ယခုနှစ် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ဇူလိုင် ၂၀ ရက်ကနေ စတင်ကျင်းပလာတာဟာ အခု နောက်ဆုံးဗိုလ်လုပွဲကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဗိုလ်လုပွဲကိုတော့ အသင်းကြီး စပိန်နဲ့ အင်္ဂလန်အသင်းတို့ ဩဂုတ် ၂၀ ရက် တနင်္ဂနွေနေ့ ညနေ ၄ နာရီခွဲမှာ ယှဉ်ပြိုင် ကစားသွားမှာပါ။
ယခုနှစ် ဗိုလ်လုပွဲမှာ ဥရောပအသင်းအချင်းချင်း တွေ့ဆုံမှုဖြစ်တာကြောင့် ပြိုင်ဆိုင်မှုပြင်းထန်လာမှာ သေချာပါတယ်။
နှစ်သင်းစလုံးက ခံစစ်ပိုင်းကျစ်လျစ်မှုရှိပြီး တိုက်စစ်ကောင်းသလို ပိုပြီး အကြိတ်အနယ်ရှိလာမှာပါ။ ယနေ့ပွဲစဉ်မှာ အင်္ဂလန်အသင်းက အားထား ရတဲ့ တိုက်စစ်ကစားသမား လော်ရန်ဂျိမ်းစ် ပြန်လည်ပါဝင်လာမှာပါ။
မည်သို့ပင်ဆိုစေ စပိန်အသင်းရော အင်္ဂလန်အသင်းပါ ပထမဆုံး အကြိမ် ဗိုလ်လုပွဲကို တက်လှမ်းလာတာဖြစ်တဲ့အတွက် စံချိန်မှတ်တမ်း သစ်ရေးထိုးနိုင်ဖို့ အကောင်းဆုံးပြင်ဆင်လာမှာပါ။
ဒီနှစ်သင်း ၂၀၂၂ ခုနှစ် ဇူလိုင် ၂၁ ရက်က ယူရိုပြိုင်ပွဲကွာတား ဖိုင်နယ်မှာ တွေ့ဆုံထားပြီး အင်္ဂလန်အသင်းက အချိန်ပိုမှာ သွင်းယူရရှိ ခဲ့တဲ့ စတန်ဝေးရဲ့ သွင်းဂိုးကြောင့် နှစ်ဂိုး - တစ်ဂိုးနဲ့ အနိုင်ရရှိထားတယ်။ အဲဒီပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တယ်ဆိုပေမယ့် အင်္ဂလန်အသင်းထက် စပိန် အသင်းက သာလွန်တဲ့ စွမ်းဆောင်ရည်ထုတ်ပြနိုင်ခဲ့တာ တွေ့ရတယ်။
ဒါကြောင့် စပိန်အသင်းအနေနဲ့ ယူရိုကွာတားဖိုင်နယ်ရှုံးကြွေး ပြန်ဆပ်ကာ ကမ္ဘာ့ဖလားကို သိမ်းပိုက်ရယူသွားနိုင်မလား ဒါမှမဟုတ် အင်္ဂလန်အသင်းက ထပ်မံအနိုင်ယူကာ ဖလားဆွတ်ခူးသွားမလား ဆိုတာ ဩဂုတ် ၂၀ ရက်မှာ အဆုံးအဖြတ်ပေးသွားတော့မှာ ဖြစ်ပါ တယ်။
အောင်ဇော်