
ရန်ကုန် ဩဂုတ် ၁၉
မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ ချုပ်က ကြီးမှူး၍ Myanmar Martial Arts Group က ကျင်းပ မည့် အဋ္ဌမအကြိမ်မြောက် မြန်မာ့ ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ ကြီး စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန် မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံ ရိုးရာ လက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ တင်အောင်လွင်က အမှာစကား ပြောကြားသည်။ ထို့နောက် Myanmar Martial Arts Group မှ မန်နေဂျင်းဒါရိုက် တာ ဦးဝဏ္ဏက ပြိုင်ပွဲနှင့်ပတ်သက် ၍ ရှင်းလင်းပြောကြားပြီး SkyNet ရုပ်သံမှ ပြိုင်ပွဲရိုက်ကူးရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။၊
“ကျွန်တော်နဲ့ သွေးသစ်ဝင်း လှိုင်က ရန်သူတွေလည်း မဟုတ် ပါဘူး။ ကိုယ့်မြန်မာပြည်သား အချင်းချင်းတွေပဲ၊ ဒီပွဲကလည်း ချန်ပီယံဂုဏ်ပုဒ် တစ်ခုအတွက် ထိုးကြမှာဖြစ်ပါတယ်။ မကျေပွဲ လို့လည်း ပြောလို့ရပါတယ်” ဟု ထွန်းထွန်းမင်းက ပြောသည်။
“ဒီပြိုင်ပွဲက စိုးလင်းဦးနဲ့ ပြိုင်ပွဲပေါ့။ စိုးလင်းဦး လေ့ကျင့် ရင်းနဲ့ ဒဏ်ရာရသွားတော့ အများ ကြီး ပြင်ဆင်ထားပါတယ်။ နိုင်ငံ ခြားသားဖြစ်တဲ့အတွက် အများ ကြီး ကိုယ်အတွက် အားတစ်ခုဖြစ် တာပေါ့။ ဒီကစားသမားကလည်း မွေထိုင်းဖိုက်တာ ဖြစ်တယ်။ ဝမ်းချန်ပီယံရှစ်မှာ သိရသလောက် တော့ နိုင်ပွဲများတယ်။ကစားတာကောင်းတယ်။ ကိုယ့်အတွက် အများကြီးခက်ခဲမယ့် ပြိုင်ဘက် ဆိုလည်း မမှားဘူး။ ဒါကြောင့် ကိုယ်ဘက်က အများကြီးပြင်ဆင် ပြီးတော့ ကိုယ်ကလည်း ဝမ်းကို သွားချင်တာကို။ ဝမ်းချန်ပီယံရှစ် ကစားသမားနဲ့ ထိုးရတာဖြစ်လို့ ကိုယ့်အတွက် အများကြီးပွဲကောင်း တစ်ပွဲဖြစ်မှာပါ။ လက်ဝှေ့ကစား သမားကိုယ်စား ဒီထက်မက ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု ထိုင်းကစားသမား အာဝသန် နှင့် ယှဉ်ပြိုင် ထိုးသတ်မည့် ကျော်စွာဝင်းက ပြောသည်။
“ကျွန်တော်တို့ နှစ်ယောက်ရဲ့ ပွဲကို ပရိသတ်တွေအတွက် ရသ အကောင်းဆုံး ပေးနိုင်အောင် ကြိုးစားသွားမှာပါ။ မစ္စတာတိုကဲရှီ ကိုအစကတည်းက သိပါတယ်၊ သူက ကျွန်တော့်အစ်ကို ထွန်းမင်း လတ်နဲ့လည်း ထိုးဖူးပါတယ်။ သူက ဘယ်သန်ကစားသမား ဆိုတော့ ဘယ်ကို အားစိုက်ရတယ်။ အခြားပြိုင်ဘက်ကစားသမားတွေ နဲ့ဆို သူက အများကြီးကွာခြားပါ တယ်။ သူက အလွန်ကောင်းပါ တယ်။ ကျွန်တော်က ခြေကန်ချက် တွေကို အားသန်ပါတယ်။ ထိုးခဲ့တဲ့ ပွဲက ၁၆ ပွဲလောက်ရှိပြီ၊ ဒါနဲ့ဆို ၁၇ ပွဲမြောက်ပါ။ ၁၁ ပွဲနိုင်ပြီး ၅ ပွဲ သရေ၊ ရှုံးပွဲမရှိသေးပါဘူး။ ပြိုင်ပွဲ တစ်ခုမှာ အရှုံးနဲ့ အနိုင်ဆိုတာ ရှိတယ်ဆိုပေမယ့် ရှုံးပွဲမရှိတဲ့ စံချိန်ကို ဆက်ထိန်းသွားပါမယ်။ ဖြစ်အောင်လည်း ကြိုးစားရမှာပါ” ဟု ထွန်းမင်းအောင်က ပြောသည်။
“ကျွန်တော် မနက်က ဆေးစစ် ဝိတ်ချိန် အောင်မြင်သွားပြီဖြစ် တဲ့အတွက် အားရကျေနပ်ပါတယ်။ ဒီပွဲမှာအနိုင်ရမယ်လို့ ၁၀၀ ရာခိုင် နှုန်း ကျွန်တော် ထင်ပါတယ်။ မနက်ဖြန်မှာ ကျွန်တော်နဲ့ ထွန်း မင်းအောင် ထိုးမှာဖြစ်တဲ့အတွက် ကြောင့်မို့လို့ လာရောက်ကြည့်ရှု အားပေးကြပါလို့ ပြောလိုပါတယ်” ဟု တိုကဲရှီ(ဂျပန်)က ပြောသည်။
အဆိုပါပြိုင်ပွဲကြီး ငါးချီပွဲများ ၌ ၈၀ ကီလိုတန်းတွင် ထွန်းထွန်း မင်းနှင့် သွေးသစ်ဝင်းလှိုင်၊ ၇၅ ကီလိုတန်းတွင် ထွန်းမင်းအောင် (မြန်မာ) နှင့် တိုကဲရှီ (ဂျပန်)၊ ၇၁ ကီလိုတန်းတွင် ကျော်စွာဝင်း (မြန်မာ)နှင့် အာဝသန် (ထိုင်း)၊ ၆၃ ဒသမကီလိုတန်းတွင် စိန်လုံးချော နှင့် မိုးထက်အောင်တို့ ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်သည်။ ထို့ပြင် လေးချီစိန်ခေါ်ပွဲ၌ ၆၅ ကီလိုတန်း တွင် ဟံသာဝတီနှင့် စီတို၊ ၅၄ ကီလိုတန်းတွင် သိုင်းကျော်နှင့် ဝူသောဒိုတို့ ယှဉ်ပြိုင်ထိုးသတ်ကြ မည်ဖြစ်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲကို Skynet Sports 4 /HD ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည် ဖြစ် ကြောင်းသိရသည်။
အာကာစိုး