပွဲရရန် ရုန်းကန်ခဲ့ ရခြင်းဖြစ်သည်။
မြန်မာအသင်းသည် ပွဲထွက် လူစာရင်းကို အပြောင်းအလဲ အနည်းငယ်သာ ပြုလုပ်ခဲ့ပြီး ပြည့်ဖြိုးသူ (ဂိုး)၊ သက်ဟိန်းစိုး၊ လတ်ဝေဘုန်း၊ အာကာကျော်၊ ချစ်အေး၊ စိုးမင်းဦး၊ စွမ်းထက်၊ ခွန်ကျော်ဇင်ဟိန်း၊ ရှင်းသန့် အောင်၊ မိုးဆွေအောင်၊ သန်းတိုး အောင်တို့ ပါဝင်ကစားခဲ့သည်။ ပွဲအစ ၁၃ မိနစ်တွင် ကမ္ဘောဒီးယား အသင်းက ဂိုးစတင်ရရှိခဲ့ပြီး
ကောင်လေဟော်က အဝေးကန် ချက် ဖြင့် သွင်းယူခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် မြန်မာ အသင်းချေပဂိုးရရန် ကြိုးပမ်းခဲ့ သော်လည်း အဆုံးသတ်အားနည်း မှုကြောင့် ချေပဂိုးနှင့် ဝေးခဲ့ရ သည်။ မြန်မာအသင်းခံစစ်မှာ ယခုပွဲတွင်လည်း အမှားများဆဲ ဖြစ်ပြီး ကမ္ဘောဒီးယားအသင်းက အခွင့်အရေးများ ထပ်ရသော် လည်း အသုံးမချနိုင်သဖြင့် သက်သာခဲ့ရသည်။ မြန်မာအသင်း အတွက် ချေပဂိုးကို ၈၈ မိနစ်တွင် ခွန်ကျော်ဇင်ဟိန်းက သွင်းယူခဲ့ သည်။
ယခုပွဲအပြီးတွင် အုပ်စု (က) ၌ ထိုင်းအသင်းက ခြောက်မှတ်၊ ကမ္ဘောဒီးယား အသင်းက လေးမှတ်၊ မြန်မာအသင်းက တစ်မှတ်ရရှိထားကာ ဘရူနိုင်း အသင်းမှာမူ အမှတ်မရသေးပေ။ မြန်မာအသင်းသည် အုပ်စု နောက်ဆုံးပွဲအဖြစ် သြဂုတ် ၂၁ ရက်တွင် ဘရူနိုင်းအသင်းနှင့် ကစားရမည်ဖြစ်သည်။
ရဲရင့်လွင်
ဓာတ်ပုံ-CFF