
၁။ ယှဉ်ပြိုင်ရန်သတ်မှတ်ထားသော ပြိုင်ပွဲအဆင့်
(က) ဝါသနာရှင်(ပထမတန်း)အဆင့်
( ခ ) ဝါသနာရှင်(ဒုတိယတန်း)အဆင့်
( ဂ ) အဆင့်မြင့်ပညာအဆင့်
(ဃ) အခြေခံပညာ(အသက် ၁၅ နှစ်ပြည့်မှ ၂၀ နှစ်အတွင်း)အဆင့်
( င ) အခြေခံပညာ(အသက် ၁၀ နှစ်ပြည့်မှ ၁၅ နှစ်အတွင်း)အဆင့်
၂။ ယှဉ်ပြိုင်ရန်သတ်မှတ်ထားသော ဘာသာရပ်များ
(က) အဆိုပြိုင်ပွဲ
(၁) မဟာဂီတ(အဆင့်အားလုံး)
(၂) ခေတ်ဟောင်းတေး/ကာလပေါ်(အဆင့်အားလုံး)
(၃) အမျိုးဂုဏ်၊ဇာတိဂုဏ်မြှင့်တင်ရေးတေးသီချင်းပြိုင်ပွဲ{ဝါသနာရှင်(ဒုတိယတန်း) အဆင့်၊ အဆင့်မြင့်ပညာအဆင့်}
( ခ ) အကပြိုင်ပွဲ
(၁) အကပြိုင်ပွဲ(အမျိုးသား၊ အမျိုးသမီး)(အဆင့်အားလုံး)
(၂) မြန်မာအကအခြေခံကဗျာလွတ်အက (ပထမအဆင့်)(အမျိုးသမီး) ၁၆ ဦး ယိမ်းအက ပြိုင်ပွဲ(အခြေခံပညာ အသက် ၁၀ နှစ်ပြည့်မှ ၁၅ နှစ်အတွင်းအဆင့်)
(၃) တိုင်းရင်းသားရိုးရာအက/ကျေးလက်ရိုးရာအကပြိုင်ပွဲ(တစ်ဖွဲ့လျှင် ၁၆ ဦး၊ ကြာမြင့်ချိန် အနည်းဆုံး ၅ မိနစ်မှ ၁၀ မိနစ်ထက်မပိုသော တေးသီချင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန်၊)
(၄) ရှမ်းတိုင်းရင်းသားရိုးရာအကပြိုင်ပွဲ(၁၆ - ဦး)
(၅) ဇာတ်တော်ကြီးပြိုင်ပွဲ၊ ဝါသနာရှင်(ပထမတန်း) အဆင့်တွင် မဟောသဓာဇာတ်တော် ကြီး(ပြိုင်ပွဲဝင်ရန်သတ်မှတ်ချိန်မှာ ၃ နာရီဖြစ်ပြီး ပြိုင်ပွဲဝင်အင်အားမှာ တစ်ဖွဲ့လျှင် ဆိုငိုပြောနှင့်အခြားပညာရှင်၂၃ ဦး၊ ဆိုင်း ၇ ဦး စုစုပေါင်း ၃၀ ဦး ယှဉ်ပြိုင်ရန်၊)
(၆) ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲ၊ ဝါသနာရှင်(ပထမတန်း)အဆင့်တွင် ပညာရွှေအိုးဇာတ် (ပြိုင်ပွဲဝင်ရန် သတ်မှတ်ချိန်မှာ ၁နာရီ ၃၀ မိနစ်ဖြစ်ပြီး ပြိုင်ပွဲဝင်အင်အားမှာ တစ်ဖွဲ့လျှင် ကြိုးဆွဲနှင့် ဆိုငိုပြောပညာရှင် ၁၃ ဦး၊ ဆိုင်း ၇ ဦးဖြင့် စုစုပေါင်း ၂၀ ဦး ယှဉ်ပြိုင်ရန်၊)
(၇) ရုပ်သေးကြိုးဆွဲပြိုင်ပွဲ၊ ဝါသနာရှင်(ဒုတိယတန်း)အဆင့် (အမျိုးသား၊ အမျိုးသမီး) (မင်းသားနှင့် မင်းသမီးရုပ်ဖြင့်ယှဉ်ပြိုင်ရန်၊ )
(၈) ကွက်စိပ်ပြိုင်ပွဲ
(ကက) ဝါသနာရှင်(ပထမတန်း)အဆင့်(အမျိုးသား)၊ တိလမုဋ္ဌိဇာတ်၊
( ခခ ) ဝါသနာရှင်(ဒုတိယတန်း)အဆင့်(အမျိုးသား)၊ သသပဏ္ဍိတဇာတ်။
( ဂ ) အရေးပြိုင်ပွဲ
(၁) ဝါသနာရှင်(ပထမတန်း)အဆင့် (အမျိုးသား/အမျိုးသမီး)
(၂) ဝါသနာရှင်(ဒုတိယတန်း)အဆင့် (အမျိုးသား/အမျိုးသမီး)
(၃) အဆင့်မြင့်ပညာအဆင့် (အမျိုးသား/အမျိုးသမီး)
(၄) အခြေခံပညာ(အသက် ၁၅နှစ်ပြည့်မှ၂၀နှစ်အတွင်း)အဆင့်(အမျိုးသား/ အမျိုးသမီး)
(ဃ) အတီးပြိုင်ပွဲ
(၁) စောင်း - တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
(၂) စန္ဒရား - တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
(၃) ပတ္တလား - တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
(၄) တယော - တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
(၅) မယ်ဒလင် - တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
(၆) ဂီတာ - တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
(၇) ဒုံမင်း - တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
(၈) ဆိုင်းတစ်ဦးချင်း - တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
(၉) ဆိုင်းဝိုင်းကြီးအဖွဲ့လိုက် - အဖွဲ့လိုက်(အမျိုးသား-၈ ဦး၊ အမျိုးသမီး - ၈ ဦး)
(၁၀) နှဲ - တစ်ဦးချင်း(အမျိုးသား)
(၁၁) ပလွေ - တစ်ဦးချင်း(အမျိုးသား)
(၁၂) အိုးစည် - အဖွဲ့လိုက်(အမျိုးသား - ၅ ဦး)
(၁၃) ဒိုးပတ် - အဖွဲ့လိုက်(အမျိုးသား - ၆ ဦး)
မှတ်ချက်။ အိုးစည်ပြိုင်ပွဲနှင့် ဒိုးပတ်ပြိုင်ပွဲများတွင် ဝါသနာရှင်(ပထမတန်း)အဆင့်၊ ဝါသနာရှင် (ဒုတိယတန်း)အဆင့်၊ အဆင့်မြင့်ပညာအဆင့်နှင့် အခြေခံပညာ (အသက် ၁၅ နှစ်ပြည့်မှ ၂၀ နှစ်အတွင်း)အဆင့်တို့ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကျန်အတီးပြိုင်ပွဲများတွင် အဆင့်အားလုံး ယှဉ်ပြိုင်ရန်။)
(ဆက်လက်ဖော်ပြပါမည်)