
သုံးပါးရတနာနှင့် ဗုဒ္ဓဥယျာဉ်သာ
သုံးပါးရတနာ
a လူနတ်နှင့်ဗြဟ္မာရွာ
နဂါးရွာ ဂဠုန်ရပ်
သိမှတ်ရတနာ၊
အရပ်ရပ်မယှဉ်သာ
ရတနာမြတ်သုံးပါး၊
မြတ်ထက်မြတ် လွန်ထင်ရှား
ဖူးကြစို့လား။
ဘုရားရတနာ
a မဟိမာဘုန်းတော်မြတ်
ရည်မှတ်လို့ ရှိကော်ရော်
ရုပ်ပွားတော် “မာရဝိဇယ”
ဦးချပူဇော်၊
ပမာဏကြီးမြတ်ဉာဏ်တော်
ကမ္ဘာပေါ်တူမရှိ၊
ဖူးမြော်ရန် လာပါဘိ
နေပြည်တော်ညာကြေသိ
ဒက္ခိဏသီရိ။
တရားရတနာ
a ကုသိုလ်တော်ပမာထပ်
ပိဋကတ်ကျောက်စာရုံ
စေတီပုံ ရတနာတစ်ပါး
ဝပ်တွားကြည်ယုံ၊
ဦးတင်သ လက်ကြာငုံ
အစုံစုံဖူးမဝ
ရေတွက်ခါ ဦးနှိမ်ချ
ခွန်နှစ်သုည။
သံဃာရတနာ
a မြတ်နိုးဖွယ် စဉ်ထာဝရ
စောင့်ရှောက်ရ စဉ်မကွာ
ကျောင်းတော်သာ “မာရဝိဇယ”
ထိကရမြင်သာ၊
သီတင်းသုံး ထေရ်သံဃာ
ဖူးစရာရတနာတစ်ပါး၊
ဥယျာဉ်သာမှာထင်ရှား
ဦးချဝပ်တွား။
ဗုဒ္ဓဥယျာဉ်သာ
a ဂန္ဓကုဋိ ဇရပ် သိမ်ကျောင်း
ခေါင်းလောင်းနှင့် ဗောဓိပင်
လင်းလွန်းပင် အင်ကြင်းတော
သာမောစုံလင်၊ မုစလိန္ဒကန်ကြည်လင်
ရှိဦးတင် နဂါးရုံဘုရား
တံခွန်တိုင် မြင့်မြင့်မား
ကူးကြမယ် မင်္ဂလာတံတား
ဂြိုဟ်နံပြေ စုံဘုရား
ရေသပ္ပာယ် သဒ္ဓါပွား
ဖူးကြအများ။ ။