သာသနာတော် ထိခိုက်ညှိုးနွမ်းစေရန် ဖန်တီးပုံဖော်၍ ရုပ်ရှင်ဇာတ်လမ်း ရိုက်ကူးခဲ့သူများအား ဖမ်းဆီးအရေးယူ

 

နေပြည်တော်   ဩဂုတ်    ၁၈ 
လူမှုကွန်ရက်  စာမျက်နှာများ ဖြစ်သည့် isi Dhamma Youtube Channel  နှင့် Tiktok  တို့တွင် ဇူလိုင် ၂၄ ရက်က  ဗုဒ္ဓဘာသာ၊ သာသနာတော်နှင့်  သံဃာတော် များအပေါ်    အထင်အမြင်လွဲမှား စေရန်   ဖန်တီးပုံဖော်ထားသည့်  “ဘာမှမမျှော်လင့်ပါနဲ့   (Don’t expect anything!)”    အမည်ရှိ   ဇာတ်လမ်းစတင်ပျံ့နှံ့ခဲ့ရာ အဆိုပါ ဇာတ်လမ်းတွင်  အမျိုးသမီးငယ် တစ်ဦးက   ဗုဒ္ဓဘာသာဝင်တို့၏    ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ် အလာများကို    ထိခိုက်ညှိုးနွမ်း စေပြီး     ရဟန်း     သံဃာတော် များ၏       အကျင့်သီလအား   ပုတ်ခတ်စော်ကားသော  အပြော အဆိုနှင့်   ရိုင်းပျသည့်    စကားလုံး အသုံးအနှုန်းများ        ထည့်သွင်း ပြောဆိုသွားခဲ့ကြောင်း  တွေ့ရှိခဲ့ရ သည်။  
အဆိုပါဇာတ်လမ်းတွင် ပါဝင်  ခဲ့သူများအား ဥပဒေအရအရေးယူ နိုင်ရေး ဆောင်ရွက်ခဲ့ရာ ဩဂုတ်  ၈ ရက်တွင် ဇာတ်ညွှန်း၊ ဒါရိုက်တာ ဖြစ်သူ   ဆွစ်ဇာလန်နိုင်ငံသား Didier Nusbaumer နှင့် သရုပ် ဆောင်များဖြစ်သည့်   ဆန်းဝင်း (ခ) ဦးဇာနိန္ဒ၊    ယွန်းအိခင်(ခ)ယွန်းယွန်း၊  ဇာနည်ဦး၊ ဝင်းမိုး၊  ကျော်သက်ထွေး(ခ)ဖိုးထူး၊ ရဲလင်း  ထွန်း (ခ)ကိုရဲ၊   ချမ်းချမ်းမေ(ခ)ခင်ရူပါရှင်းသန့်၊  ရွှေရည်ဝင်း(ခ)ကဲကဲ၊     ကောင်းစံထွန်း(ခ) ကြယ်စင်၊     မိုးပြည့်ပြည့်သူ(ခ)ဂျူးဂျူးစံ၊        ခါတော်မီ(ခ)ခါခါ၊ ဖြိုးမောင်မောင် (ခ)ဂျိုးဆက်သွင်၊ ဉာဏ်လင်းဖြိုး   (ခ)   ဘရိုင်ယန်     စသည့်    တရားခံ   ၁၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။ 
ဖမ်းဆီးရမိ  တရားခံများ၏  ထွက်ဆိုချက်များအရ ဆွစ်ဇာလန်  နိုင်ငံသား    Didier    Nusbaumer  သည်    “ဘာမှမမျှော်လင့်ပါနဲ့ (Don’t   expect   anything!)” ဇာတ်လမ်းအား      ၎င်းကိုယ်တိုင်   ဗုဒ္ဓဘာသာဝင်     ရဟန်းသံဃာ တော်များ၏  သိက္ခာ၊  ကိုယ်ကျင့် တရားများကို   ထိခိုက်ကျဆင်း စေသည့် စကားလုံးအသုံးအနှုန်း များဖြင့်    ဇာတ်ညွှန်းရေးသား၍   ကိုယ်တိုင် ရိုက်ကူးတည်းဖြတ်ကာ ဇူလိုင် ၂၄ ရက်တွင်   isi   Dhamma Youtube Channel  မှတစ်ဆင့် လွှင့်တင်ခဲ့ခြင်း    ဖြစ်ကြောင်း၊ ဇာတ်လမ်းတွင်     ပါဝင်သရုပ် ဆောင်သူများ၏  သရုပ်ဆောင် ချက်၊ ပြောကြားချက်၊  စကားလုံး အသုံးအနှုန်းများသည်  ဒါရိုက်တာ ဖြစ်သူ   Didier Nusbaumer       ကိုယ်တိုင်    ရေးသားထားသော ဇာတ်ညွှန်းများအတိုင်း ပြောဆို ခဲ့ရခြင်းဖြစ်ကြောင်း   ဖော်ထုတ် သိရှိရသည်။
ဇာတ်လမ်း၏     အဓိကအခန်း ကဏ္ဍတွင်   ပါဝင်သရုပ်ဆောင်ခဲ့သူ များအနေဖြင့်   ၎င်းတို့ကိုယ်တိုင် ဗုဒ္ဓဘာသာဝင်များ    ဖြစ်ပါလျက်  ကိုယ်အမူအရာ၊    နှုတ်အမူအရာ ဖြင့်      ရဟန်းသံဃာတော်များ၏ ဂုဏ်သိက္ခာနှင့်     ကိုယ်ကျင့်တရား များကို    ထိခိုက်ကျဆင်းစေသည် အထိ    ဆင်ခြင်တုံတရားမဲ့စွာ  ပြုမူ   ဆောင်ရွက်ခဲ့ကြသည့်အပြင် ဇာတ်လမ်းကို    ကြည့်မြင်ရသည့် ဗုဒ္ဓဘာသာဝင်တို့၏  စိတ်နှလုံးကို ထိခိုက်စေပြီး ကိုးကွယ်ယုံကြည်မှု နှင့်   ဘာသာ၊    သာသနာကို စော်ကားသည့်     အပြုအမူများ သက်ရောက်ခဲ့ကြောင်း    စိစစ် တွေ့ရှိ ရသဖြင့်      အထက်ဖော်ပြပါ   ဖမ်းဆီးရမိ    တရားခံများအား တရားဥပဒေနှင့်အညီ   ထိရောက် စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်