ပရီမီယာလိဂ်ပွဲစဉ် (၂) စပါးနှင့် မန်ယူ၊ ဝက်စ်ဟမ်းနှင့် ချယ်ဆီး၊ ပဲလေ့စ်နှင့် အာဆင်နယ်တွေ့ဆုံ

 

ယခုတစ်ပတ် ပရီမီယာလိဂ်ပွဲစဉ် (၂) မှာ စပါးနဲ့  မန်ယူ၊ ဝက်စ်ဟမ်းနဲ့ ချယ်ဆီး၊ ပဲလေ့စ်နဲ့ အာဆင်နယ် စတဲ့အသင်းတွေ ထိပ်တိုက်တွေ့ဆုံတဲ့ ပွဲစဉ်တွေ ပါဝင်ပါတယ်။
မန်ယူက ပြီးခဲ့တဲ့ပွဲမှာ ဝုဖ်ကို အနိုင်ရရှိခဲ့တယ်ဆိုပေမယ့် ခြေစွမ်းက အားရစရာမရှိဘူး။  စပါးက   ဘရန့်ဖို့ဒ်နဲ့ပွဲမှာ သ‌ရေကျခဲ့တယ်ဆိုပေမယ့် ခြေစွမ်းထက်မြက်မှုရှိတယ်။   မန်ယူထက်  စပါးအသာရဖွယ်ရှိတယ်။ အဆိုပါပွဲကို ဩဂုတ် ၁၉ ရက် ည ၁၁ နာရီမှာ ယှဉ်ပြိုင်မှာပါ။
အဖွင့်ပွဲစဉ်မှာ   ဗီလာရော   အဲဗာတန်ပါ  ရှုံးနိမ့်ထားတာကြောင့် နှစ်သင်းစလုံး နိုင်ပွဲရရေးဦးတည်လာမှာပါ။ နည်းပြ အူနိုင်းအမ်မရီရဲ့   ဗီလာအသင်း   ခြေစွမ်းက   ဒိုက်ချီကိုင်တွယ်တဲ့  အဲဗာတန်အသင်းထက်  ခြေစွမ်းကောင်းမွန်မှုရှိတယ်။  သို့သော်ငြား   ရရှိလာမယ့်အခွင့်အရေး ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ရင်    ဗီလာအသင်း    အရေးနိမ့်ဖွယ်ရှိတယ်။ ယင်းပွဲကို ဩဂုတ် ၂၀ ရက် ည ၇ နာရီခွဲမှာ ယှဉ်ပြိုင်မှာပါ။
ကစားသမားခေါ်ယူမှုမှာ  ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ ကြေးအသုံးပြု  ထားတဲ့ ချယ်ဆီးအနေနဲ့ ဝက်စ်ဟမ်းကို မဖြစ်မနေနိုင်ပွဲရယူဖို့ ကြိုးစား လာမှာပါ။ ဝက်စ်ဟမ်းကလည်း အားထားရတဲ့  ကစားသမားအစုံအလင် နဲ့   ပွဲထွက်လာပြီး   ရလဒ်ကောင်းရရှိရေး ခြေကုန်ထုတ်လာမှာဖြစ်တာ ကြောင့်  ပြိုင်ဆိုင်မှုပြင်းထန်ဖွယ်ရှိတယ်။  သို့သော်လည်း ချယ်ဆီးအသာ ရဖွယ်ရှိတယ်။ အဆိုပါပွဲကို ဩဂုတ် ၂၀ ရက် ည ၁၀ နာရီမှာ ယှဉ်ပြိုင်မှာပါ။
နိုင်ပွဲရရှိထားတဲ့ အသင်းနှစ်သင်း ဆုံတွေ့မှုဖြစ်တာကြောင့် ပရိသတ်  အကြိုက် ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။  အာဆင်နယ်က  ပြီးခဲ့တဲ့ပွဲမှာ  ခြေစွမ်းကောင်းတချို့   ပြသနိုင်ခဲ့ပေမယ့်  အခွင့်အရေးဖန်တီးမှုပိုင်းနဲ့  တိုက်စစ် အဆုံးသတ်ပိုင်းမှာ      အတော်လေးအားနည်းတာတွေ့ရတယ်။   ဒါကြောင့် ပုံမှန်ထက် ခြေစွမ်းကျဆင်းခဲ့ရင်    ပဲလေ့စ် အောင်ပွဲခံသွားဖွယ် ရှိတယ်။ ယင်းပွဲကို ဩဂုတ် ၂၁ ရက် နံနက် ၁ နာရီခွဲမှာ ယှဉ်ပြိုင်မှာပါ။
လင်းလက်ကြယ်